
ဖေဖော်ဝါရီ 3, 2019
By 🌸




သတင်း #ကိုသာ
ဓါတ်ပုံ - ရဲတပ်ဖွဲ့

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မိုင်းဖြတ်မြို့တွင် ပိတ်ဆို့စစ်ဆေးမှုအတွင်း အမျိုးသား(၂)ဦးကို စိတ်ကြွဆေးပြား (၁၁)ပြားနှင့်အတူ ဖမ်းမိ
*****
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ တာချီလိတ် - ကျိုင်းတုံကားလမ်းတွင် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂)ရက်နေ့က ပိတ်ဆို့ရှာဖွေမှုအတွင်း တာချီလိတ်ဘက်မှ မိုင်းဖြတ်ဘက်သို့ စိတ်ကြွဆေးပြား (၁၁)ပြားသယ်လာသည့် အမျိုးသား (၂)ဦးကို  ရဲတပ်ဖွဲ့က ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့ဘီးခွန်ဂိတ်အနီးတွင် သက်သေများနှင့်အတူ ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးနေရာ ည(၈)နာရီဝန်းကျင်တွင် တာချီလိတ်ဘက်မှ မိုင်းဖြတ်ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် ခမ်းရှဲန်နှင့် ဇေသတို့သည် ပိတ်ဆို့စစ်ဆေးနေရာမရောက်မီ (၁၀)ပေခန့်အကွာ၌ အထုပ်တစ်ထုပ်အား လွှင့်ပစ်ခဲ့သည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များက အဆိုပါအထုပ်အား ရှာဖွေရာ စိတ်ကြွဆေးပြား (၁၁)ပြားကို တွေ့ရသဖြင့် ၎င်းတို့ (၂)ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခမ်းရှဲန်နှင့် ဇေသတို့အား မိုင်းဖြတ်မြို့မရဲစခန်းတွင် မယ(ပ) ၂/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၆(၈)/၂၁ အရ အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #ကိုသာ
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~