အလုပ္သင္ဆရာ၀န္အျဖစ္ (၂)ႏွစ္ထမ္းေဆာင္ခဲ့ေသာ္လည္း ဆရာ၀န္ဘြဲ႔ကို ရာသက္ပန္ ျငင္းပယ္ခံရ၍ သတင္းစာရွင္းလင္း

အလုပ္သင္ဆရာ၀န္အျဖစ္ (၂)ႏွစ္ထမ္းေဆာင္ခဲ့ေသာ္လည္း ဆရာ၀န္ဘြဲ႔ကို ရာသက္ပန္ ျငင္းပယ္ခံရ၍ သတင္းစာရွင္းလင္း
ဖေဖော်ဝါရီ 20, 2019
By Tachileik News Agency

အလုပ္သင္ကာလ (၂)ႏွစ္ျပည့္ေျမာက္ေသာ္လည္း ရာသက္ပန္ ဆရာ၀န္ဘြဲ႔ ျငင္းပယ္ခံရ၍  ျခြင္းခ်က္မရိွ ဆရာဝန္ဘဲြ႔ ႏွင့္ ဆမ လက္မွတ္ေပးဖို႔ရန္ အျပင္ အလုပ္သင္ဆရာ၀န္မ်ား၏ အခြင့္အေရး အျပည့္အ၀ ရရွိေရးအတြက္  မေကြးၿမိဳ႕ အေျခခံက်န္းမာေရးတကၠသိုလ္ရွိ ေက်ာင္းသားသမဂၢရံုးခန္းတြင္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၂၀)ရက္ေန႔ နံနက္က သတင္းစာရွင္းလင္းပြဲ ျပဳလုပ္သည္။

"တကယ္ေတာ့ အလုပ္သင္ဆရာဝန္ေတြကို ဘဲြ႔မေပးေသးဘဲ မင္းတို႔ဆရာဝန္ မျဖစ္ေသးဘူး ေက်ာင္းသားပဲ ရိွေသးတယ္ဆိုၿပီး ေစ်းခ်ိဳခ်ိဳနဲ႔ ခိုင္းစားတာပါ။ လစာလို႔ မသတ္မွတ္ဘဲ ခ်ီးျမႇင့္ေငြဆိုၿပီး တစ္လကို တစ္သိန္းေပးတယ္။ တစ္ရက္ကို (၂၄)နာရီလံုးဂ်ဴတီခ်ၿပီး တစ္ရက္ကို (၃၃၀၀ိ)ပဲ ေပးတယ္။အလုပ္ဝင္ဖို႔ ပ်က္ကြက္ရင္ ပ်က္တဲ့ရက္အတြက္ ခ်ီးျမႇင့္ေငြထဲက ျဖတ္ယူရံုနဲ႔ အားမရဘဲ တစ္ရက္ပ်က္ရင္ သံုးဆတိုး သံုးရက္ထပ္ဆင္းခိုင္းတယ္။ အဲလို ဆင္းရတဲ့ရက္အတြက္ လုပ္ခတစ္ျပားမွ မေပးေတာ့ဘူး။ ဒီလိုအျပစ္ေပးျခင္းခံခဲ့ရၿပီး  အလုပ္သင္ကာလ (၂)ႏွစ္ျပည့္သြားခဲ့ေပမယ့္ ေက်ာင္း အာဏာပိုင္ေတြက ေက်နပ္ဖြယ္မရိွ ဆိုတဲ့ မွတ္ခ်က္နဲ႔ ဆရာဝန္ဘဲြ႔ကို ရာသက္ပန္ ျငင္းပယ္ ခံခဲ့ရပါတယ္။ ဒါ့ေၾကာင့္ ျခြင္းခ်က္မရိွ ဆရာဝန္ဘဲြ႔နဲ႔ ဆမ လက္မွတ္ေပးဖို႔၊ ေနာက္ဆံုးႏွစ္ အပိုင္း(ခ)ေအာင္ၿပီးတာနဲ႔ ဆရာဝန္ဘဲြ႔ ေပးဖို႔၊အလုပ္ခ်ိန္(၈)နာရီထက္ မခိုင္းဖို႔၊ လံုေလာက္တဲ့ လုပ္ခလစာ အျပည့္ေပးဖို႔၊ ဖိႏိွပ္ခ်င္တိုင္း ဖိႏိွပ္ေနတဲ့ ဗ်ဴရို ကေရစီကို တိုက္ဖ်က္ဖို႔ေတြကို ေဆးသမဂၢအပါအဝင္ ေက်ာင္းသားသမဂၢ အသီးသီးကလည္း စုစည္းဆန္႔က်င္ၾကဖို႔ အတြက္ သတင္းစာရွင္းလင္းပဲြ ျပဳလုပ္ရျခင္းျဖစ္ပါတယ္”ဟု ျငင္းပယ္ခံရသည့္ အလုပ္သင္ဆရာဝန္ ေဒါက္တာ ခ်မ္းေအးျမင့္က ေျပာသည္။

အလုပ္သင္ကာလအျဖစ္ မံုရြာေဆးရံုႀကီးႏွင့္ မေကြးေဆးရံုႀကီးတို႔တြင္ (၂) ႏွစ္ အလုပ္သင္ဆရာ၀န္အျဖစ္ တာ၀န္ ထမ္းေဆာင္ခဲ့ေသာ္လည္း ရာသက္ပန္ ဆရာဝန္ဘဲြ႕ကို ျငင္းပယ္ခံရျခင္း ျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္ ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာမွာ ေနာက္ဆံုးႏွစ္ အပိုင္း(ခ)ေအာင္ခဲ့တယ္။ ၂၀၁၇ ခုႏွစ္ ဇန္န၀ါရီလ ကေန ဇြန္လအထိ မံုရြာျပည္သူ႔ေဆးရံုႀကီးမွာ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ က်န္တဲ့ (၆) လကို မေကြးမွာ ေျပာင္းဆင္းခဲ့ေတာ့ ေက်နပ္မႈ မရိွလို႔ဆိုၿပီး ေနာက္ထပ္ (၁) ႏွစ္ ျပစ္ဒဏ္ဆတိုးနဲ႔ ထပ္ဆင္းရတယ္။ (၂) ႏွစ္သာ ဆင္းၿပီးခဲ့ေပမယ့္ ေက်နပ္ဖြယ္မရိွ (unsatifactory) မွတ္ခ်က္နဲ႔ ရာသက္ပန္ဆရာဝန္ဘဲြ႕ မရႏိုင္ေတာ့ဘူးဆိုၿပီး ေက်ာင္းအာဏာပိုင္ေတြက ေျပာပါတယ္"ဟု အလုပ္သင္ဆရာဝန္ ေဒါက္တာ ခ်မ္းေအးျမင့္က ေျပာသည္။

ရာသက္ပန္ ဆရာဝန္ဘဲြ႕ကို ျငင္းပယ္ခံရသူ ေဒါက္တာခ်မ္းေအးျမင့္သည္ ခြင့္မဲ့ပ်က္ခြင့္မႈမ်ားေၾကာင့္ လုပ္ထံုးလုပ္နည္းအရ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း မေကြးေဆးတကၠသိုလ္မွ ဒုတိယပါေမာကၡခ်ဳပ္က ဆိုသည္။

“ေမာင္ခ်မ္းေအးျမင့္ဟာ (၁.၆.၂၀၁၇) ကေနၿပီး (၃၁.၁၂.၂၀၁၇) အတြင္း မေကြးေဆးရံု ကေလးက်န္းမာ ပညာဌာနနဲ႔ ေဆးပညာဌာနေတြမွာ အလုပ္သင္ဆရာဝန္ တာဝန္ထမ္းေဆာင္ခဲ့တာမွာ ခြင့္မဲ့ပ်က္ကြက္တာ ေတြရိွခဲ့ပါတယ္။ အဲလိုခြင့္မဲ့ ပ်က္ကြက္ခဲ့တာေၾကာင့္ ကေလးက်န္းမာပညာဌာနနဲ႔ ေဆးပညာဌာနတို႔မွာ (၆) လ အစားထိုး တာဝန္ျပန္ခ်ေပးခဲ့ရပါတယ္။ အဲဒီ အစားထိုးရက္ေတြမွာလည္း သူဟာ ဆက္ၿပီးခြင့္မဲ့ ပ်က္ကြက္ခဲ့လို႔ မိဘေတြကို ဆက္သြယ္ ေခၚယူအသိေပးၿပီး ဆက္ၿပီး ခြင့္မဲ့ပ်က္ကြက္ေနဦးမယ္ဆိုရင္ အလုပ္သင္ ဆရာဝန္ အျဖစ္ကေန ရပ္စဲျခင္းခံရမယ္ ဆိုတာကို မိဘကလည္း သိရိွေၾကာင္း ဝန္ခံကတိ (၂) ႀကိမ္ ထိုးခဲ့ၿပီးပါၿပီ။ ဒါနဲ႔လည္း ဆက္ လက္ပ်က္ကြက္ခဲ့တာေၾကာင့္ ပညာေရး အထက္အဖဲြ႔ျဖစ္တဲ့ က်န္းမာေရး လူ႔စြမ္းအား အရင္းအျမစ္ ဦးစီးဌာနကို တင္ျပခဲ့တာမွာ အလုပ္သင္ဆရာဝန္လက္စဲြ စာအုပ္ပါ လုပ္ထံုး လုပ္နည္းအရ ဆက္လက္ေဆာင္ရြက္ဖို႔ ညႊန္ၾကား တာေၾကာင့္ အဲဒီလုပ္ထံုးလုပ္နည္း အတိုင္းပဲ ေဆာင္ရြက္ၿပီး အထက္ကို ျပန္လည္တင္ျပသြားမွာပါ”ဟု မေကြးေဆးတကၠသိုလ္မွ ဒုတိယပါေမာကၡခ်ဳပ္ ေဒါက္တာလွဝင္းျမင့္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာၾကားသည္။

လက္ရိွ အလုပ္သင္ဆရာ၀န္အျဖစ္ တာဝန္ထမ္းေဆာင္လွ်က္ရိွၾကသည့္ ေဒါက္တာေဆြသက္ေဇာ္ႏွင့္ ေဒါက္တာ လင္းေက်ာ္ေက်ာ္ေထြး တို႔က ေဒါက္တာခ်မ္းေအးျမင့္သည္ ပထမႏွစ္မွ ေနာက္ဆံုးႏွစ္ အပိုင္း(ခ)အထိ ေအာင္ျမင္ခဲ့ၿပီးသူျဖစ္ကာ အလုပ္သင္ဆရာဝန္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ေသာ္လည္း တစ္ဖက္သတ္ ေရးဆဲြထားသည့္ စည္းမ်ဥ္းစည္းကမ္း မ်ားေၾကာင့္ ေက်နပ္ဖြယ္မရိွ(unsatisfactory)မွတ္ခ်က္ျဖင့္ ဘဲြ႔မေပးျခင္းအေပၚ လံုးဝကန္႔ကြက္ေၾကာင္းႏွင့္ ယခု ကိစၥမွာ ေဒါက္တာခ်မ္းေအးျမင့္ႏွင့္သာ သက္ဆိုင္သည့္  ပုဂၢလိကျပႆနာမဟုတ္ဘဲ စနစ္က အရင္းခံျဖစ္ေၾကာင္း၊ အလုပ္သင္ဆရာဝန္ လက္စဲြတြင္ “အလုပ္သင္ဆရာဝန္ဟူသည္ ေဆးပညာဘဲြ႔ရၿပီးသည့္ေနာက္ သတ္မွတ္ထား ေသာ ေဆးရံုမ်ားတြင္ တာဝန္ထမ္းေဆာင္ရင္း လက္ေတြ႔ပိုင္းကို ေလ့လာေသာ ဆရာဝန္သစ္လြင္ပင္ျဖစ္သည္”  ဟု ျပဌာန္းထားသျဖင့္ ေနာက္ဆံုးႏွစ္ အပိုင္း(ခ)ေအာင္ျမင္ၿပီးပါက ဆရာဝန္ဘဲြ႔ ေပးၿပီးမွ အလုပ္သင္ ဆရာဝန္ဘဝကို ခံယူရမည္ဟူေသာ ျပဌာန္းခ်က္ကို ဆန္႔က်င္ေနသည္ဟု ဆိုသည္။

သတင္း/ဓါတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အလုပ်သင်ကာလ (၂)နှစ်ပြည့်မြောက်သော်လည်း ရာသက်ပန် ဆရာဝန်ဘွဲ့ ငြင်းပယ်ခံရ၍ ခြွင်းချက်မရှိ ဆရာဝန်ဘွဲ့ နှင့် ဆမ လက်မှတ်ပေးဖို့ရန် အပြင် အလုပ်သင်ဆရာဝန်များ၏ အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် မကွေးမြို့ အခြေခံကျန်းမာရေးတက္ကသိုလ်ရှိ ကျောင်းသားသမဂ္ဂရုံးခန်းတွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့ နံနက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။

"တကယ်တော့ အလုပ်သင်ဆရာဝန်တွေကို ဘွဲ့မပေးသေးဘဲ မင်းတို့ဆရာဝန် မဖြစ်သေးဘူး ကျောင်းသားပဲ ရှိသေးတယ်ဆိုပြီး ဈေးချိုချိုနဲ့ ခိုင်းစားတာပါ။ လစာလို့ မသတ်မှတ်ဘဲ ချီးမြှင့်ငွေဆိုပြီး တစ်လကို တစ်သိန်းပေးတယ်။ တစ်ရက်ကို (၂၄)နာရီလုံးဂျူတီချပြီး တစ်ရက်ကို (၃၃၀၀ိ)ပဲ ပေးတယ်။အလုပ်ဝင်ဖို့ ပျက်ကွက်ရင် ပျက်တဲ့ရက်အတွက် ချီးမြှင့်ငွေထဲက ဖြတ်ယူရုံနဲ့ အားမရဘဲ တစ်ရက်ပျက်ရင် သုံးဆတိုး သုံးရက်ထပ်ဆင်းခိုင်းတယ်။ အဲလို ဆင်းရတဲ့ရက်အတွက် လုပ်ခတစ်ပြားမှ မပေးတော့ဘူး။ ဒီလိုအပြစ်ပေးခြင်းခံခဲ့ရပြီး အလုပ်သင်ကာလ (၂)နှစ်ပြည့်သွားခဲ့ပေမယ့် ကျောင်း အာဏာပိုင်တွေက ကျေနပ်ဖွယ်မရှိ ဆိုတဲ့ မှတ်ချက်နဲ့ ဆရာဝန်ဘွဲ့ကို ရာသက်ပန် ငြင်းပယ် ခံခဲ့ရပါတယ်။ ဒါ့ကြောင့် ခြွင်းချက်မရှိ ဆရာဝန်ဘွဲ့နဲ့ ဆမ လက်မှတ်ပေးဖို့၊ နောက်ဆုံးနှစ် အပိုင်း(ခ)အောင်ပြီးတာနဲ့ ဆရာဝန်ဘွဲ့ ပေးဖို့၊အလုပ်ချိန်(၈)နာရီထက် မခိုင်းဖို့၊ လုံလောက်တဲ့ လုပ်ခလစာ အပြည့်ပေးဖို့၊ ဖိနှိပ်ချင်တိုင်း ဖိနှိပ်နေတဲ့ ဗျူရို ကရေစီကို တိုက်ဖျက်ဖို့တွေကို ဆေးသမဂ္ဂအပါအဝင် ကျောင်းသားသမဂ္ဂ အသီးသီးကလည်း စုစည်းဆန့်ကျင်ကြဖို့ အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု ငြင်းပယ်ခံရသည့် အလုပ်သင်ဆရာဝန် ဒေါက်တာ ချမ်းအေးမြင့်က ပြောသည်။

အလုပ်သင်ကာလအဖြစ် မုံရွာဆေးရုံကြီးနှင့် မကွေးဆေးရုံကြီးတို့တွင် (၂) နှစ် အလုပ်သင်ဆရာဝန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သော်လည်း ရာသက်ပန် ဆရာဝန်ဘွဲ့ကို ငြင်းပယ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

"ကျွန်တော် ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှာ နောက်ဆုံးနှစ် အပိုင်း(ခ)အောင်ခဲ့တယ်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ကနေ ဇွန်လအထိ မုံရွာပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကျန်တဲ့ (၆) လကို မကွေးမှာ ပြောင်းဆင်းခဲ့တော့ ကျေနပ်မှု မရှိလို့ဆိုပြီး နောက်ထပ် (၁) နှစ် ပြစ်ဒဏ်ဆတိုးနဲ့ ထပ်ဆင်းရတယ်။ (၂) နှစ်သာ ဆင်းပြီးခဲ့ပေမယ့် ကျေနပ်ဖွယ်မရှိ (unsatifactory) မှတ်ချက်နဲ့ ရာသက်ပန်ဆရာဝန်ဘွဲ့ မရနိုင်တော့ဘူးဆိုပြီး ကျောင်းအာဏာပိုင်တွေက ပြောပါတယ်"ဟု အလုပ်သင်ဆရာဝန် ဒေါက်တာ ချမ်းအေးမြင့်က ပြောသည်။

ရာသက်ပန် ဆရာဝန်ဘွဲ့ကို ငြင်းပယ်ခံရသူ ဒေါက်တာချမ်းအေးမြင့်သည် ခွင့်မဲ့ပျက်ခွင့်မှုများကြောင့် လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မကွေးဆေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်က ဆိုသည်။

“မောင်ချမ်းအေးမြင့်ဟာ (၁.၆.၂၀၁၇) ကနပြေီး (၃၁.၁၂.၂၀၁၇) အတွင်း မကွေးဆေးရုံ ကလေးကျန်းမာ ပညာဌာနနဲ့ ဆေးပညာဌာနတွေမှာ အလုပ်သင်ဆရာဝန် တာဝန်ထမ်းဆောင်ခဲ့တာမှာ ခွင့်မဲ့ပျက်ကွက်တာ တွေရှိခဲ့ပါတယ်။ အဲလိုခွင့်မဲ့ ပျက်ကွက်ခဲ့တာကြောင့် ကလေးကျန်းမာပညာဌာနနဲ့ ဆေးပညာဌာနတို့မှာ (၆) လ အစားထိုး တာဝန်ပြန်ချပေးခဲ့ရပါတယ်။ အဲဒီ အစားထိုးရက်တွေမှာလည်း သူဟာ ဆက်ပြီးခွင့်မဲ့ ပျက်ကွက်ခဲ့လို့ မိဘတွေကို ဆက်သွယ် ခေါ်ယူအသိပေးပြီး ဆက်ပြီး ခွင့်မဲ့ပျက်ကွက်နေဦးမယ်ဆိုရင် အလုပ်သင် ဆရာဝန် အဖြစ်ကနေ ရပ်စဲခြင်းခံရမယ် ဆိုတာကို မိဘကလည်း သိရှိကြောင်း ဝန်ခံကတိ (၂) ကြိမ် ထိုးခဲ့ပြီးပါပြီ။ ဒါနဲ့လည်း ဆက် လက်ပျက်ကွက်ခဲ့တာကြောင့် ပညာရေး အထက်အဖွဲ့ဖြစ်တဲ့ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနကို တင်ပြခဲ့တာမှာ အလုပ်သင်ဆရာဝန်လက်စွဲ စာအုပ်ပါ လုပ်ထုံး လုပ်နည်းအရ ဆက်လက်ဆောင်ရွက်ဖို့ ညွှန်ကြား တာကြောင့် အဲဒီလုပ်ထုံးလုပ်နည်း အတိုင်းပဲ ဆောင်ရွက်ပြီး အထက်ကို ပြန်လည်တင်ပြသွားမှာပါ”ဟု မကွေးဆေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာလှဝင်းမြင့်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောကြားသည်။

လက်ရှိ အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိကြသည့် ဒေါက်တာဆွေသက်ဇော်နှင့် ဒေါက်တာ လင်းကျော်ကျော်ထွေး တို့က ဒေါက်တာချမ်းအေးမြင့်သည် ပထမနှစ်မှ နောက်ဆုံးနှစ် အပိုင်း(ခ)အထိ အောင်မြင်ခဲ့ပြီးသူဖြစ်ကာ အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော်လည်း တစ်ဖက်သတ် ရေးဆွဲထားသည့် စည်းမျဉ်းစည်းကမ်း များကြောင့် ကျေနပ်ဖွယ်မရှိ(unsatisfactory)မှတ်ချက်ဖြင့် ဘွဲ့မပေးခြင်းအပေါ် လုံးဝကန့်ကွက်ကြောင်းနှင့် ယခု ကိစ္စမှာ ဒေါက်တာချမ်းအေးမြင့်နှင့်သာ သက်ဆိုင်သည့် ပုဂ္ဂလိကပြဿနာမဟုတ်ဘဲ စနစ်က အရင်းခံဖြစ်ကြောင်း၊ အလုပ်သင်ဆရာဝန် လက်စွဲတွင် “အလုပ်သင်ဆရာဝန်ဟူသည် ဆေးပညာဘွဲ့ရပြီးသည့်နောက် သတ်မှတ်ထား သော ဆေးရုံများတွင် တာဝန်ထမ်းဆောင်ရင်း လက်တွေ့ပိုင်းကို လေ့လာသော ဆရာဝန်သစ်လွင်ပင်ဖြစ်သည်” ဟု ပြဌာန်းထားသဖြင့် နောက်ဆုံးနှစ် အပိုင်း(ခ)အောင်မြင်ပြီးပါက ဆရာဝန်ဘွဲ့ ပေးပြီးမှ အလုပ်သင် ဆရာဝန်ဘဝကို ခံယူရမည်ဟူသော ပြဌာန်းချက်ကို ဆန့်ကျင်နေသည်ဟု ဆိုသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~