မန္းေရႊစက္ေတာ္ဘုရားပြဲေတာ္တြင္ ယာဥ္ရပ္နားခေကာက္ခံသည့္စနစ္ ဖ်က္သိမ္း

မန္းေရႊစက္ေတာ္ဘုရားပြဲေတာ္တြင္ ယာဥ္ရပ္နားခေကာက္ခံသည့္စနစ္ ဖ်က္သိမ္း
ဇန်နဝါရီ 8, 2019
By Tachileik News Agency
မေကြးတုိင္းေဒသႀကီး၊ မင္းဘူး(စကု)ၿမိဳ႕နယ္တြင္ ရက္ရွည္က်င္းပသည့္ မန္းေရႊစက္ေတာ္ ဘုရားပဲြေတာ္ကာလတြင္ ယာဥ္ရပ္နားခေကာက္ခံသည့္စနစ္ကို ဖ်က္သိမ္းမည္ျဖစ္ေၾကာင္း ေရႊစက္ေတာ္ ဘုရား ေဂါပကအဖြဲ႔ထံမွ သိရသည္။

“ဒီႏွစ္က ကားရပ္နားကြင္း ေလလံ မပါေတာ့ဘူး။ ယာဥ္ရပ္နားခြင့္လည္း မေကာက္ေတာ့ဘူး။ ယာဥ္ေၾကာ မပိတ္ဆို႔ဖို႔ေတာ့ တစ္လမ္းေမာင္းစနစ္ လုပ္မယ္။ ေအာက္စက္ေတာ္ရာနားကေန အထူးတံတားအထိ ယာဥ္ေတြကိုေတာ့ လာရာလမ္းအတိုင္း ျပန္သြားခြင့္ေပးၿပီးေတာ့ အထူးတံတားေက်ာ္ၿပီးေတာ့ အထက္ဖက္ နမၼဒါတို႔အပိုင္းက်ေတာ့ ဒီဘက္ကို ျပန္မလာေတာ့ဘဲ ဘုရားပဲြေတာ္ ေနာက္ေက်ာလမ္းကေန ပတ္လမ္ း ေဖါက္ေပးထားတယ္။ အဲဒီဘက္ကေန ထြက္ရမယ္။ ယာဥ္ေတြကို အပ္ႏွံခမေကာက္ေတာ့ဘဲ ထိန္းသိမ္း ေစာင့္ေရွာက္ဖို႔ အတြက္ စီမံေပးသြားမယ္။ တည္းခိုေဆာင္ေတြေရွ႕မွာလည္း ယာဥ္ (၂)စီးကေန (၃)စီးအထိပဲ ခြင့္ျပဳေတာ့မယ္”ဟု ေရႊစက္ေတာ္ဘုရား ေဂါပကအဖြဲ႕ ဥကၠဌဦးသန္းထြန္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ဘုရားပြဲေတာ္ကာလတြင္ ဘုရားဖူးျပည္သူမ်ားႏွင့္ လုပ္ငန္းရွင္မ်ား စိတ္အႏွာက္အယွက္ မရိွေစရန္အတြက္ တင္ဒါေလလံစနစ္ အပါအဝင္ စည္းမ်ဥ္းစည္းကမ္းအခ်ိဳ႕ကို ၂၀၁၉ ခုႏွစ္တြင္ ေျပာင္းလဲ လုိက္ျခင္းျဖစ္ေၾကာင္း မန္းေရႊစက္ေတာ္ဘုရားပဲြေတာ္က်င္းပေရးဦးစီးေကာ္မတီဥကၠဌ မေကြးတိုင္းေဒသႀကီး အစိုးရအဖဲြ႔ လုံၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးမင္းဦးက ေျပာၾကားထားသည္။

“ဒီႏွစ္မွာ တင္ဒါေစ်းႏွဳန္းေတြျမႇင့္ၿပီး ပန္းေၾကးစားတဲ့စနစ္ (ေလလံဆြဲသူအခ်င္းခ်င္း ေလလံအၿပိဳင္မဆြဲရန္ ေစ်းညိႇႏိႈင္းေပးျခင္း) ေပ်ာက္သြားေအာင္ ေဆာင္ရြက္ဖို႔၊ ေရႊႀကိဳလို႔ေခၚတဲ့ ဧည့္ႀကိဳေတြေၾကာင့္ တည္းခိုေဆာင္ ေစ်းႏွဳန္းေတြ ျမင့္တက္ေစတဲ့အတြက္ ဧည့္ႀကိဳေတြ ထားရိွတဲ့စနစ္ကို ေပ်ာက္သြားေအာင္ လုပ္ေဆာင္ဖို႔၊ မႏွစ္က ကားႀကီးကြင္းေလလံရရိွသူေတြက ယာဥ္အပ္ႏွံေၾကးရေအာင္ ဘုရားပဲြေတာ္ အဝင္ေပါက္မွာ ဂိတ္ေတြထားၿပီးေငြေကာက္ခံမႈရိွလို႔ ဘုရားဖူးျပည္သူ ေတြ စိတ္အေႏွာက္အယွက္ ျဖစ္ခဲ့ၾကတာေၾကာင့္ ဒီႏွစ္ ကားႀကီးကြင္း(၂)ကြင္း အတြက္ ေလလံမေခၚေတာ့ဘူး။ ယာဥ္ေၾကာပိတ္ဆို႔မႈ မျဖစ္ရေအာင္ တစ္လမ္းေမာင္းစနစ္နဲ႔ ေဆာင္ရြက္သြားဖို႔ေတြကို လ်ာထားပါ တယ္”ဟု လုံၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးမင္းဦးက ေျပာၾကားထားသည္။

ဘုရားပြဲေတာ္က်င္းပေရးအတြက္ အနီးကပ္ႀကီးၾကပ္ႏိုင္ရန္ လုပ္ငန္းေကာ္မတီကို မင္းဘူး ခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ဥကၠဌ၊ ခရုိင္ရဲတပ္ဖဲြ႔မွဴးက အတြင္းေရးမွဴးအျဖစ္ အသီးသီးတာဝန္ယူကာ ဌာနဆိုင္ရာမ်ား ပါဝင္ေသာ လုပ္ငန္းဆိုင္ရာေကာ္မတီႏွင့္ ဆပ္ေကာ္မတီ (၉)ခုျဖင့္ ႀကီးၾကပ္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေရႊစက္ေတာ္ဘုရားပဲြေတာ္မွာ ရက္ရွည္က်င္းပသည့္ပြဲေတာ္ျဖစ္ရာ တည္းခိုခန္းခေစ်းႏွဳန္း မ်ားျမင့္တက္ျခင္း၊ ဘုရားပဲြေတာ္ဝင္ေပါက္တြင္ ဂိတ္ထားရိွ၍ ယာဥ္အပ္ႏွံခေကာက္ခံျခင္းတု႔ိေၾကာင့္ ဘုရားဖူးျပည္သူမ်ား စိတ္အေနွာက္အယွက္ျဖစ္ရျခင္းမ်ား ရိွခဲ့ဖူးျခင္းျဖစ္သည္။

မန္းစက္ေတာ္ရာဘုရားပဲြေတာ္အား ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၉)ရက္ေန႔တြင္ စတင္ဖြင့္လွစ္မည္ျဖစ္ၿပီး ရက္ေပါင္း(၇၀)ခန္႔ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ရက်ရှည်ကျင်းပသည့် မန်းရွှေစက်တော် ဘုရားပွဲတော်ကာလတွင် ယာဉ်ရပ်နားခကောက်ခံသည့်စနစ်ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ရွှေစက်တော် ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

“ဒီနှစ်က ကားရပ်နားကွင်း လေလံ မပါတော့ဘူး။ ယာဉ်ရပ်နားခွင့်လည်း မကောက်တော့ဘူး။ ယာဉ်ကြော မပိတ်ဆို့ဖို့တော့ တစ်လမ်းမောင်းစနစ် လုပ်မယ်။ အောက်စက်တော်ရာနားကနေ အထူးတံတားအထိ ယာဉ်တွေကိုတော့ လာရာလမ်းအတိုင်း ပြန်သွားခွင့်ပေးပြီးတော့ အထူးတံတားကျော်ပြီးတော့ အထက်ဖက် နမ္မဒါတို့အပိုင်းကျတော့ ဒီဘက်ကို ပြန်မလာတော့ဘဲ ဘုရားပွဲတော် နောက်ကျောလမ်းကနေ ပတ်လမ်း ဖောက်ပေးထားတယ်။ အဲဒီဘက်ကနေ ထွက်ရမယ်။ ယာဉ်တွေကို အပ်နှံခမကောက်တော့ဘဲ ထိန်းသိမ်း စောင့်ရှောက်ဖို့ အတွက် စီမံပေးသွားမယ်။ တည်းခိုဆောင်တွေရှေ့မှာလည်း ယာဉ် (၂)စီးကနေ (၃)စီးအထိပဲ ခွင့်ပြုတော့မယ်”ဟု ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ဥက္ကဌဦးသန်းထွန်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ဘုရားပွဲတော်ကာလတွင် ဘုရားဖူးပြည်သူများနှင့် လုပ်ငန်းရှင်များ စိတ်အနှာက်အယှက် မရှိစေရန်အတွက် တင်ဒါလေလံစနစ် အပါအဝင် စည်းမျဉ်းစည်းကမ်းအချို့ကို ၂၀၁၉ ခုနှစ်တွင် ပြောင်းလဲ လိုက်ခြင်းဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးက ပြောကြားထားသည်။

“ဒီနှစ်မှာ တင်ဒါဈေးနှုန်းတွမြှေင့်ပြီး ပန်းကြေးစားတဲ့စနစ် (လေလံဆွဲသူအချင်းချင်း လေလံအပြိုင်မဆွဲရန် ဈေးညှိနှိုင်းပေးခြင်း) ပျောက်သွားအောင် ဆောင်ရွက်ဖို့၊ ရွှကြေိုလို့ခေါ်တဲ့ ဧည့်ကြိုတွေကြောင့် တည်းခိုဆောင် ဈေးနှုန်းတွေ မြင့်တက်စေတဲ့အတွက် ဧည့်ကြိုတွေ ထားရှိတဲ့စနစ်ကို ပျောက်သွားအောင် လုပ်ဆောင်ဖို့၊ မနှစ်က ကားကြီးကွင်းလေလံရရှိသူတွေက ယာဉ်အပ်နှံကြေးရအောင် ဘုရားပွဲတော် အဝင်ပေါက်မှာ ဂိတ်တွေထားပြီးငွေကောက်ခံမှုရှိလို့ ဘုရားဖူးပြည်သူ တွေ စိတ်အနှောက်အယှက် ဖြစ်ခဲ့ကြတာကြောင့် ဒီနှစ် ကားကြီးကွင်း(၂)ကွင်း အတွက် လေလံမခေါ်တော့ဘူး။ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ရအောင် တစ်လမ်းမောင်းစနစ်နဲ့ ဆောင်ရွက်သွားဖို့တွေကို လျာထားပါ တယ်”ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးက ပြောကြားထားသည်။

ဘုရားပွဲတော်ကျင်းပရေးအတွက် အနီးကပ်ကြီးကြပ်နိုင်ရန် လုပ်ငန်းကော်မတီကို မင်းဘူး ခရိုင်အုပ်ချုပ်ရေးမှူးက ဥက္ကဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူးက အတွင်းရေးမှူးအဖြစ် အသီးသီးတာဝန်ယူကာ ဌာနဆိုင်ရာများ ပါဝင်သော လုပ်ငန်းဆိုင်ရာကော်မတီနှင့် ဆပ်ကော်မတီ (၉)ခုဖြင့် ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေစက်တော်ဘုရားပွဲတော်မှာ ရက်ရှည်ကျင်းပသည့်ပွဲတော်ဖြစ်ရာ တည်းခိုခန်းခဈေးနှုန်း များမြင့်တက်ခြင်း၊ ဘုရားပွဲတော်ဝင်ပေါက်တွင် ဂိတ်ထားရှိ၍ ယာဉ်အပ်နှံခကောက်ခံခြင်းတို့ကြောင့် ဘုရားဖူးပြည်သူများ စိတ်အနှောက်အယှက်ဖြစ်ရခြင်းများ ရှိခဲ့ဖူးခြင်းဖြစ်သည်။

မန်းစက်တော်ရာဘုရားပွဲတော်အား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ရက်ပေါင်း(၇၀)ခန့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~