ဆိုင္ကယ္တြင္ တပ္ဆင္ထားသည့္ GPS စနစ္ေၾကာင့္ ဆိုင္ကယ္ႏွင့္ ခိုးယူသြားသူအား ေဖာ္ထုတ္ဖမ္းမိ

ဆိုင္ကယ္တြင္ တပ္ဆင္ထားသည့္ GPS စနစ္ေၾကာင့္ ဆိုင္ကယ္ႏွင့္ ခိုးယူသြားသူအား ေဖာ္ထုတ္ဖမ္းမိ
ဇန်နဝါရီ 15, 2019
By Tachileik News Agency

ေနအိမ္တြင္း ၀င္ေရာက္ခိုးယူသြားသည့္ ဆိုင္ကယ္အား ဆိုင္ကယ္တြင္ တပ္ဆင္ထားသည့္ GPS စနစ္ေၾကာင့္ ဆိုင္ကယ္ကို ျပန္လည္ရရွိၿပီး ဆိုင္ကယ္ခိုးသူတို႔အား ဖမ္းဆီးရ အေရးယူထားေၾကာင္း သိရသည္။

မႏၱေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ ေဟမာဇလရပ္ကြက္ရွိ ေနအိမ္ ေအာက္ထပ္ ေလွကား အမိုးေအာက္တြင္ ဇတ္ေသာ့ခတ္၍ ရပ္တန္႔ထားသည့္ Scoopy အမ်ဳိးအစား အနက္ေရာင္ ေမာ္ေတာ္ ဆိုင္ကယ္မွာ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၁၃)ရက္ေန႔ ည(၈)နာရီ (၅၀)မိနစ္၀န္းက်င္က ေပ်ာက္ဆံုး ေနေၾကာင္း သိရ၍ ခ်မ္းေအးသာစံၿမိဳ႕မရဲစခန္းသို႔ ဆက္သြယ္အေၾကာင္းၾကားခဲ့ရာမွ ဆိုင္ကယ္တြင္ တပ္ဆင္ထားသည့္ GPS စနစ္ေၾကာင့္ ျပန္လည္ရွာေတြ႕ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဆိုင္ကယ္တြင္ တပ္ဆင္ထားသည့္ GPS ၏ ညႊန္ျပခ်က္အတိုင္း လိုက္လံရွာေဖြရာမွ က်ဥ္ေတာက္ေပါက္ ေက်းရြာေန ထြန္းသိန္းေအာင္ ႏွင့္ ျပည့္ၿဖဳိးေအာင္တို႔အား ဆိုင္ကယ္ႏွင့္အတူ ေတြ႔ရွိ ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

ဆိုင္ကယ္ႏွင့္အတူ ေတြ႔ရွိရသည့္  ၎တို႔ ႏွစ္ဦးသည္ ဆိုင္ကယ္အား တစ္ရြာတည္းေန ေရႊထိုက္ႏွင့္အတူ ခိုးယူခဲ့ျခင္း ျဖစ္ေၾကာင္း စစ္ေဆးေတြ႕ရွိရ၍ ခ်မ္းေအးသာစံၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ Unicode Version ~~~~~~~~

နေအိမ်တွင်း ဝင်ရောက်ခိုးယူသွားသည့် ဆိုင်ကယ်အား ဆိုင်ကယ်တွင် တပ်ဆင်ထားသည့် GPS စနစ်ကြောင့် ဆိုင်ကယ်ကို ပြန်လည်ရရှိပြီး ဆိုင်ကယ်ခိုးသူတို့အား ဖမ်းဆီးရ အရေးယူထားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ဟေမာဇလရပ်ကွက်ရှိ နေအိမ် အောက်ထပ် လှေကား အမိုးအောက်တွင် ဇတ်သော့ခတ်၍ ရပ်တန့်ထားသည့် Scoopy အမျိုးအစား အနက်ရောင် မော်တော် ဆိုင်ကယ်မှာ ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁၃)ရက်နေ့ ည(၈)နာရီ (၅၀)မိနစ်ဝန်းကျင်က ပျောက်ဆုံး နေကြောင်း သိရ၍ ချမ်းအေးသာစံမြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့ရာမှ ဆိုင်ကယ်တွင် တပ်ဆင်ထားသည့် GPS စနစ်ကြောင့် ပြန်လည်ရှာတွေ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုင်ကယ်တွင် တပ်ဆင်ထားသည့် GPS၏ ညွှန်ပြချက်အတိုင်း လိုက်လံရှာဖွေရာမှ ကျဉ်တောက်ပေါက် ကျေးရွာနေ ထွန်းသိန်းအောင် နှင့် ပြည့်ဖြိုးအောင်တို့အား ဆိုင်ကယ်နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်နှင့်အတူ တွေ့ရှိရသည့်၎င်းတို့ နှစ်ဦးသည် ဆိုင်ကယ်အား တစ်ရွာတည်းနေ ရွှေထိုက်နှင့်အတူ ခိုးယူခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရ၍ ချမ်းအေးသာစံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~