ျမန္မာ U-23 အသင္းနည္းျပအျဖစ္ UEFA Pro လုိင္စင္ရနည္းျပကိုခန္႔အပ္လုိက္ၿပီး အသင္းတြင္ စည္းကမ္းေဖါက္ဖ်က္မႈမ်ားကိုလည္း အေရးယူ ထုတ္ျပန္သြားမည္

ျမန္မာ U-23 အသင္းနည္းျပအျဖစ္ UEFA Pro လုိင္စင္ရနည္းျပကိုခန္႔အပ္လုိက္ၿပီး အသင္းတြင္ စည္းကမ္းေဖါက္ဖ်က္မႈမ်ားကိုလည္း အေရးယူ ထုတ္ျပန္သြားမည္
ဇန်နဝါရီ 16, 2019
By Tachileik News Agency

ဆီးဂိမ္းၿပိဳင္ပဲြႏွင့္ AFC U-23 ေျခစစ္ပဲြ၀င္ ျမန္မာယူ -၂၃ အသင္းနည္းျပခ်ဴပ္အျဖစ္ ဘူလ္ေဂးရီးယား နည္းျပ ဗီလီဇာပိုေပါ့အား ခန္႔အပ္တာ၀န္ေပးသြားမည္ျဖစ္ၿပီး လက္ေရြးစင္အသင္းတြင္ စည္းကမ္း ေဖါက္ဖ်က္မႈမ်ားကို အေရးယူမည့္အျပင္ အမ်ားျပည္သူကိုလည္း ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၆)ရက္ေန႔တြင္ ျမန္မာႏိုင္ငံေဘာလံုးအဖဲြ႔ခ်ဴပ္က သတင္းထုတ္ျပန္လုိက္သည္။

"အာရွ ေဘာလံုးအဖဲြ႔ခ်ဴပ္ ၿပိဳင္ပဲြေတြမွာ ပရိုလိုင္စင္၊ (A) လုိင္စင္ နည္းျပေတြကိုပဲ လက္ေရြးစင္အသင္းနဲ႔ ယူ-၂၃ လက္ေရြးစင္အသင္းေတြကို ကိုင္တြယ္ခြင့္ရွိပါတယ္။ ပိုေပါ့ဟာ UEFA ပရိုလိုင္စင္နည္းျပျဖစ္သလုိ ကြ်န္ေတာ္တုိ႔ သြားခ်င္တဲ့ Myanmar Football Philosophy အတုိင္းလုပ္ဖုိ႔ ရွင္းရွင္းလင္းလင္း ေျပာထားၿပီးပါၿပီ။ သူလည္း လုပ္ႏုိင္မယ္လုိ႔ ကြ်န္ေတာ္ ယံုၾကည္ပါတယ္။ ေခတ္အေျခအေနက ေတာင္းဆုိတဲ့အတိုင္း အဆင့္ျမင့္မားတဲ့ လိုင္စင္နည္းျပကိုပဲ အသင္းကိုတာ၀န္ ေပးရမွာပါ။ ယူ -၂၃ အသင္းဟာ စီနီယာ လက္ေရြးစင္ အသင္းနဲ႔ အနီးကပ္ဆံုး ျဖစ္တဲ့အတြက္ ဒီအသင္းကို အဆင့္ျမင့္သြားေအာင္ တည္ေဆာက္ရမွာျဖစ္ပါတယ္။ ဒါ့အျပင္ အသင္းကို Professional က်က် ျပင္ဆင္ေလ့က်င့္ ပ်ိဳးေထာင္သြားရမွာပါ"ဟု MFF Technical Director မစၥတာ အဲရစ္ကဆုိသည္။

အသက္ (၄၂)ႏွစ္အရြယ္ UEFA Pro လုိင္စင္ရ နည္းျပ ပိုေပါ့သည္ ဘူလ္ေဂးရီးယား၊ ေမာ္လ္ဒိုဗာ၊ ေမာ္လဒိုက္စ္၊ အိုမန္၊ ထုိင္း၊ မေလးရွား စသည့္ႏိုင္ငံမ်ားတြင္ နည္းျပ လုပ္ကိုင္ခဲ့သူျဖစ္ၿပီး ျမန္မာ ယူ - ၂၃ အသင္းအား ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္၀ါရီလ (၄) ရက္ေန႔တြင္ စတင္ ေလ့က်င့္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

"ဦးၾကည္လြင္ကိုလည္း သူႀကိဳးပမ္းသြားခဲ့တာေတြအတြက္ ေက်းဇူးတင္ပါတယ္။ သူ႔အေနနဲ႔ A လုိင္စင္ ေအာင္ျမင္ဖုိ႔ ႀကိဳးပမ္းသင့္သလုိ တျဖည္းျဖည္း အရည္အခ်င္းျမင့္မားတဲ့ နည္းျပျဖစ္ေအာင္လည္း ႀကိဳးစားသင့္ပါတယ္။ ကြ်န္ေတာ္တုိ႔ သြားမယ့္ လမ္းေၾကာင္း အတုိင္းဆုိရင္ ပေရာ္ဖက္ရွင္နယ္ ပီသဖုိ႔၊ စည္းကမ္းတက်ကိုင္တြယ္ႏိုင္ဖို ့ အေရးၾကီးပါတယ္"ဟု ဦးၾကည္လြင္ကို လက္တဲြျဖဳတ္လုိက္ရျခင္းႏွင့္ ပတ္သက္၍လည္း အဲရစ္က ရွင္းလင္းသည္။

အသစ္ခန္႔အပ္မည့္ နည္းျပသည္ AFC အသိအမွတ္ျပဳ ပရိုလိုင္စင္ (သို႔) A လုိင္စင္ႏွင့္ ယင္းထက္ျမင့္ေသာ UEFA လုိင္စင္ရွိထားရန္၊ စည္းကမ္းေကာင္းမြန္ၿပီး အရက္ေသစာ ေသာက္စားမႈမရွိေစရန္၊ အသင္းအား အေကာင္းဆံုး ဦးေဆာင္ႏိုင္ၿပီး ပေရာ္ဖက္ရွင္နယ္ပီသရန္စသည့္ Technical Director မစၥတာ အဲရစ္၏ နည္းျပမ်ား ေရြးခ်ယ္ခန္႔အပ္မႈ မူဝါဒကို ျမန္မာႏိုင္ငံ ေဘာလံုး အဖဲြ႔ခ်ဴပ္ နည္းစနစ္ေကာ္မတီအေနျဖင့္ သေဘာတူညီ ခြင့္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ နည္းျပေျပာင္းလဲမႈႏွင့္အတူ ႏိုင္ငံကိုယ္စားျပဳ လက္ေရြးစင္အသင္းမ်ားတြင္ စည္းကမ္း ေဖာက္ဖ်က္မႈမ်ား၊ အရက္ေသစာ ေသာက္စားမႈမ်ားကို ယခင္ကကဲ့သို႔ စာနာေထာက္ထားေတာ့မည္ မဟုတ္ဘဲ ခ်က္ျခင္း အေရးယူအျပစ္ေပးရန္ႏွင့္ ျပည္သူလူထုထံ အသိေပး ေၾကညာခ်က္ ထုတ္ရန္တုိ႔ကိုလည္း နည္းစနစ္ ေကာ္မတီက လမ္းညႊန္ထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - MMF


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဆီးဂိမ်းပြိုင်ပွဲနှင့် AFC U-23 ခြေစစ်ပွဲဝင် မြန်မာယူ -၂၃ အသင်းနည်းပြချူပ်အဖြစ် ဘူလ်ဂေးရီးယား နည်းပြ ဗီလီဇာပိုပေါ့အား ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ပြီး လက်ရွေးစင်အသင်းတွင် စည်းကမ်း ဖောက်ဖျက်မှုများကို အရေးယူမည့်အပြင် အများပြည်သူကိုလည်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ်က သတင်းထုတ်ပြန်လိုက်သည်။

"အာရှ ဘောလုံးအဖွဲ့ချူပ် ပြိုင်ပွဲတွေမှာ ပရိုလိုင်စင်၊ (A) လိုင်စင် နည်းပြတွေကိုပဲ လက်ရွေးစင်အသင်းနဲ့ ယူ-၂၃ လက်ရွေးစင်အသင်းတွေကို ကိုင်တွယ်ခွင့်ရှိပါတယ်။ ပိုပေါ့ဟာ UEFA ပရိုလိုင်စင်နည်းပြဖြစ်သလို ကျွန်တော်တို့ သွားချင်တဲ့ Myanmar Football Philosophy အတိုင်းလုပ်ဖို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ။ သူလည်း လုပ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ခေတ်အခြေအနေက တောင်းဆိုတဲ့အတိုင်း အဆင့်မြင့်မားတဲ့ လိုင်စင်နည်းပြကိုပဲ အသင်းကိုတာဝန် ပေးရမှာပါ။ ယူ -၂၃ အသင်းဟာ စီနီယာ လက်ရွေးစင် အသင်းနဲ့ အနီးကပ်ဆုံး ဖြစ်တဲ့အတွက် ဒီအသင်းကို အဆင့်မြင့်သွားအောင် တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းကို Professional ကျကျ ပြင်ဆင်လေ့ကျင့် ပျိုးထောင်သွားရမှာပါ"ဟု MFF Technical Director မစ္စတာ အဲရစ်ကဆိုသည်။

အသက် (၄၂)နှစ်အရွယ် UEFA Pro လိုင်စင်ရ နည်းပြ ပိုပေါ့သည် ဘူလ်ဂေးရီးယား၊ မော်လ်ဒိုဗာ၊ မော်လဒိုက်စ်၊ အိုမန်၊ ထိုင်း၊ မလေးရှား စသည့်နိုင်ငံများတွင် နည်းပြ လုပ်ကိုင်ခဲ့သူဖြစ်ပြီး မြန်မာ ယူ - ၂၃ အသင်းအား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် စတင် လေ့ကျင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

"ဦးကြည်လွင်ကိုလည်း သူကြိုးပမ်းသွားခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်။ သူ့အနေနဲ့ A လိုင်စင် အောင်မြင်ဖို့ ကြိုးပမ်းသင့်သလို တဖြည်းဖြည်း အရည်အချင်းမြင့်မားတဲ့ နည်းပြဖြစ်အောင်လည်း ကြိုးစားသင့်ပါတယ်။ ကျွန်တော်တို့ သွားမယ့် လမ်းကြောင်း အတိုင်းဆိုရင် ပရော်ဖက်ရှင်နယ် ပီသဖို့၊ စည်းကမ်းတကျကိုင်တွယ်နိုင်ဖို့ အရေးကြီးပါတယ်"ဟု ဦးကြည်လွင်ကို လက်တွဲဖြုတ်လိုက်ရခြင်းနှင့် ပတ်သက်၍လည်း အဲရစ်က ရှင်းလင်းသည်။

အသစ်ခန့်အပ်မည့် နည်းပြသည် AFC အသိအမှတ်ပြု ပရိုလိုင်စင် (သို့) A လိုင်စင်နှင့် ယင်းထက်မြင့်သော UEFA လိုင်စင်ရှိထားရန်၊ စည်းကမ်းကောင်းမွန်ပြီး အရက်သေစာ သောက်စားမှုမရှိစေရန်၊ အသင်းအား အကောင်းဆုံး ဦးဆောင်နိုင်ပြီး ပရော်ဖက်ရှင်နယ်ပီသရန်စသည့် Technical Director မစ္စတာ အဲရစ်၏ နည်းပြများ ရွေးချယ်ခန့်အပ်မှု မူဝါဒကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချူပ် နည်းစနစ်ကော်မတီအနဖြေင့် သဘောတူညီ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ နည်းပြပြောင်းလဲမှုနှင့်အတူ နိုင်ငံကိုယ်စားပြု လက်ရွေးစင်အသင်းများတွင် စည်းကမ်း ဖောက်ဖျက်မှုများ၊ အရက်သေစာ သောက်စားမှုများကို ယခင်ကကဲ့သို့ စာနာထောက်ထားတော့မည် မဟုတ်ဘဲ ချက်ခြင်း အရေးယူအပြစ်ပေးရန်နှင့် ပြည်သူလူထုထံ အသိပေး ကြေညာချက် ထုတ်ရန်တို့ကိုလည်း နည်းစနစ် ကော်မတီက လမ်းညွှန်ထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ္ပံု - MMF

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~