ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔ အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ၿမိဳ႕ရွိ ေအာင္ျမတ္ခန္းမတြင္ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး ညပိုင္းတြင္ ရွမ္းရိုးမကြင္းအတြင္း၌ ေမာ္ကြန္းရုပ္ရွင္မ်ားအား ပရိုဂ်က္တာျဖင့္ ျပသေပးသြားမည္

ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔ အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ၿမိဳ႕ရွိ ေအာင္ျမတ္ခန္းမတြင္ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး ညပိုင္းတြင္ ရွမ္းရိုးမကြင္းအတြင္း၌ ေမာ္ကြန္းရုပ္ရွင္မ်ားအား ပရိုဂ်က္တာျဖင့္ ျပသေပးသြားမည္
ဖေဖော်ဝါရီ 11, 2019
By Tachileik News Agency

ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔တြင္ က်ေရာက္မည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ေမြးေန႔အထိမ္းအမွတ္ အခမ္းအနားအား တာခ်ီလိတ္ၿမိဳ႕ရွိ ေအာင္ျမတ္ခန္းမ၌ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔တြင္ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ပတ္သက္သည့္ ပန္းခ်ီ၊ ဓါတ္ပံု၊ စာမ်ား၊ စာအုပ္၊ စာေစာင္မ်ားကို ခင္းက်င္းျပသသြားမည္ျဖစ္သည့္ အတြက္ တာခ်ီလိတ္မွ ျပည္သူမ်ားအေနျဖင့္ မည္သူမဆို လာေရာက္ ေလ့လာႏုိင္ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားအား တာခ်ီလိတ္ခရိုင္ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနက ဦးေဆာင္ကာ ဌာနဆိုင္ရာမ်ား၊ ရပ္မိရပ္ဖမ်ားႏွင့္ လူမႈအဖြဲ႔အစည္းမ်ားျဖင့္ ပူးေပါင္းက်င္းပျခင္းျဖစ္ၿပီး အခမ္းအနားအား ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔ နံနက္(၉)နာရီမွ ေန႔လည္(၁)နာရီအခ်ိန္ထိ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႏွင့္ ပတ္သက္၍ ေက်ာင္းသား၊ ေက်ာင္းသူမ်ားမွ ကဗ်ာရြတ္ၿပိဳင္ပြဲတြင္ ပါ၀င္ ဆင္ႏႊဲၾကမည္ ျဖစ္ေၾကာင္းႏွင့္ အခမ္းအနားသို႔ မည္သူမဆို လာေရာက္ေလ့လာ ၾကည့္ရႈႏိုင္ရန္အတြက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ငယ္စဥ္ဘဝ၊ ေက်ာင္းသားဘဝႏွင့္ ႏိုင္ငံအက်ဳိးအတြက္ ထမ္းရြက္ခဲ့ပံုမ်ားကို ေရးဆြဲထားသည့္ပန္းခ်ီကားမ်ား၊ ဓာတ္ပုံမ်ား၊ ေမာ္ကြန္းရုပ္ရွင္ကားမ်ား၊ ဗိုလ္ခ်ဳပ္ကိုယ္တိုင္ ေရးသားထားခဲ့သည့္စာမ်ား၊ စာအုပ္စာေစာင္မ်ားကို ေအာင္ျမတ္ခန္းမအတြင္းႏွင့္အျပင္တြင္ ခင္းက်င္းျပသသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေမြးေန႔အထိမ္းအမွတ္အျဖစ္ ေဆးေရာင္စံုခ်ယ္ၿပိဳင္ပြဲအား တာခ်ီလိတ္ခရိုင္ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးရံုးရွိ Community Centreတြင္ ေဖေဖာ္၀ါရီလ(၁၂)ရက္ေန႔ ေန႔လည္(၁)နာရီအခ်ိန္တြင္ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး ၿပိဳင္ပြဲမွ ဆုရရွိသူမ်ားကို ေအာင္ျမတ္ခန္းမတြင္ က်င္းပ ျပဳလုပ္မည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔အခမ္းအနားတြင္ ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဆက္လက္၍ ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔ ညပိုင္းတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ၿမိဳ႕ရွိ ရွမ္းရိုးမကြင္းအတြင္း၌ ညေန(၆)နာရီမွစ၍ တရားပြဲမက်င္းပမီအခ်ိန္အထိ ေမာ္ကြန္းရုပ္ရွင္မ်ားကို ပရိုဂ်က္တာျဖင့္ တာခ်ီလိတ္ခရိုင္ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနက  ျပသေပးသြားမည္ျဖစ္ေၾကာင္းလည္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနားအား တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် ပန်းချီ၊ ဓာတ်ပုံ၊ စာများ၊ စာအုပ်၊ စာစောင်များကို ခင်းကျင်းပြသသွားမည်ဖြစ်သည့် အတွက် တာချီလိတ်မှ ပြည်သူများအနဖြေင့် မည်သူမဆို လာရောက် လေ့လာနိုင်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားအား တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကာ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် လူမှုအဖွဲ့အစည်းများဖြင့် ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အခမ်းအနားအား ဖေဖော်ဝါရီလ(၁၃)ရက်နေ့ နံနက်(၉)နာရီမှ နေ့လည်(၁)နာရီအချိန်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း နှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများမှ ကဗျာရွတ်ပြိုင်ပွဲတွင် ပါဝင် ဆင်နွှဲကြမည် ဖြစ်ကြောင်းနှင့် အခမ်းအနားသို့ မည်သူမဆို လာရောက်လေ့လာ ကြည့်ရှုနိုင်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း၏ငယ်စဉ်ဘဝ၊ ကျောင်းသားဘဝနှင့် နိုင်ငံအကျိုးအတွက် ထမ်းရွက်ခဲ့ပုံများကို ရေးဆွဲထားသည့်ပန်းချီကားများ၊ ဓာတ်ပုံများ၊ မော်ကွန်းရုပ်ရှင်ကားများ၊ ဗိုလ်ချုပ်ကိုယ်တိုင် ရေးသားထားခဲ့သည့်စာများ၊ စာအုပ်စာစောင်များကို အောင်မြတ်ခန်းမအတွင်းနှင့်အပြင်တွင် ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်အဖြစ် ဆေးရောင်စုံချယ်ပြိုင်ပွဲအား တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးရှိ Community Centreတွင် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နေ့လည်(၁)နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲမှ ဆုရရှိသူများကို အောင်မြတ်ခန်းမတွင် ကျင်းပ ပြုလုပ်မည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဖေဖော်ဝါရီလ(၁၃)ရက်နေ့ ညပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း၌ ညနေ(၆)နာရီမှစ၍ တရားပွဲမကျင်းပမီအချိန်အထိ မော်ကွန်းရုပ်ရှင်များကို ပရိုဂျက်တာဖြင့် တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~