လိႈင္သာယာၿမိဳ႕နယ္ က်ဴးေက်ာ္အိမ္အတြင္းမွ ေခြးပု ႏွင့္ ရဲေအာင္ထံက မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ

လိႈင္သာယာၿမိဳ႕နယ္ က်ဴးေက်ာ္အိမ္အတြင္းမွ ေခြးပု ႏွင့္ ရဲေအာင္ထံက မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ
ဇန်နဝါရီ 17, 2019
By Tachileik News Agency

ရန္ကုန္ၿမိဳ႕၊ လိႈင္သာယာၿမိဳ႕နယ္တြင္ မူးယစ္ေဆးေရာင္းဝယ္ေၾကာင္းသတင္းရသည့္ေနအိမ္အား ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၇)ရက္ေန႔က ဝင္ေရာက္စစ္ေဆးရာ မူးယစ္ေဆးသံုးစြဲေနသူ (၂)ဦးကို စိတ္ၾကြေဆးျပား (၁၀၀)ျပား၊ စိတ္ၾကြေဆးအသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴးရံုးမွ ဦးစီးဌာနခြဲ၊ စစ္ေဆးေရးဌာနစုမွ ရဲအုပ္ေအးထြန္းသိန္း ႏွင့္ တပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔သည္   ညေန (၅)နာရီအခ်ိန္က လိႈင္သာယာၿမိဳ႕နယ္၊ (၆)ရပ္ကြက္၊ ခ်မ္းေျမ႕ (၂)လမ္းတြင္ က်ဴးေက်ာ္ေနသည့္ ေအာင္သက္ပိုင္(ခ) ေခြးပု၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ေအာင္သက္ပိုင္(ခ)ေခြးပုႏွင့္ ရဲေအာင္တုိ႔ မူးယစ္ေဆးအသံုးျပဳေနသည္ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

၎တို႔ အနီးမွ စိတ္ၾကြေဆးျပား (၁၀၀)ျပားႏွင့္အတူ မူးယစ္ေဆးသံုးသည့္ ဆက္စပ္ပစၥည္းမ်ားကိုလည္း ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိသည့္ ေအာင္သက္ပိုင္(ခ)ေခြးပုႏွင့္ ရဲေအာင္တို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆုိင္ရာဥပေဒအရ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် မူးယစ်ဆေးရောင်းဝယ်ကြောင်းသတင်းရသည့်နေအိမ်အား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့က ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးသုံးစွဲနေသူ (၂)ဦးကို စိတ်ကြွဆေးပြား (၁၀၀)ပြား၊ စိတ်ကြွဆေးအသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးဌာနခွဲ၊ စစ်ဆေးရေးဌာနစုမှ ရဲအုပ်အေးထွန်းသိန်း နှင့် တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ညနေ (၅)နာရီအချိန်က လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်၊ ချမ်းမြေ့ (၂)လမ်းတွင် ကျူးကျော်နေသည့် အောင်သက်ပိုင်(ခ) ခွေးပု၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ အောင်သက်ပိုင်(ခ)ခွေးပုနှင့် ရဲအောင်တို့ မူးယစ်ဆေးအသုံးပြုနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ အနီးမှ စိတ်ကြွဆေးပြား (၁၀၀)ပြားနှင့်အတူ မူးယစ်ဆေးသုံးသည့် ဆက်စပ်ပစ္စည်းများကိုလည်း တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် အောင်သက်ပိုင်(ခ)ခွေးပုနှင့် ရဲအောင်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~