တပ္မေတာ္တပ္ရင္းမွဴး(၂)ဦးထံမွ RCSS/SSA က ယူေဆာင္သြားသည့္ အသံုးအေဆာင္ပစၥည္းမ်ားကို တစ္ရက္အၾကာတြင္ နယ္ေျမခံတပ္သို႔ ျပန္လည္ပို႔ေဆာင္

တပ္မေတာ္တပ္ရင္းမွဴး(၂)ဦးထံမွ RCSS/SSA က ယူေဆာင္သြားသည့္ အသံုးအေဆာင္ပစၥည္းမ်ားကို တစ္ရက္အၾကာတြင္ နယ္ေျမခံတပ္သို႔ ျပန္လည္ပို႔ေဆာင္
ဖေဖော်ဝါရီ 15, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းပ်ဥ္းၿမိဳ႕ႏွင့္က်ိဳင္းတံုၿမိဳ႕အၾကား ျပည္ေထာင္စုလမ္းမႀကီးတြင္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၂)ရက္ေန႔ ညေနပိုင္းက တပ္ရင္းမွဴး(၂)ဦးထံမွ အသုံးေဆာင္ပစၥည္းမ်ားကို ယူေဆာင္သြားသည့္ RCSS/SSA အဖြဲ႔က ေဖေဖၚဝါရီလ (၁၃)ရက္ေန႔ ညေနပိုင္းတြင္ မုိင္းပ်ဥ္းနယ္ေျမခံတပ္သို႔ ပစၥည္းမ်ား လာေရာက္ပို႔ေဆာင္ေပးသြားေၾကာင္း သိရသည္။

မိုင္းပ်ဥ္းၿမိဳ႕ႏွင့္က်ိဳင္းတံုၿမိဳ႕အၾကား ျပည္ေထာင္စုလမ္းမႀကီးတြင္ ဆက္ေၾကးေကာက္ေနသည့္ RCSS/SSA အင္အား (၅၀) ဦးခန္႔က ယာယီတာ၀န္အၿပီး ေတာင္ႀကီးမွ က်ိဳင္းတံုသုိ႔ျပန္လာသည့္ တပ္ရင္းမွဴး(၂)ဦး၏ အသံုးအေဆာင္ပစၥည္းမ်ားကိုေဖေဖာ္၀ါရီလ (၁၂) ရက္ ညေနပိုင္းတြင္ ယူေဆာင္သြားသျဖင့္ အဆုိပါပစၥည္းမ်ား ျပန္ေပးရန္ အေၾကာင္းၾကားထားေၾကာင္း ေဖေဖၚဝါရီလ (၁၃)ရက္ေန႔တြင္ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က သတင္းထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ယင္းေနာက္ တပ္ရင္းမွဴး(၂)ဦး၏ အသုံးေဆာင္ပစၥည္းမ်ားကို RCSS/SSA  အဖြဲ႔၏ တာခ်ီလိတ္ၿမိဳ႕ ဆက္ဆံေရး႐ုံး တာ၀န္ခံႏွင့္ အဖြဲ႕၀င္မ်ားက ေဖေဖာ္၀ါရီလ (၁၃) ရက္ေန႔ ည (၇) နာရီ (၄၅) မိနစ္တြင္ မုိင္းပ်ဥ္းၿမိဳ႕ရွိ နယ္ေျမခံတပ္သုိ႔ လာေရာက္၍ ျပန္လည္အပ္ႏွံခဲ့ေၾကာင္း ေဖေဖၚဝါရီလ (၁၄)ရက္ေန႔တြင္ သတင္းထုတ္ျပန္လာျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တပ်မတော်တပ်ရင်းမှူး(၂)ဦးထံမှ RCSS/SSA က ယူဆောင်သွားသည့် အသုံးအဆောင်ပစ္စည်းများကို တစ်ရက်အကြာတွင် နယ်မြေခံတပ်သို့ ပြန်လည်ပို့ဆောင်
**********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နှင့်ကျိုင်းတုံမြို့အကြား ပြည်ထောင်စုလမ်းမကြီးတွင် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ညနေပိုင်းက တပ်ရင်းမှူး(၂)ဦးထံမှ အသုံးဆောင်ပစ္စည်းများကို ယူဆောင်သွားသည့် RCSS/SSA အဖွဲ့က ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့ ညနေပိုင်းတွင် မိုင်းပျဉ်းနယ်မြေခံတပ်သို့ ပစ္စည်းများ လာရောက်ပို့ဆောင်ပေးသွားကြောင်း သိရသည်။

မိုင်းပျဉ်းမြို့နှင့်ကျိုင်းတုံမြို့အကြား ပြည်ထောင်စုလမ်းမကြီးတွင် ဆက်ကြေးကောက်နေသည့် RCSS/SSA အင်အား (၅၀) ဦးခန့်က ယာယီတာဝန်အပြီး တောင်ကြီးမှ ကျိုင်းတုံသို့ပြန်လာသည့် တပ်ရင်းမှူး(၂)ဦး၏ အသုံးအဆောင်ပစ္စည်းများကိုဖေဖော်ဝါရီလ (၁၂) ရက် ညနေပိုင်းတွင် ယူဆောင်သွားသဖြင့် အဆိုပါပစ္စည်းများ ပြန်ပေးရန် အကြောင်းကြားထားကြောင်း ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် တပ်ရင်းမှူး(၂)ဦး၏ အသုံးဆောင်ပစ္စည်းများကို RCSS/SSA  အဖွဲ့၏ တာချီလိတ်မြို့ ဆက်ဆံရေးရုံး တာဝန်ခံနှင့် အဖွဲ့ဝင်များက ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ည (၇) နာရီ (၄၅) မိနစ်တွင် မိုင်းပျဉ်းမြို့ရှိ နယ်မြေခံတပ်သို့ လာရောက်၍ ပြန်လည်အပ်နှံခဲ့ကြောင်း ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~