ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ ၀န်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏အကျိုးစီးပွားကို မထိခိုက်စေသည့် စီမံကိန်းများကိုသာ ခွင့်ပြု
ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ ၀န်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏အကျိုးစီးပွားကို မထိခိုက်စေသည့် စီမံကိန်းများကိုသာ ခွင့်ပြု
ဖေဖော်ဝါရီ 9, 2019
By Tachileik News Agency
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်၏ အကျိုးစီးပွားကို မထိခိုက်စေသည့် စီမံကိန်း များကိုသာ ခွင့်ပြုသည်ဟု ပြည်သူ့လွှတ်တော်တွင် မေးခွန်းဖြေကြားစဉ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ထည့်သွင်းပြောကြားသွားသည်။
ကရင်ပြည်နယ်တွင်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးအတွက် ထိုင်းနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုဖြင့် ဘားအံမြို့ အနီးတွင် တည်ဆောက်မည့် ကျောက်မီးသွေးဓါတ်အားပေးစက်ရုံစီမံကိန်းကို လုပ်ဆောင်ခွင့်ပြု၊ မပြုနှင့် ပတ်သက်သည့် မေးခွန်းကို ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၈)ရက်နေ့ ပြည်သူ့လွှတ်တော်တွင် ဝန်ကြီးက ဖြေကြားရာ၌ ယင်းကဲ့သို့ ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနသို့ တင်ပြလာသည့် စီမံကိန်းများကို စဉ်းစားဆောင်ရွက်ရာတွင် နိုင်ငံ့အကျိုးစီးပွားထိခိုက်လာနိုင်ခြင်းရှိ/မရှိ၊ စီမံကိန်း၏ ကဏ္ဍအလိုက် လောင်စာ အရင်းအမြစ်ရရှိမှု ပိုင်းဆိုင်ရာ စက်ရုံပိုင်းဆိုင်ရာ၊ ဓာတ်အားလိုင်းနှင့်‌ခွဲရုံပိုင်း၊ ဒီဇိုင်းပိုင်းဆိုင်ရာ၊ စက်မှုနှင့်လျှပ်စစ်တပ်ဆင်ရေးဆိုင်ရာ၊ စီမံကိန်းကုန်ကျစရိတ်၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်း ကျင်ထိခိုက်မှုလေ့လာဆန်းစစ်ချက် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုရှိရေး၊ ဓာတ်အားစနစ်အတွင်းကို ထည့်သွင်းနိုင်မယ့် အစီအစဉ်များ ဘက်ပေါင်းစုံလေ့လာ ပြီးမှသာ ဆက်လက် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှမှ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခု၏ ရင်းနှီးမြှုပ်နှံမှုနှင့်‌ အကောင်အထည်ဖော်ဆောင်ရွက်မည့် (၁၂၈၀) မီဂါဝပ် (Ultra Super Critical) နည်းပညာသုံးစီမံကိန်းကို ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဝတ်ကြီး ကျေးရွာအနီး မြေဧက (၈၁၅) ပေါ်တွင်ဆောင်ရွက်ရန် ၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့က စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ်(၇/၂၀၁၈)သို့ တင်ပြထားရာ ပို့ဆောင်ရေးနှင့်‌ ဆက်သွယ်ရေးဝန်ကြီးဌာန နှင့်‌ သယံဇာတနှင့်‌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနများ အနေဖြင့် တိကျသည့် အကြံပြုချက်နှင့်‌ လုပ်ငန်းများဆောင်ရွက်ရန် သင့်‌/မသင့်‌ကို စိစစ်တင်ပြသွားရန် မှတ်ချက်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ Unicode Version ~~~~~~~~
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနဖြေင့် နိုင်ငံတော်၏ အကျိုးစီးပွားကို မထိခိုက်စေသည့် စီမံကိန်း များကိုသာ ခွင့်ပြုသည်ဟု ပြည်သူ့လွှတ်တော်တွင် မေးခွန်းဖြကြေားစဉ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ထည့်သွင်းပြောကြားသွားသည်။
ကရင်ပြည်နယ်တွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအတွက် ထိုင်းနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုဖြင့် ဘားအံမြို့ အနီးတွင် တည်ဆောက်မည့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံစီမံကိန်းကို လုပ်ဆောင်ခွင့်ပြု၊ မပြုနှင့် ပတ်သက်သည့် မေးခွန်းကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၈)ရက်နေ့ ပြည်သူ့လွှတ်တော်တွင် ဝန်ကြီးက ဖြကြေားရာ၌ ယင်းကဲ့သို့ ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။
“နိုင်ငံတော်ရဲ့ ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်ပြီး ကျောက်မီးသွေးစက်ရုံကို TTCL ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားရှိသည်ဟု သိရှိရပါသည်။ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်အတွက် စီမံကိန်းမြေနေရာတိုင်းတာခြင်း၊ ပြည်သူလူထုကို ရှင်းပြခြင်းများ ဆောင်ရွက်ပြီးဖြစ်သဖြင့် ခွင့်ပြုဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိသိရှိလိုကြောင်း”ဟု ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ်မှ ဦးစောတင်ဝင်းက ပြည်သူ့လွှတ်တော်အစည်းအေဝးတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနဖြေင့် ဝန်ကြီးဌာနသို့ တင်ပြလာသည့် စီမံကိန်းများကို စဉ်းစားဆောင်ရွက်ရာတွင် နိုင်ငံ့အကျိုးစီးပွားထိခိုက်လာနိုင်ခြင်းရှိ/မရှိ၊ စီမံကိန်း၏ ကဏ္ဍအလိုက် လောင်စာ အရင်းအမြစ်ရရှိမှု ပိုင်းဆိုင်ရာ စက်ရုံပိုင်းဆိုင်ရာ၊ ဓာတ်အားလိုင်းနှင်‌့ခွဲရုံပိုင်း၊ ဒီဇိုင်းပိုင်းဆိုင်ရာ၊ စက်မှုနှင့်လျှပ်စစ်တပ်ဆင်ရေးဆိုင်ရာ၊ စီမံကိန်းကုန်ကျစရိတ်၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်း ကျင်ထိခိုက်မှုလေ့လာဆန်းစစ်ချက် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုရှိရေး၊ ဓာတ်အားစနစ်အတွင်းကို ထည့်သွင်းနိုင်မယ့် အစီအစဉ်များ ဘက်ပေါင်းစုံလေ့လာ ပြီးမှသာ ဆက်လက် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြန်လည်ဖြကြေားခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခု၏ ရင်းနှီးမြှုပ်နှံမှုနှင်‌့ အကောင်အထည်ဖော်ဆောင်ရွက်မည့် (၁၂၈၀) မီဂါဝပ် (Ultra Super Critical) နည်းပညာသုံးစီမံကိန်းကို ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဝတ်ကြီး ကျေးရွာအနီး မြေဧက (၈၁၅) ပေါ်တွင်ဆောင်ရွက်ရန် ၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့က စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ်(၇/၂၀၁၈)သို့ တင်ပြထားရာ ပို့ဆောင်ရေးနှင်‌့ ဆက်သွယ်ရေးဝန်ကြီးဌာန နှင်‌့ သယံဇာတနှင်‌့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနများ အနဖြေင့် တိကျသည့် အကြံပြုချက်နှင်‌့ လုပ်ငန်းများဆောင်ရွက်ရန် သင်‌့/မသင်‌့ကို စိစစ်တင်ပြသွားရန် မှတ်ချက်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းအတွက် လိုအပ်သည့် ကျောက်မီးသွေးများကို ပြည်ပမှ ရေကြောင်းဖြင့်တင်သွင်းမှုကို တွက်ချက်ရာတွင် ရေရှည်၌ ပင်လယ်ပြင်နှင့် ကမ်းခြေ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်စေနိုင်ခြင်းကြောင့် ဆောင်ရွက်ရန်မသင့်ပါကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက သဘောထားမှတ်ချက်ပြုထားကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက် - Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~