မိုင္းဆတ္ၿမိဳ႕နယ္ ဆန္ကန္ေက်းရြာအုပ္စုအတြင္း ျဖစ္ပြားခဲ့သည့္ မီးေလာင္မႈေၾကာင့္ မီးေဘးသင့္ မိသားစုအား ေထာက္ပံ့ပစၥည္းမ်ား ေပးအပ္

မိုင္းဆတ္ၿမိဳ႕နယ္ ဆန္ကန္ေက်းရြာအုပ္စုအတြင္း ျဖစ္ပြားခဲ့သည့္ မီးေလာင္မႈေၾကာင့္ မီးေဘးသင့္ မိသားစုအား ေထာက္ပံ့ပစၥည္းမ်ား ေပးအပ္
ဇန်နဝါရီ 19, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ၿမိဳ႕နယ္၊ ဆန္ကန္ေက်းရြာအုပ္စုအတြင္း ဇန္န၀ါရီလ(၁၇)ရက္ေန႔ နံနက္(၅)နာရီက ျဖစ္ပြားခဲ့သည့္ မီးေလာင္မႈေၾကာင့္ မီးေဘးသင့္ မိသားစု (၁)စုအား ကယ္ဆယ္ေရး ပစၥည္းမ်ားကို ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၁၈)ရက္ေန႔က ခ႐ိုင္ၾကက္ေျခနီတပ္ဖဲြ႔မွ ေထာက္ပံ့ေပးအပ္ေၾကာင္း သိရသည္။

မိုင္းဆတ္ၿမိဳ႕နယ္၊ ဆန္ကန္ေက်းရြာအုပ္စု၊ နားေလာင္းေက်းရြာတြင္ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၁၇)ရက္ေန႔ နံနက္(၅)နာရီက ျဖစ္ပြားခဲ့သည့္ မီးေလာင္မႈေၾကာင့္ ဦးအိုက္ပန္း၏ အလ်ား(၂၂)ေပ ႏွင့္ အနံ(၁၆)ေပ၀န္းက်င္ရွိ သက္ကယ္မိုးထရံကာေနအိမ္တစ္လံုး ႏွင့္ အိမ္အသံုးအေဆာင္ပစၥည္းမ်ား အပါအ၀င္ ဆန္(၅)အိတ္၊ ေျပာင္းဖူး(၁၅)ပံုး၊ သြပ္မိုးထရံကာ ဆန္စက္အေဆာက္အဦ နံရံတစ္ဖက္ မီးေလာင္ကြ်မ္း သြားေၾကာင္းႏွင့္ (၅)ကီလို ဒိုင္နမို (၁)လံုးတို႔ မီးေလာင္ဆံုးရႈံးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ ဦးအိုက္ပန္း၏ မိသားစု၀င္ (၉)ဦးအား မိုင္းဆတ္ခရိုင္ၾကက္ေျခနီတပ္ဖြဲ႔မွဴး ဦးစိုင္းထြန္းဦး ႏွင့္ ၿမိဳ႕နယ္ၾကက္ေျခနီတပ္ဖြဲ႔၀င္မ်ားက အိမ္အသုံးအေဆာင္ပစၥည္းမ်ား(family kit)၊ တစ္ကိုယ္ ေရသန္႔ရွင္းေရးသုံးပစၥည္းမ်ား(hygiene kit)၊ က်န္းမာေရးသုံးပစၥည္းမ်ား(dignity kit)ႏွင့္ေရပုံးတို႔အား သြားေရာက္ ေထာက္ပံ့ေပးအပ္ၿပီး ေက်းရြာ၌ သဘာ၀ေဘးအႏၱရာယ္ အသိပညာေပးပိုစတာမ်ား ျဖန္႔ေ၀ေပးခဲ့ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - သန္းေဇာ္ဦး


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ ဆန်ကန်ကျေးရွာအုပ်စုအတွင်း ဇန်နဝါရီလ(၁၇)ရက်နေ့ နံနက်(၅)နာရီက ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် မီးဘေးသင့် မိသားစု (၁)စုအား ကယ်ဆယ်ရေး ပစ္စည်းများကို ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့က ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ်၊ ဆန်ကန်ကျေးရွာအုပ်စု၊ နားလောင်းကျေးရွာတွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁၇)ရက်နေ့ နံနက်(၅)နာရီက ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် ဦးအိုက်ပန်း၏ အလျား(၂၂)ပေ နှင့် အနံ(၁၆)ပေဝန်းကျင်ရှိ သက်ကယ်မိုးထရံကာနေအိမ်တစ်လုံး နှင့် အိမ်အသုံးအဆောင်ပစ္စည်းများ အပါအဝင် ဆန်(၅)အိတ်၊ ပြောင်းဖူး(၁၅)ပုံး၊ သွပ်မိုးထရံကာ ဆန်စက်အဆောက်အဦ နံရံတစ်ဖက် မီးလောင်ကျွမ်း သွားကြောင်းနှင့် (၅)ကီလို ဒိုင်နမို (၁)လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဦးအိုက်ပန်း၏ မိသားစုဝင် (၉)ဦးအား မိုင်းဆတ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုင်းထွန်းဦး နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက အိမ်အသုံးအဆောင်ပစ္စည်းများ(family kit)၊ တစ်ကိုယ် ရေသန့်ရှင်းရေးသုံးပစ္စည်းများ(hygiene kit)၊ ကျန်းမာရေးသုံးပစ္စည်းများ(dignity kit)နှင့်ရေပုံးတို့အား သွားရောက် ထောက်ပံ့ပေးအပ်ပြီး ကျေးရွာ၌ သဘာဝဘေးအန္တရာယ် အသိပညာပေးပိုစတာများ ဖြနေ့်ဝပေးခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~