ၿမိဳ႕သစ္ဘူတာရံု ေျမယာအျငင္းပြားၿပီး ဌာနဆိုင္ရာႏွင့္ ေနအိမ္ပိုင္ရွင္တုိ႔ အျပန္အလွန္ အမႈဖြင့္ၾကရာ ေနအိမ္ပိုင္ရွင္ကို ရဲစန္းက အမႈမဖြင့္ေပး

ၿမိဳ႕သစ္ဘူတာရံု ေျမယာအျငင္းပြားၿပီး ဌာနဆိုင္ရာႏွင့္ ေနအိမ္ပိုင္ရွင္တုိ႔ အျပန္အလွန္ အမႈဖြင့္ၾကရာ ေနအိမ္ပိုင္ရွင္ကို ရဲစန္းက အမႈမဖြင့္ေပး
ဇန်နဝါရီ 28, 2019
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး၊ မေကြးၿမိဳ႕နယ္ ၿမိဳ႕သစ္မီးရထားဘူတာရံုေဘးရိွ ေနအိမ္ၿခံဝန္းတြင္ ႏွစ္ေပါင္း(၆၀)ခန္႔ ေနထုိင္လာသူအား မီးရထားလုပ္ငန္းတာဝန္ရိွသူမ်ားက ပိုင္နက္က်ဴးလြန္မႈျဖင့္ အမႈဖြင့္သျဖင့္ ေနအိမ္ပိုင္ရွင္က မီးရထားလုပ္ငန္းအား ျပန္လည္အမႈဖြင့္တုိင္ၾကားသည္ကို ရဲစခန္းက အမႈမဖြင့္ ေပးေသးေၾကာင္း သိရသည္။

“၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ (၂၅) ရက္ေန႔မွာ ကိုယ့္အိမ္ဝိုင္းမွာ ကိုယ္ေန ေနတဲ့ ကၽြန္ေတာ့္ကို ပိုင္နက္က်ဴးလြန္မႈ ပုဒ္မ ၄၄၇ နဲ႔ ၿမိဳ႕သစ္မီးရထားရံုပိုင္က အမႈဖြင့္ျပန္ပါတယ္။ ၿမိဳ႕သစ္ရဲစခန္းကလည္း သူတို႔ ဖြင့္တဲ့အမႈကိုေတာ့ လက္ခံၿပီး ကၽြန္ေတာ့္အိမ္ဝိုင္းထဲ က်ဴးေက်ာ္ဝင္ေရာက္ၿပီး ကၽြန္ေတာ္တို႔ မိသားစုကို အတင္းအဓမၼဖယ္ရွားေပးဖို႔ ၿခိမ္းေျခာက္ေျပာဆိုတဲ့အေပၚ အမႈျပန္ဖြင့္ေပးဖို႔ တိုင္တာက်ေတာ့ ဖြင့္မေပးဘဲ တရားရံုး ဦးတိုက္ေလွ်ာက္ဖို႔ေျပာေနပါတယ္။ အဲဒီလို ႏိုင္ထက္စီးနင္းလုပ္ခံေနရတာေၾကာင့္ အခုလို သတင္းစာရွင္းလင္းပဲြျပဳလုပ္ရ တာပါ”ဟု ေနအိမ္ပိုင္ရွင္ျဖစ္သူဦးျမင့္ဟန္က ေျပာသည္။

ၿမိဳ႕သစ္ရဲစခန္းက အမႈလက္ခံ ဖြင့္ေပးျခင္းမရိွသျဖင့္ ေနအိမ္ပိုင္ရွင္က ဇန္နဝါရီလ (၂၇)ရက္ေန႔တြင္ သတင္းစာရွင္းလင္းပြဲ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေျမေနရာမွ ဖယ္ရွားေပးရန္ မီးရထားလုပ္ငန္းတာဝန္ရိွသူမ်ားက ႏို႔တစ္စာေပးခဲ့သည္ကို ဖယ္ရွား မေပးသည့္အတြက္ ၂၀၁၈ ခုႏွစ္ကလည္း ဦးျမင့္ဟန္ကို ျပည္သူပိုင္ပစၥည္း ကာကြယ္ေစာင့္ေရွာက္ေရး ဥပေဒပုဒ္မ ၆(၁)ႏွင့္ အမႈဖြင့္ခဲ့၍ ရဲစခန္းအခ်ဳပ္တြင္ ရက္(၂၀)ခန္႔ေနထုိင္ကာ တရားရင္ဆုိင္ခဲ့ရကာ မွားယြင္းစြဲဆိုမႈျဖင့္ ျပန္လည္လြတ္ေျမာက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

“ပံုစံ (၁၀၅) ဆိုတာက ပိုင္ဆိုင္မႈနဲ႔ မဆိုင္ဘဲ ေျမေနရာေျမပံုျပတာပဲျဖစ္တယ္။ ၿမိဳ႕သစ္က ဌာနဆိုင္ရာအားလံုးမွာ တရားဝင္ေျမေပးမိန္႔ရိွတယ္။ သူတို႔သိမ္းထားတာ ဟုတ္ မဟုတ္သိခ်င္ရင္ ေျမေပးမိန္႔သာစစ္လိုက္ သိပါလိမ့္မယ္။ အခု ပံုစံ ၁၀၅နဲ႔ ဆဲြထားတယ္ဆိုတဲ့ေျမေနရာေတြဟာ ဦးပိုင္ေပါက္ထားတဲ့ေျမေတြျဖစ္လို႔ ဘယ္ဌာနမွ ဦးပိုင္ဆိုတာမရိွဘူး။ ေျမကြက္နံပါတ္နဲ႔ပဲထြက္တယ္" ဟု ေျမစာရင္းဝန္ထမ္း(ၿငိမ္း)ဦးျမင့္သိန္းက အဆိုပါေျမေနရာႏွင့္ပတ္သက္၍ ေျပာသည္။

ၿမိဳ႕သစ္ၿမိဳ႕၊ ကြက္သစ္ရပ္ကြက္၊ ကြင္းအမွတ္(၁/၆) မွာရိွသည့္ ဦးပိုင္အမွတ္ ၂၊၁၀၊ ၄၀ ႏွင့္ ၅၁ ႐ွိ ေျမအက်ယ္(၁၃.၃၃၂)ဧက ကို ပိုင္ဆိုင္ေၾကာင္း အေထာက္အထားအျဖစ္ ျမန္မာ့မီးရထား(ၿမိဳ႕သစ္ဘူတာ) တြင္ ၿမိဳ႕နယ္ လယ္ယာသိမ္းေကာ္မတီ၏ ၿမိဳ႕သစ္ေျမရာဇဝင္ ႏွင့္ ၂၀၁၄ ခုႏွစ္တြင္ ထုတ္ေပးထားေသာ ပံုစံ (၁၀၅)/(၁၀၆) ရိွေၾကာင္း ဘူတာ႐ံုပိုင္ ဦးျမင့္ႏုိင္က ေျပာၾကားသည္။

“၂၀၁၆ ခုႏွစ္တုန္းက ကၽြန္ေတာ့္ကို ေျမသိမ္းစစ္ေကာ္မတီက ေခၚစစ္ခဲ့ပါတယ္။ ဒီေျမဟာ ဦးျမင့္ဟန္မိဘေတြေနထိုင္လုပ္ကိုင္လာခဲ့တာ မွန္ကန္ေၾကာင္းနဲ႔ မီးရထားပိုင္ေျမ မဟုတ္ဘူးလို႔ ထြက္ဆိုခဲ့ပါတယ္။ ကၽြန္ေတာ့္ လုပ္သက္ ႏွစ္(၄၀)အတြင္း ၿမိဳ႕သစ္မီးရထားက ေျမသိမ္းတယ္ဆိုတာ မရိွခဲ့ပါဘူး လို႔လည္း ထြက္ဆိုခဲ့ပါတယ္"ဟု မီးရထားဝန္ထမ္း(ၿငိမ္း)ဦးထြန္းေက်ာ္က ေျပာသည္။

ဦးျမင့္ဟန္၏ မိဘမ်ားလက္ထက္ကတည္းက အဆိုပါေျမေနရာတြင္ ေနထုိင္လာၾကျခင္းျဖစ္ၿပီး ေျမသိမ္းမိန္႔ ရရိွထားျခင္း၊ ေလ်ာ္ေၾကးေပးအပ္ထားျခင္းမရိွခဲ့ဘူးေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် မြို့သစ်မီးရထားဘူတာရုံဘေးရှိ နေအိမ်ခြံဝန်းတွင် နှစ်ပေါင်း(၆၀)ခန့် နေထိုင်လာသူအား မီးရထားလုပ်ငန်းတာဝန်ရှိသူများက ပိုင်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်သဖြင့် နေအိမ်ပိုင်ရှင်က မီးရထားလုပ်ငန်းအား ပြန်လည်အမှုဖွင့်တိုင်ကြားသည်ကို ရဲစခန်းက အမှုမဖွင့် ပေးသေးကြောင်း သိရသည်။

“၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့မှာ ကိုယ့်အိမ်ဝိုင်းမှာ ကိုယ်နေ နေတဲ့ ကျွန်တော့်ကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ မြို့သစ်မီးရထားရုံပိုင်က အမှုဖွင့်ပြန်ပါတယ်။ မြို့သစ်ရဲစခန်းကလည်း သူတို့ ဖွင့်တဲ့အမှုကိုတော့ လက်ခံပြီး ကျွန်တော့်အိမ်ဝိုင်းထဲ ကျူးကျော်ဝင်ရောက်ပြီး ကျွန်တော်တို့ မိသားစုကို အတင်းအဓမ္မဖယ်ရှားပေးဖို့ ခြိမ်းခြောက်ပြောဆိုတဲ့အပေါ် အမှုပြန်ဖွင့်ပေးဖို့ တိုင်တာကျတော့ ဖွင့်မပေးဘဲ တရားရုံး ဦးတိုက်လျှောက်ဖို့ပြောနေပါတယ်။ အဲဒီလို နိုင်ထက်စီးနင်းလုပ်ခံနေရတာကြောင့် အခုလို သတင်းစာရှင်းလင်းပွဲပြုလုပ်ရ တာပါ”ဟု နေအိမ်ပိုင်ရှင်ဖြစ်သူဦးမြင့်ဟန်က ပြောသည်။

မြို့သစ်ရဲစခန်းက အမှုလက်ခံ ဖွင့်ပေးခြင်းမရှိသဖြင့် နေအိမ်ပိုင်ရှင်က ဇန်နဝါရီလ (၂၇)ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေနေရာမှ ဖယ်ရှားပေးရန် မီးရထားလုပ်ငန်းတာဝန်ရှိသူများက နို့တစ်စာပေးခဲ့သည်ကို ဖယ်ရှား မပေးသည့်အတွက် ၂၀၁၈ ခုနှစ်ကလည်း ဦးမြင့်ဟန်ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)နှင့် အမှုဖွင့်ခဲ့၍ ရဲစခန်းအချုပ်တွင် ရက်(၂၀)ခန့်နေထိုင်ကာ တရားရင်ဆိုင်ခဲ့ရကာ မှားယွင်းစွဲဆိုမှုဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

“ပုံစံ (၁၀၅) ဆိုတာက ပိုင်ဆိုင်မှုနဲ့ မဆိုင်ဘဲ မြေနေရာမြေပုံပြတာပဲဖြစ်တယ်။ မြို့သစ်က ဌာနဆိုင်ရာအားလုံးမှာ တရားဝင်မြေပေးမိန့်ရှိတယ်။ သူတို့သိမ်းထားတာ ဟုတ် မဟုတ်သိချင်ရင် မြေပေးမိန့်သာစစ်လိုက် သိပါလိမ့်မယ်။ အခု ပုံစံ ၁၀၅နဲ့ ဆွဲထားတယ်ဆိုတဲ့မြေနေရာတွေဟာ ဦးပိုင်ပေါက်ထားတဲ့မြေတွဖြေစ်လို့ ဘယ်ဌာနမှ ဦးပိုင်ဆိုတာမရှိဘူး။ မြေကွက်နံပါတ်နဲ့ပဲထွက်တယ်" ဟု မြေစာရင်းဝန်ထမ်း(ငြိမ်း)ဦးမြင့်သိန်းက အဆိုပါမြေနေရာနှင့်ပတ်သက်၍ ပြောသည်။

မြို့သစ်မြို့၊ ကွက်သစ်ရပ်ကွက်၊ ကွင်းအမှတ်(၁/၆) မှာရှိသည့် ဦးပိုင်အမှတ် ၂၊၁၀၊ ၄၀ နှင့် ၅၁ ရှိ မြေအကျယ်(၁၃.၃၃၂)ဧက ကို ပိုင်ဆိုင်ကြောင်း အထောက်အထားအဖြစ် မြန်မာ့မီးရထား(မြို့သစ်ဘူတာ) တွင် မြို့နယ် လယ်ယာသိမ်းကော်မတီ၏ မြို့သစ်မြေရာဇဝင် နှင့် ၂၀၁၄ ခုနှစ်တွင် ထုတ်ပေးထားသော ပုံစံ (၁၀၅)/(၁၀၆) ရှိကြောင်း ဘူတာရုံပိုင် ဦးမြင့်နိုင်က ပြောကြားသည်။

“၂၀၁၆ ခုနှစ်တုန်းက ကျွန်တော့်ကို မြေသိမ်းစစ်ကော်မတီက ခေါ်စစ်ခဲ့ပါတယ်။ ဒီမြေဟာ ဦးမြင့်ဟန်မိဘတွေနေထိုင်လုပ်ကိုင်လာခဲ့တာ မှန်ကန်ကြောင်းနဲ့ မီးရထားပိုင်မြေ မဟုတ်ဘူးလို့ ထွက်ဆိုခဲ့ပါတယ်။ ကျွန်တော့် လုပ်သက် နှစ်(၄၀)အတွင်း မြို့သစ်မီးရထားက မြေသိမ်းတယ်ဆိုတာ မရှိခဲ့ပါဘူး လို့လည်း ထွက်ဆိုခဲ့ပါတယ်"ဟု မီးရထားဝန်ထမ်း(ငြိမ်း)ဦးထွန်းကျော်က ပြောသည်။

ဦးမြင့်ဟန်၏ မိဘများလက်ထက်ကတည်းက အဆိုပါမြေနေရာတွင် နေထိုင်လာကြခြင်းဖြစ်ပြီး မြေသိမ်းမိန့် ရရှိထားခြင်း၊ လျော်ကြေးပေးအပ်ထားခြင်းမရှိခဲ့ဘူးကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~