ရွမ္းျပည္နယ္အေရွ႕ပိုင္းနွင့္နယ္စပ္ လာအိုႏုိင္ငံမွ လွ်ပ္စစ္ဓါတ္အား ဝယ္ယူျဖန္႔ျဖဴးေရး ျမန္မာကိုယ္စားလွယ္အဖြဲ႕ သြားေရာက္ေဆြးေႏြးေန

ရွမ္းျပည္နယ္အေရွ႕ပိုင္းနွင့္နယ္စပ္ လာအိုႏုိင္ငံမွ လွ်ပ္စစ္ဓါတ္အား ဝယ္ယူျဖန္႔ျဖဴးေရး ျမန္မာကိုယ္စားလွယ္အဖြဲ႕ သြားေရာက္ေဆြးေႏြးေန
ဖေဖော်ဝါရီ 15, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္းႏွင့္ နယ္နမိတ္ထိစပ္ေနသည့္ လာအိုႏုိင္ငံမွ လွ်ပ္စစ္ဓါတ္အား ဝယ္ယူျဖန္႔ျဖဴးေရးအတြက္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးဦးေဆာင္သည့္ ျမန္မာကိုယ္စားလွယ္အဖြဲ႕သည္ လာအိုႏုိင္ငံ၊ လန္ပရာဘန္ၿမိဳ႕သို႔ သြားေရာက္ေဆြးေႏြးေနေၾကာင္း သိရသည္။

လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခိုင္ ဦးေဆာင္ေသာ ျမန္မာကိုယ္စားလွယ္အဖြဲ႕သည္ လာအိုႏိုင္ငံ၊ လန္ပရာဘန္ၿမိဳ႕တြင္က်င္းပမည့္ ျမန္မာ-လာအို ႏွစ္ႏိုင္ငံ စြမ္းအင္ႏွင့္လွ်ပ္စစ္က႑ ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ ဝန္ႀကီးအဆင့္ေဆြးေႏြးပြဲႏွင့္ ဆက္စပ္လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတက္ေရာက္ရန္ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁၄) ရက္ေန႔က ထြက္ခြာသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာ- လာအို လွ်ပ္စစ္ႏွင့္စြမ္းအင္က႑ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ နားလည္မႈစာခြၽန္လႊာအား ၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလ (၁၅) ရက္ေန႔တြင္ လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္ၿပီး အဆိုပါ နားလည္မႈဆိုင္ရာ စာခြၽန္လႊာအရ ႏွစ္ဖက္ကိုယ္စားလွယ္မ်ားပါဝင္သည့္ ပူးေပါင္းေဆာင္႐ြက္ေရးေကာ္မတီႏွင့္ လုပ္ငန္းေကာ္မတီမ်ားဖြဲ႕စည္းကာ နယ္စပ္ျဖတ္ေက်ာ္ ဓာတ္အားဝယ္ယူေရာင္းခ်ေရး၊ နည္းပညာဖလွယ္ေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ အခြင့္အလမ္းမ်ားအား အျပန္အလွန္ ေဆြးေႏြးေနျခင္းျဖစ္ကာ လန္ပရာဘန္ၿမိဳ႕အစည္းအေဝးတြင္ ႏွစ္ႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ အခ်က္အလက္မ်ားဖလွယ္ေရးႏွင့္ ပူးေပါင္း ေဆာင္႐ြက္မႈတိုးျမႇင့္ေရးဆိုင္ရာ အခ်က္အလက္မ်ားအား ေဆြးေႏြးၾကမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းႏွင့္ နယ္နမိတ္ခ်င္းထိစပ္ေနသည့္ လာအိုႏုိင္ငံမွ လွ်ပ္စစ္ဓါတ္အား ဝယ္ယူျဖန္႔ျဖဴးႏုိင္ေရးနွင့္ လွ်ပ္စစ္ဓါတ္အားက႑ပူးေပါင္းေဆာင္ရြက္ေရးအတြက္ ျမန္မာ - လာအို အစိုးရခ်င္းခ်ိတ္ဆက္ေဆာင္ရြက္ေနျခင္းျဖစ္ၿပီး ရွမ္းျပည္နယ္အေရွ႕ပိုင္းအတြက္ ထုိင္းႏုိင္ငံမွ လွ်ပ္စစ္ဓါတ္အား ဝယ္ယူျဖန္႔ျဖဴးျခင္းကို ၿမိဳ႕ေကာ္မတီအေနျဖင့္ ေဆာင္ရြက္ေနရသျဖင့္ အစိုးရခ်င္း ခ်ိတ္ဆက္ေဆာင္ရြက္သည့္ စနစ္ ေျပာင္းလဲက်င့္သံုးရန္ ျပည္နယ္လႊတ္ေတာ္တြင္ အဆိုတင္ျပသြားရန္ ႀကိဳးစားေနဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်နယ်စပ် လာအိုနိုင်ငံမှ လျှပ်စစ်ဓါတ်အား ဝယ်ယူဖြန့်ဖြူးရေး မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်ဆွေးနွေးနေ
*****************
ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် နယ်နမိတ်ထိစပ်နေသည့် လာအိုနိုင်ငံမှ လျှပ်စစ်ဓါတ်အား ဝယ်ယူဖြန့်ဖြူးရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ လန်ပရာဘန်မြို့သို့ သွားရောက်ဆွေးနွေးနေကြောင်း သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ လန်ပရာဘန်မြို့တွင်ကျင်းပမည့် မြန်မာ-လာအို နှစ်နိုင်ငံ စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်ဆွေးနွေးပွဲနှင့် ဆက်စပ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ရန် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ- လာအို လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အဆိုပါ နားလည်မှုဆိုင်ရာ စာချွန်လွှာအရ နှစ်ဖက်ကိုယ်စားလှယ်များပါဝင်သည့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းကာ နယ်စပ်ဖြတ်ကျော် ဓာတ်အားဝယ်ယူရောင်းချရေး၊ နည်းပညာဖလှယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများအား အပြန်အလှန် ဆွေးနွေးနေခြင်းဖြစ်ကာ လန်ပရာဘန်မြို့အစည်းအဝေးတွင် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များဖလှယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ အချက်အလက်များအား ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် နယ်နမိတ်ချင်းထိစပ်နေသည့် လာအိုနိုင်ငံမှ လျှပ်စစ်ဓါတ်အား ဝယ်ယူဖြန့်ဖြူးနိုင်ရေးနှင့် လျှပ်စစ်ဓါတ်အားကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာ - လာအို အစိုးရချင်းချိတ်ဆက်ဆောင်ရွက်နေခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းအတွက် ထိုင်းနိုင်ငံမှ လျှပ်စစ်ဓါတ်အား ဝယ်ယူဖြန့်ဖြူးခြင်းကို မြို့ကော်မတီအနေဖြင့် ဆောင်ရွက်နေရသဖြင့် အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်သည့် စနစ် ပြောင်းလဲကျင့်သုံးရန် ပြည်နယ်လွှတ်တော်တွင် အဆိုတင်ပြသွားရန် ကြိုးစားနေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~