ကျိုင်းတုံမြို့တွင် ကြော်ငြာဆိုင်းဘုတ်ခွန်များ တိုးမြှင့်ကောက်ခံရန်စီစဉ်နေပြီး ယာယီဆိုင်းဘုတ်များလည်း အခွန်ကောက်ရန် လျာထား
ကျိုင်းတုံမြို့တွင် ကြော်ငြာဆိုင်းဘုတ်ခွန်များ တိုးမြှင့်ကောက်ခံရန်စီစဉ်နေပြီး ယာယီဆိုင်းဘုတ်များလည်း အခွန်ကောက်ရန် လျာထား
ဖေဖော်ဝါရီ 16, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် စိုက်ထူထားသည့် စီးပွားရေးကြော်ငြာဆိုင်းဘုတ် စိုက်ထူခကို ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုးမြှင့်ကောက်ခံရန် စီစဉ်နေပြီး ယာယီဆိုင်းဘုတ်များကိုလည်း ကောက်ခံရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
အခွန်နှုန်းထားပြင်ဆင်မည့် ကိစ္စနှင့်ပတ်သက်ပြီး အများပြည်သူများအနေဖြင့် သိရှိလိုသော အချက်များနှင့် မရှင်းလင်းသော အချက်များရှိပါက ရုံးချိန်အတွင်း မြို့နယ်စည်ပင်သာယာရေးဌာနသို့ လာရောက်စုံစမ်း မေးမြန်းနိုင်ကြောင်း၊ အခွန်တိုးမြှင့် ကောက်ခံခြင်းနှင့် ပတ်သက်ပြီး ကန့်ကွက်လိုပါက အကျိုးအကြောင်း ခိုင်လုံစွာတင်ပြပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၂၆) ရက်နေ့ နောက်ဆုံးထားကန့်ကွက်နိုင်ပြီး ကန့်ကွက်သူ တစ်စုံတစ်ဦးမှ မရှိပါက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး နှုန်းထားပြင်ဆင် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် စိုက်ထူထားသည့် စီးပွားရေးကြော်ငြာဆိုင်းဘုတ် စိုက်ထူခကို ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုးမြှင့်ကောက်ခံရန် စီစဉ်နပြေီး ယာယီဆိုင်းဘုတ်များကိုလည်း ကောက်ခံရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
စီးပွားရေးကြော်ငြာစိုက်ထူခများကို တစ်ပေပတ်လည်နှုန်းထားဖြင့် တွက်ချက်ကောက်ခံခြင်းဖြစ်ပြီး တစ်နှစ်စာအတွက် ပထမတန်းစားအတွက် ငွေကျပ် (၁,၂၀၀) မှ ကျပ် (၁,၅၀၀) သို့ လည်းကောင်း၊ ဒုတိယတန်းစားအတွက် ငွေကျပ် (၇၂၀) မှ ကျပ် (၉၀၀) သို့ လည်းကောင်း၊ တတိယတန်းစားအတွက် ငွေကျပ် (၄၈၀) မှ ကျပ် (၆၀၀) သို့ လည်းကောင်း အသီးသီးတိုးမြှင့် သက်မှတ်ထားပြီး ယာယီ ဆိုင်းဘုတ်များ အတွက် တစ်ပေပတ်လည် ကျပ် (၃၀၀) ကောက်ခံသွားမည် ဖြစ်ကြောင်းသိရသည်။
အတန်းစား အမျိုးအစားလိုက် ခွဲခြားရာတွင် လမ်းမကြီးနှင့်လမ်းကြားများအလိုက် ခွဲခြားထားခြင်းဖြစ်ကြောင်း သိရသည်။
“တစ်နှစ်စာပေါ့။ တစ်ပေပတ်လည်နှုန်းထားတွေပါ။ ယာယီဆိုင်းဘုတ်ဆိုတာက ပွဲတွေဘာတွေဝင်မယ်၊ ကမယ်။ ပွဲကြော်ငြာတို့ ဘာတို့ ခနထောင်တဲ့ဟာကိုပြောတာ။ ရက် (၂၀၊ ၂၅) လောက်ပေါ့။ ယာယီဆိုင်းဘုတ်တွေက အရင်က မကောက်ဘူး။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာစကောက်မှာ”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူး ဦးမျိုးမြင့်အောင်က တာချီလိတ်သတင်း အေဂျင်စီသို့ ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင် ပြောသည်။
အခွန်နှုန်းထားပြင်ဆင်မည့် ကိစ္စနှင့်ပတ်သက်ပြီး အများပြည်သူများအနဖြေင့် သိရှိလိုသော အချက်များနှင့် မရှင်းလင်းသော အချက်များရှိပါက ရုံးချိန်အတွင်း မြို့နယ်စည်ပင်သာယာရေးဌာနသို့ လာရောက်စုံစမ်း မေးမြန်းနိုင်ကြောင်း၊ အခွန်တိုးမြှင့် ကောက်ခံခြင်းနှင့် ပတ်သက်ပြီး ကန့်ကွက်လိုပါက အကျိုးအကြောင်း ခိုင်လုံစွာတင်ပြပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၂၆) ရက်နေ့ နောက်ဆုံးထားကန့်ကွက်နိုင်ပြီး ကန့်ကွက်သူ တစ်စုံတစ်ဦးမှ မရှိပါက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး နှုန်းထားပြင်ဆင် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~