ကျိုင်းတုံမြို့တွင် ထောက်ခံချက်မရှိသည့် စားသောက်ကုန်များနှင့် တားမြစ်စားသောက်ကုန်များကို မီးရှို့ဖျက်ဆီးရာတွင် တရားမ၀င်ကုန်သွယ်မှုတားဆီးရေးအဖွဲ့မှ အပ်နှံသည့်များကိုလည်း ထည့်သွင်း ဖျက်ဆီး

ကျိုင်းတုံမြို့တွင် ထောက်ခံချက်မရှိသည့် စားသောက်ကုန်များနှင့် တားမြစ်စားသောက်ကုန်များကို မီးရှို့ဖျက်ဆီးရာတွင် တရားမ၀င်ကုန်သွယ်မှုတားဆီးရေးအဖွဲ့မှ အပ်နှံသည့်များကိုလည်း ထည့်သွင်း ဖျက်ဆီး
ဇနျနဝါရီ 21, 2019
By Tachileik News Agency




စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းကာ ဈေးများအတွင်း ရောင်းချနေသည့် စားသောက်ကုန်များကို တစ်ပတ်တစ်ကြိမ် ရှောင်တခင် လိုက်လံစစ်ဆေးနေပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၁၆)ရက်နေ့ နှင့် နိုဝင်ဘာလ(၂၈)ရက်နေ့များက သိမ်းဆည်းထားသည့် စားသောက်ကုန်များ အပါအ၀င်၊ ၂၀၁၉ခုနှစ် ဇန်န၀ါရီလ(၃)ရက်နေ့ နှင့် ဇန်န၀ါရီလ(၁၆)ရက်နေ့များကလည်း ထပ်မံ သိမ်းဆည်းထားသည့် စားသောက်ကုန်များ ပါဝင်ရာ ကျပ်(၆၃၇,၇၀၀)နှင့် ဇန်န၀ါရီလ(၁၉)ရက်နေ့က တရားမ၀င်ကုန်သွယ်မှုတားဆီးရေး အဖွဲ့မှ သိမ်းဆည်းအပ်နှံသည့် ထိုင်းနိုင်ငံထုတ် ၀က်ခေါက်နှင့် ငါးခဲပတ် ကျပ်(၆၅၀,၀၀၀)တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

"ဖမ်းဆီးသိမ်းဆည်းထားတဲ့အထဲမှာ ပါတဲ့ စိုက်ပျိုးရေးသုံး ပစ္စည်းတွေကတော့ မီးရှို့စရာမလိုဘူး၊ အဲ့ဒါတွေကြတော့ စိုက်ပျိုးရေးဌာနကို လွှဲလိုက်ပြီ၊ တရားဝင် လွှဲလိုက်ပြီးတော့ သူတို့က ဆက်လုပ်တော့မှာ"ဟု   ဦးသန်းစိုး ပြောသည်။

ဈေးကွက်အတွင်း စားသောက်ကုန်များနှင့် ကုန်ပစ္စည်းများကို စားသုံးသူ၊ သုံးစွဲသူများ ဘေးအန္တရာယ်ကင်း စေရေး အတွက် ပြည်တွင်းထုတ်သူများတွင်လည်း လိုအပ်သည့် ထောက်ခံချက်များ အပါအဝင် ကုန်ပစ္စည်းတွင် ပါဝင်ပစ္စည်းများ၊ သက်တမ်းကုန်ဆုံးရက်များ ဖေါ်ပြစေခြင်းနှင့် ပြည်ပမှ တင်သွင်း ရာတွင်လည်း သက်ဆိုင်ရာဌာန အလိုက် စစ်ဆေးပြီး ခွင့်ပြုချက်အတိုင်း တင်သွင်းစေခြင်းတို့ဖြင့် ဆောင်ရွက်စေကာ လိုက်နာခြင်း မရှိပါက ဥပဒေအရ အရေးယူခြင်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က စားသုံးသူ အကာအကွယ် ပေးရေး ဥပဒေပုဒ်မ ၁၉(င)နှင့်(စ)အရ သိမ်းဆည်းထားသည့် ထောက်ခံချက်မရှိ စားသောက်ကုန်များနှင့် တားမြစ်စားသောက်ကုန်များကို မီးရှို့ဖျက်ဆီးမှုအဖြစ် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၁)ရက်နေ့ ညနေပိုင်းက ကျိုင်းတုံမြို့ရှိ မီးရထားဘူတာရုံဟောင်းဝန်းအတွင်း၌ ပြုလုပ်ရာ တရားမဝင်ကုန်သွယ်မှု တားဆီးရေးအဖွဲမှ အပ်နှံသည့် စားသုံးကုန်များကိုပါဝင် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“မနေ့ကတင်တဲ့ စာရင်းအပြင် တရားမဝင်ကုန်သွယ်မှုတားဆီးရေး၊ ထိန်းချုပ်ရေးဆိုတာ ပြည်နယ်အစိုးရက ဖွဲ့ထားတာ။ ၁၉ ရက်နေ့က သတင်းပို့တော့ ကားတစ်စီးနဲ့ တရားမဝင် အေးခဲအသားတွေ ယိုးဒယား ဝက်ခေါက်၊ ငါးခဲပတ်တွေ ခဲပုံးနဲ့လာတာ။ အဲတာတွေ (၆)သိန်းခွဲလောက်က သပ်သပ်ပေါ့။ အဲဒါတွေက စားသုံးသူ ကာကွယ်ရေးနဲ့ ငြိတယ်ဆိုပြီး တင်ပြလာတော့ ကျွန်တော်တို့ ပေါင်းပြီး ဖျက်ဆီးလိုက်ပါတယ်”ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်း အေဂျင်စီသို့ ဇန်နဝါရီ (၂၁)ရက်နေ့ ညနေပိုင်းက ပြောသည်။

အဆိုပါ မီးရှိုးဖျက်ဆီးခြင်း အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန(ရှမ်းအရှေ့) ဒုတိယပြည်နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ နှင့် သက်ဆိုင်ရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့အနဖြေင့် သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းကာ ဈေးများအတွင်း ရောင်းချနေသည့် စားသောက်ကုန်များကို တစ်ပတ်တစ်ကြိမ် ရှောင်တခင် လိုက်လံစစ်ဆေးနပြေီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၁၆)ရက်နေ့ နှင့် နိုဝင်ဘာလ(၂၈)ရက်နေ့များက သိမ်းဆည်းထားသည့် စားသောက်ကုန်များ အပါအဝင်၊ ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၃)ရက်နေ့ နှင့် ဇန်နဝါရီလ(၁၆)ရက်နေ့များကလည်း ထပ်မံ သိမ်းဆည်းထားသည့် စားသောက်ကုန်များ ပါဝင်ရာ ကျပ်(၆၃၇,၇၀၀)နှင့် ဇန်နဝါရီလ(၁၉)ရက်နေ့က တရားမဝင်ကုန်သွယ်မှုတားဆီးရေး အဖွဲ့မှ သိမ်းဆည်းအပ်နှံသည့် ထိုင်းနိုင်ငံထုတ် ဝက်ခေါက်နှင့် ငါးခဲပတ် ကျပ်(၆၅၀,ဝဝဝ)တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

"ဖမ်းဆီးသိမ်းဆည်းထားတဲ့အထဲမှာ ပါတဲ့ စိုက်ပျိုးရေးသုံး ပစ္စည်းတွေကတော့ မီးရှို့စရာမလိုဘူး၊ အဲ့ဒါတွကြေတော့ စိုက်ပျိုးရေးဌာနကို လွှဲလိုက်ပြီ၊ တရားဝင် လွှဲလိုက်ပြီးတော့ သူတို့က ဆက်လုပ်တော့မှာ"ဟု ဦးသန်းစိုး ပြောသည်။

ဈေးကွက်အတွင်း စားသောက်ကုန်များနှင့် ကုန်ပစ္စည်းများကို စားသုံးသူ၊ သုံးစွဲသူများ ဘေးအန္တရာယ်ကင်း စေရေး အတွက် ပြည်တွင်းထုတ်သူများတွင်လည်း လိုအပ်သည့် ထောက်ခံချက်များ အပါအဝင် ကုန်ပစ္စည်းတွင် ပါဝင်ပစ္စည်းများ၊ သက်တမ်းကုန်ဆုံးရက်များ ဖော်ပြစခြေင်းနှင့် ပြည်ပမှ တင်သွင်း ရာတွင်လည်း သက်ဆိုင်ရာဌာန အလိုက် စစ်ဆေးပြီး ခွင့်ပြုချက်အတိုင်း တင်သွင်းစခြေင်းတို့ဖြင့် ဆောင်ရွက်စေကာ လိုက်နာခြင်း မရှိပါက ဥပဒေအရ အရေးယူခြင်းများကို လုပ်ဆောင်နခြေင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ကျိုင်းတုံစားသုံးသူရေးရာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~