ပူတာအိုႏွင့္ မခ်မ္းေဘာ့ၿမိဳ႕မ်ားကို (၂၄)နာရီလွ်ပ္စစ္ဓါတ္အားေပးေဝမည့္ အထက္နမ့္ထြယ္ေရအားလွ်ပ္စစ္စီမံကိန္း စတင္ဖြင့္လွစ္

ပူတာအိုႏွင့္ မခ်မ္းေဘာ့ၿမိဳ႕မ်ားကို (၂၄)နာရီလွ်ပ္စစ္ဓါတ္အားေပးေဝမည့္ အထက္နမ့္ထြယ္ေရအားလွ်ပ္စစ္စီမံကိန္း စတင္ဖြင့္လွစ္
ဇန်နဝါရီ 10, 2019
By Tachileik News Agency

ကခ်င္ျပည္နယ္၊ ပူတာအိုၿမိဳ႕ေပၚရပ္ကြက္ (၁၀)ခုႏွင့္ မခ်မ္းေဘာ့ၿမိဳ႕ေပၚရပ္ကြက္ (၄)ခု သို႔ (၂၄)နာရီ လွ်ပ္စစ္ဓါတ္အားေပးမည့္ အထက္နမ့္ထြမ္ ေရအားလွ်ပ္စစ္စီမံကိန္းအား ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၉)ရက္ေန႔တြင္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တုိင္ တက္ေရာက္ ဖြင့္လွစ္ေပးခဲ့ေၾကာင္း သိရသည္။

ပူတာအိုၿမိဳ႕၏ အေနာက္ေတာင္ဘက္ (၇)မိုင္ခန္႔အကြာတြင္ရိွ နမ့္ထြယ္ေခ်ာင္းေပၚတြင္ တည္ေဆာက္ထားသည့္ အဆိုပါ ေရအားလွ်ပ္စစ္စီမံကိန္းမွာ စက္တပ္ဆင္အင္အား (၃) ဒသမ (၂) မဂၢါ၀ပ္ရိွကာ ႏွစ္စဥ္ပ်မ္းမွ် ကီလို၀ပ္နာရီ (၁၄) ဒသမ (၃) သန္း ထုတ္လုပ္ႏိုင္မည္ၿပီး ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၁၄)ရက္ေန႔မွ ဇြန္လ (၂၅)ရက္ေန႔အထိ လွ်ပ္စစ္ဓါတ္အားစမ္းသပ္ ပို႔လႊတ္ခဲ့ျခင္းျဖစ္သည္။

ေရအားလွ်ပ္စစ္စီမံကိန္း တည္ေဆာက္ေရးႏွင့္ ပတ္သက္၍ ကြင္းဆင္းစူးစမ္းေလ့လာမႈမ်ားကို ေရအားလွ်ပ္စစ္ အေကာင္အထည္ေဖာ္ေရးဦးစီးဌာနမွ ပညာရွင္မ်ားႏွင့္အတူ ဆြစ္ဇာလန္ႏုိင္ငံမွ ပညာရွင္မ်ားျဖင့္ ၂၀၁၄ ခုႏွစ္ မတ္လမွ ဇြန္လအထိ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ၿပီး ၂၀၁၄ ခုႏွစ္ ဇြန္လ(၂၄)ရက္ေန႔က စတင္ကာ ျပည္ေထာင္စု အစိုးရရန္ပံုေငြျဖင့္ တည္ေဆာက္ခြင့္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စီမံကိန္းအား ကနဦးအေကာင္အထည္ေဖၚေဆာင္ရြက္မႈကို ထူးကုမၸဏီမ်ားအုပ္စု၏ စီးပြားေရးလုပ္ငန္းစုတစ္ခုျဖစ္ေသာ HTOO Construction Development Group Co., Ltd က လုပ္ကိုင္ခြင့္ရခဲ့ၿပီး  ၂၀၁၅ ခုႏွစ္ ေဖေဖာ္၀ါရီလ(၇)ရက္ေန႔ကစတင္၍ ခိုင္မာေသာ ပန္းတိုင္ေဆာက္လုပ္ေရး ကုမၸဏီလီမိတက္( Robust Goal )ကလည္း လုပ္ငန္းေဆာင္ရြက္ခြင့္ ရရိွခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - HTOO Group of Companies


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကချင်ပြည်နယ်၊ ပူတာအိုမြို့ပေါ်ရပ်ကွက် (၁၀)ခုနှင့် မချမ်းဘော့မြို့ပေါ်ရပ်ကွက် (၄)ခု သို့ (၂၄)နာရီ လျှပ်စစ်ဓာတ်အားပေးမည့် အထက်နမ့်ထွမ် ရေအားလျှပ်စစ်စီမံကိန်းအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့၏ အနောက်တောင်ဘက် (၇)မိုင်ခန့်အကွာတွင်ရှိ နမ့်ထွယ်ချောင်းပေါ်တွင် တည်ဆောက်ထားသည့် အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းမှာ စက်တပ်ဆင်အင်အား (၃) ဒသမ (၂) မဂ္ဂါဝပ်ရှိကာ နှစ်စဉ်ပျမ်းမျှ ကီလိုဝပ်နာရီ (၁၄) ဒသမ (၃) သန်း ထုတ်လုပ်နိုင်မည်ပြီး ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၄)ရက်နေ့မှ ဇွန်လ (၂၅)ရက်နေ့အထိ လျှပ်စစ်ဓာတ်အားစမ်းသပ် ပို့လွှတ်ခဲ့ခြင်းဖြစ်သည်။

ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးနှင့် ပတ်သက်၍ ကွင်းဆင်းစူးစမ်းလေ့လာမှုများကို ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ပညာရှင်များနှင့်အတူ ဆွစ်ဇာလန်နိုင်ငံမှ ပညာရှင်များဖြင့် ၂၀၁၄ ခုနှစ် မတ်လမှ ဇွန်လအထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇွန်လ(၂၄)ရက်နေ့က စတင်ကာ ပြည်ထောင်စု အစိုးရရန်ပုံငွဖြေင့် တည်ဆောက်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအား ကနဦးအကောင်အထည်ဖော်ဆောင်ရွက်မှုကို ထူးကုမ္ပဏီများအုပ်စု၏ စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်သော HTOO Construction Development Group Co., Ltd က လုပ်ကိုင်ခွင့်ရခဲ့ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့ကစတင်၍ ခိုင်မာသော ပန်းတိုင်ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်( Robust Goal )ကလည်း လုပ်ငန်းဆောင်ရွက်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - HTOO Group of Companies

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~