တာေလၿမိဳ႕မွ ေဒသခံေတာင္သူမ်ားကို တာခ်ီလိတ္ႏွင့္ မယ္ဆုိင္စိုက္ပ်ိဳးေရးၿခံမ်ားသို႔ ေလ့လာေရးေစလႊတ္

တာေလၿမိဳ႕မွ ေဒသခံေတာင္သူမ်ားကို တာခ်ီလိတ္ႏွင့္ မယ္ဆုိင္စိုက္ပ်ိဳးေရးၿခံမ်ားသို႔ ေလ့လာေရးေစလႊတ္
ဇန်နဝါရီ 30, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊  တာခ်ီလိတ္ခရိုင္၊ တာေလၿမိဳ႕၊ နားေယာင္းေက်းရြာအုပ္စုမွ ေဒသခံေတာင္သူ (၆၄)ဦးကို စိုက္ပ်ိဳးေရးဦးစီးဌာနက ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ (၂၉)ရက္ေန႔တြင္ ေတာင္သူေလ့လာေရးခရီးအျဖစ္ တာခ်ီလိတ္ၿမိဳ႕ႏွင့္ ထုိင္းႏိုင္ငံ မယ္ဆုိင္ၿမိဳ႕ရိွ စိုက္ပ်ိဳးေရးၿခံမ်ားသို႔ ပို႔ေဆာင္ေပးေၾကာင္း သိရသည္။

အဆိုပါေတာင္သူမ်ားအား တာခ်ီလိတ္ၿမိဳ႕ရိွ ပါလ်ွံစိုက္ပ်ိဳးေရးဥယ်ာဥ္ၿခံသို႔ ေလ့လာေစၿပီး ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးလွဝင္း၊ ပါလ်ံဥယ်ာဥ္ၿခံ ၿခံဦးစီးမွဴး ေဒၚႏြယ္ႏြယ္ေအာင္တို႔က  ပါလ်ံစုိက္ပ်ိဳးေရးၿခံႏွင့္ စိုက္ပ်ိဳးနည္းပညာမ်ားကို ရွင္းလင္းေၾကာင္း သိရသည္။

ေတာင္သူမ်ားသည္ သစ္သီးဝလံႏွင့္ဟင္းသီးဟင္းရြက္စိုက္ခင္းမ်ား၊ သဘာဝေျမၾသဇာျပဳလုပ္ျခင္း၊ ရာဘာႏွင့္ ေကာ္ဖီပ်ိဳးေထာင္မႈတို႔ကို လက္ေတြ႔ေလ့လာၾကၿပီး မယ္ဆိုင္ၿမိဳ႕ရိွ ဟင္းသီးဟင္းရြက္(GAP) စိုက္ခင္း မ်ားကိုလည္း သြားေရာက္ေလ့လာၾကေၾကာင္း သိရသည္။

 စို္က္ပ်ိဳးေရးဦးစီးဌာန၊ ေတာင္သူပညာေပးတာဝန္ခံမ်ားကလည္း စိုက္ပ်ိဳးနည္းပညာမ်ား ရွင္းလင္းေျပာၾကားၿပီး စုိက္ပ်ိဳးေရးဆုိင္ရာ လက္ကမ္းစာေစာင္မ်ားကို ျဖန္႔ေဝေပးေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - စိုက္ပ်ိဳးေရးဦးစီးဌာန

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာလေမြို့မှ ဒေသခံတောင်သူများကို တာချီလိတ်နှင့် မယ်ဆိုင်စိုက်ပျိုးရေးခြံများသို့ လေ့လာရေးစေလွှတ်
*************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊  တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုမှ ဒေသခံတောင်သူ (၆၄)ဦးကို စိုက်ပျိုးရေးဦးစီးဌာနက ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၂၉)ရက်နေ့တွင် တောင်သူလေ့လာရေးခရီးအဖြစ် တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ စိုက်ပျိုးရေးခြံများသို့ ပို့ဆောင်ပေးကြောင်း သိရသည်။

အဆိုပါတောင်သူများအား တာချီလိတ်မြို့ရှိ ပါလျှံစိုက်ပျိုးရေးဥယျာဉ်ခြံသို့ လေ့လာစေပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း၊ ပါလျံဥယျာဉ်ခြံ ခြံဦးစီးမှူး ဒေါ်နွယ်နွယ်အောင်တို့က  ပါလျံစိုက်ပျိုးရေးခြံနှင့် စိုက်ပျိုးနည်းပညာများကို ရှင်းလင်းကြောင်း သိရသည်။

တောင်သူများသည် သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်စိုက်ခင်းများ၊ သဘာဝမြေသြဇာပြုလုပ်ခြင်း၊ ရာဘာနှင့် ကော်ဖီပျိုးထောင်မှုတို့ကို လက်တွေ့လေ့လာကြပြီး မယ်ဆိုင်မြို့ရှိ ဟင်းသီးဟင်းရွက်(GAP) စိုက်ခင်း များကိုလည်း သွားရောက်လေ့လာကြကြောင်း သိရသည်။

 စိုက်ပျိုးရေးဦးစီးဌာန၊ တောင်သူပညာပေးတာဝန်ခံများကလည်း စိုက်ပျိုးနည်းပညာများ ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - စိုက်ပျိုးရေးဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~