ကုမၸဏီမ်ားဥပေဒအရ အြန္လိုင္းစနစ္ျဖင့္ျပန္လည္မွတ္ပံုတင္ရန္သတ္မွတ္ရက္ ဇန္နဝါရီလ (၃၁)ရက္ေန႔တြင္ ကုန္ဆံုးမည္

ကုမၸဏီမ်ားဥပေဒအရ အြန္လိုင္းစနစ္ျဖင့္ျပန္လည္မွတ္ပံုတင္ရန္သတ္မွတ္ရက္ ဇန္နဝါရီလ (၃၁)ရက္ေန႔တြင္ ကုန္ဆံုးမည္
ဇန်နဝါရီ 3, 2019
By 🌸
ျမန္မာႏုိင္ငံကုမၸဏီမ်ားဥပေဒ ၂၀၁၇ ႏွင့္အညီ ကုမၸဏီမ်ားျပန္လည္မွတ္ပံုတင္ရန္ သတ္မွတ္ေပးထားသည့္ (၆)လတာကာလမွာ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၃၁)ရက္ေန႔တြင္ ကုန္ဆံုးမည္ျဖစ္ရာ အခ်ိန္မီ ျပန္လည္မွတ္ပံုတင္ျခင္းမရိွသည့္ ကုမၸဏီမ်ားကို မွတ္ပံုတင္စာရင္းမွ ပယ္ဖ်က္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ျပန္လည္မွတ္ပံုတင္ျခင္းအတြက္ ေငြေၾကးထပ္မံေပးသြင္းရန္မလိုဘဲ MyCo တြင္ အြန္လုိင္းမွ ျပန္လည္မွတ္ပံုတင္ျခင္းကိုသာ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း သိရသည္။

ကုမၸဏီမ်ားဥပေဒ ၂၀၁၇ အရ ယခင္ အက္ဥပေဒမ်ားအရ မွတ္ပံုတင္ထားေသာ တည္ဆဲကုမၸဏီမ်ား၊ အသင္းအဖြဲ႕မ်ား၊ အဖြဲ႕အစည္းမ်ားအားလံုးသည္ အီလက္ထေရာနစ္မွတ္ပံုတင္စနစ္ MyCo တြင္ ျပန္လည္မွတ္ပံုတင္ရမည္ျဖစ္သည့္အတြက္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁)ရက္ေန႔မွ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၃၁)ရက္ေန႔အထိကို ျပန္လည္မွတ္ပံုတင္ရန္ အသိေပးထားျခင္းျဖစ္သည္။

ယခင္က ကုမၸဏီမ်ားအေနျဖင့္ (၅)ႏွစ္တစ္ႀကိမ္ သက္တမ္းတိုးရန္လိုအပ္ေသာ္လည္း ဥပေဒသစ္အရ ကုမၸဏီသက္တမ္း တိုးစရာမလိုအပ္ေတာ့သည့္အျပင္ ျပန္လည္မွတ္ပံုတင္သည့္ကုမၸဏီ မွတ္ပံုတင္နံပါတ္ႏွင့္ အခြန္မွတ္ပံုတင္နံပါတ္တို႔မွာ တစ္ခုတည္းျဖစ္ၿပီး အခြန္မွတ္ပံုတင္တစ္ပါတည္းလုပ္ေဆာင္ၿပီး ျဖစ္မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂Unicode Version ~~~~~~~~
ကုမ္ပဏီများဥပဒေအရ အွန်လိုင်းစနစ်ဖြင့်ပြန်လည်မှတ်ပုံတင်ရန်သတ်မှတ်ရက် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ကုန်ဆုံးမည်
*************
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့်အညီ ကုမ္ပဏီများပြန်လည်မှတ်ပုံတင်ရန် သတ်မှတ်ပေးထားသည့် (၆)လတာကာလမှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ရာ အချိန်မီ ပြန်လည်မှတ်ပုံတင်ခြင်းမရှိသည့် ကုမ္ပဏီများကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ပြန်လည်မှတ်ပုံတင်ခြင်းအတွက် ငွေကြေးထပ်မံပေးသွင်းရန်မလိုဘဲ MyCo တွင် အွန်လိုင်းမှ ပြန်လည်မှတ်ပုံတင်ခြင်းကိုသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ယခင် အက်ဥပဒေများအရ မှတ်ပုံတင်ထားသော တည်ဆဲကုမ္ပဏီများ၊ အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများအားလုံးသည် အီလက်ထရောနစ်မှတ်ပုံတင်စနစ် MyCo တွင် ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်သည့်အတွက် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့အထိကို ပြန်လည်မှတ်ပုံတင်ရန် အသိပေးထားခြင်းဖြစ်သည်။

ယခင်က ကုမ္ပဏီများအနေဖြင့် (၅)နှစ်တစ်ကြိမ် သက်တမ်းတိုးရန်လိုအပ်သော်လည်း ဥပဒေသစ်အရ ကုမ္ပဏီသက်တမ်း တိုးစရာမလိုအပ်တော့သည့်အပြင် ပြန်လည်မှတ်ပုံတင်သည့်ကုမ္ပဏီ မှတ်ပုံတင်နံပါတ်နှင့် အခွန်မှတ်ပုံတင်နံပါတ်တို့မှာ တစ်ခုတည်းဖြစ်ပြီး အခွန်မှတ်ပုံတင်တစ်ပါတည်းလုပ်ဆောင်ပြီး ဖြစ်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~