မကွေးမြို့တွင် ကျင်းပသည့် ၂၀၁၉ ကို မေတ္တာဖြင့် ကြိုဆိုခြင်းအခမ်းအနားကို ဘာသာပေါင်းစုံမှ တက်ရောက်

မကွေးမြို့တွင် ကျင်းပသည့် ၂၀၁၉ ကို မေတ္တာဖြင့် ကြိုဆိုခြင်းအခမ်းအနားကို ဘာသာပေါင်းစုံမှ တက်ရောက်
ဇနျနဝါရီ 11, 2019
By Tachileik News Agency

အပြည်ပြည်ဆိုင်ရာ ကရီသှ်ျဏအနုဿတိအသင်းကြီး(မြန်မာနိုင်ငံ)မှ ၂၀၁၉ ကို မေတ္တာဖြင့် ကြိုဆိုခြင်း အထိမ်းအမှတ် အခမ်းအနားအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့ ညပိုင်းက မကွေးမြို့ရှိ ထိန်ထိန် သာဟိုတယ်၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များက မေတ္တာအ မှာစကားများ ပြောကြားကြပြီး အပြည်ပြည်ဆိုင်ရာ ကရိသှ်ျဏ အနုဿတိအသင်း (မြန်မာနိုင်ငံ) ဦးဆောင်ဆရာတော် ဦးရှရီဝါးစ် ပဏ္ဍိသ်ဒါးစ်(Srivas Pandit Das) က မေတ္တာအကြောင်းအရာများကို ပြော ကြား၍ ဘဂဝဒ်ဂီသာ တရားတော်များကို ပရိုဂျက်တာဖြင့် ပြသရှင်းလင်းသည်။

“မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံအနေနဲ့ မေတ္တာတရားရဲ့ သဘောတရားကို နားလည်ပြီးတော့မှ စည်းလုံး ညီညွတ်စွာနဲ့ ကိုယ့်ရဲ့ ကိုယ်တွင်းငြိမ်းချမ်းခြင်းကနေ တိုင်းပြည်ငြိမ်းချမ်းခြင်း၊ ကမ္ဘာကြီးငြိမ်းချမ်းခြင်းကို ဖော်ဆောင်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီပွဲကို လုပ်ရတာပါ”ဟု ဦးဆောင်ဆရာတော် ဦးရှရီဝါးစ် ပဏ္ဍိသ်ဒါးစ် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



သတင်း/ဓာတ်ပုံ - ဖီးနစ်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အပြည်ပြည်ဆိုင်ရာ ကရီသျှ်ဏအနုဿတိအသင်းကြီး(မြန်မာနိုင်ငံ)မှ ၂၀၁၉ ကို မေတ္တာဖြင့် ကြိုဆိုခြင်း အထိမ်းအမှတ် အခမ်းအနားအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့ ညပိုင်းက မကွေးမြို့ရှိ ထိန်ထိန် သာဟိုတယ်၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များက မေတ္တာအ မှာစကားများ ပြောကြားကြပြီး အပြည်ပြည်ဆိုင်ရာ ကရိသျှ်ဏ အနုဿတိအသင်း (မြန်မာနိုင်ငံ) ဦးဆောင်ဆရာတော် ဦးရှရီဝါးစ် ပဏ္ဍိသ်ဒါးစ်(Srivas Pandit Das) က မေတ္တာအကြောင်းအရာများကို ပြော ကြား၍ ဘဂဝဒ်ဂီသာ တရားတော်များကို ပရိုဂျက်တာဖြင့် ပြသရှင်းလင်းသည်။

“မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံအနေနဲ့ မေတ္တာတရားရဲ့ သဘောတရားကို နားလည်ပြီးတော့မှ စည်းလုံး ညီညွတ်စွာနဲ့ ကိုယ့်ရဲ့ ကိုယ်တွင်းငြိမ်းချမ်းခြင်းကနေ တိုင်းပြည်ငြိမ်းချမ်းခြင်း၊ ကမာ္ဘကြီးငြိမ်းချမ်းခြင်းကို ဖော်ဆောင်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီပွဲကို လုပ်ရတာပါ”ဟု ဦးဆောင်ဆရာတော် ဦးရှရီဝါးစ် ပဏ္ဍိသ်ဒါးစ် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တိုင်းဒေသကြီးဥက္ကဋ္ဌတို့လည်း တက်ရောက်ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသည် မကွေးတိုင်းဒေသကြီး၌ ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး ယခင်နှစ်များက ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ မော်လမြိုင်နှင့် မိုးကုတ် မြို့များတွင် ပြုလုပ်ခဲ့ ဖူးကြောင်း ဦးဆောင် ဆရာတော် ဦးရှရီဝါးစ် ပဏ္ဍိသ်ဒါးစ်(Srivas Pandit Das)၏ ပြောကြားချက် အရ သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~