မကွေး - တောင်တွင်း - နေပြည်တော်ရထားခရီးစဉ် စီးနင်းသူ နည်းပါးလာပြီး ခရီးသည်(၂)ဦးဖြင့် ပြေးဆွဲရသည့် ခရီးစဉ်များလည်း ရှိနေ
မကွေး - တောင်တွင်း - နေပြည်တော်ရထားခရီးစဉ် စီးနင်းသူ နည်းပါးလာပြီး ခရီးသည်(၂)ဦးဖြင့် ပြေးဆွဲရသည့် ခရီးစဉ်များလည်း ရှိနေ
ဇနျနဝါရီ 10, 2019
By Tachileik News Agency
မကွေးတိုင်းဒေသကြီး၊ မကွေး - တောင်တွင်း - နေပြည်တော် ရထားခရီးစဉ်တွင် ခရီးသည် (၂)ဦးဖြင့် ပြေးဆွဲပေးနေရသည့် နေ့များလည်းရှိနေပြီး ရထားစီးနင်းသူနည်းလာနေကြောင်း မကွေးဘူတာ ရုံပိုင်ကြီးထံမှ သိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မကွေးတိုင်းဒေသကြီး၊ မကွေး - တောင်တွင်း - နပြေည်တော် ရထားခရီးစဉ်တွင် ခရီးသည် (၂)ဦးဖြင့် ပြေးဆွဲပေးနေရသည့် နေ့များလည်းရှိနပြေီး ရထားစီးနင်းသူနည်းလာနေကြောင်း မကွေးဘူတာ ရုံပိုင်ကြီးထံမှ သိရသည်။
“တစ်နှစ်ထက် တစ်နှစ် တစ်လထက် တစ်လကိုပဲ ရထားစီးခရီးသည်က လျော့နည်းလာတာ ဟုတ်ပါတယ်။ ပျမ်းမျှ တစ်ရက်ကို ဆယ့်လေး၊ ငါးယောက်လောက်ပဲ ခရီးသည်ရပြီး တစ်ချို့ရက်တွေဆို နှစ် ယောက် လောက်ပဲ ရှိပါတယ်။ ဘာကြောင့်ဖြစ်မလဲဆိုတော့ အရင်တုန်းကထက် လမ်းပန်းဆက်သွယ်ရေးတွေက ကောင်းလာလို့ လို့ ပြောရမှာပါပဲ။ ကျေးရွာချင်းဆက်လမ်းတွေ ပေါက်လာတော့ ကား၊သုံးဘီး၊ ထော်လာဂျီ၊ ဆိုင်ကယ်တွေနဲ့ပါ သွားလာနိုင်နကြပြေီဖြစ်လို့ ရထားစီးသူဦးရေက တဖြေးဖြေးနဲ့ လျော့နည်း လာတာဖြစ်မယ်လို့ သုံးသပ် ရတာပါပဲ”ဟု မကွေးဘူတာ ရုံပိုင်ကြီး ဦးတင်သိန်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
ရထားလက်မှတ် အလွယ်တကူရရှိရေး၊ အချိန်မှန်ရောက်ရှိရေးတို့ဖြင့် ဝန်ဆောင်မှုပေးကာ ရထားစီးနင်းသူ များလာစေရေး လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါ ရထားခရီးစဉ်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က ခရီးသည်ဦးရေ(၅,၄၃၀)ဦး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်က ခရီးသည်(၅,၂၀၈)ဦး ရှိခဲ့ပြီး ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် တွင် ကျပ်(၃,ဝ၃၂,၄၆၀)၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ်(၂,၆၈၆,၁၀၀)ရရှိခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~