အေထာက္အထားမဲ့ ၀င္ေရာက္လာသည့္ ဘဂၤလီ(၁၅)ဦးကို မင္းတုန္းၿမိဳ႕တြင္ ဖမ္းဆီးရမိၿပီး ပို႔ေဆာင္ေပးသူ ယာဥ္ေမာင္းႏွင့္ယာဥ္ေနာက္လိုက္တို႔အား ဖမ္းဆီးအေရးယူ

အေထာက္အထားမဲ့ ၀င္ေရာက္လာသည့္ ဘဂၤလီ(၁၅)ဦးကို မင္းတုန္းၿမိဳ႕တြင္ ဖမ္းဆီးရမိၿပီး ပို႔ေဆာင္ေပးသူ ယာဥ္ေမာင္းႏွင့္ယာဥ္ေနာက္လိုက္တို႔အား ဖမ္းဆီးအေရးယူ
ဇန်နဝါရီ 20, 2019
By Tachileik News Agency

အေထာက္အထားမဲ့ ၀င္ေရာက္လာသည့္ ဘဂၤလီ(၁၅)ဦးကို သက္ဆိုင္ရာ ပူးေပါင္းရဲတပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ အဖြဲ႔က ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၂၀)ရက္ေန႔ နံနက္အေစာပိုင္းတြင္ မေကြးတိုင္းေဒသႀကီး မင္းလွၿမိဳ႕နယ္ ဘန္႔ျပင္ေက်းရြာလမ္းေပါက္အနီး၌ ဖမ္းဆီးရမိ၍ အမႈဖြင့္အေရးယူ ေဆာင္ရြက္ ထားရွိေၾကာင္း သိရသည္။

မင္းလွၿမိဳ႕နယ္ ဘန္႔ျပင္ေက်းရြာလမ္းေပါက္အနီးတြင္ မေကြးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႔မွဴး႐ံုး၊ မႈခင္းအကူ ဌာနစုမွ တပ္ဖြဲ႔၀င္မ်ား၊ သရက္ခ႐ိုင္ရဲတပ္ဖြဲ႔မွဴး႐ံုး၊ မႈခင္းႏွိမ္နင္းေရးဌာနစိတ္မွ တပ္ဖြဲ႔၀င္မ်ား၊ ေရနံမနယ္ေျမ ရဲစခန္းမွဴး ဦးစီး တပ္ဖြဲ႔၀င္မ်ား ပူးေပါင္းသည့့္ ပူးေပါင္းအဖြဲ႔က ပိတ္ဆို႔ ရွာေဖြမႈမ်ား ျပဳလုပ္ေနစဥ္ ေမာင္း၀င္လာၿပီး ခ်က္ခ်င္း ျပန္ထြက္သြားသည့္ ေမာ္ေတာ္ ယာဥ္(၂)စီးကို မသကၤာဖြယ္ရာ ေတြ႔ရိွသျဖင့္  ေနာက္မွ ထပ္ခ်ပ္မကြာ လိုက္ပါကာ အလယ္ေခ်ာင္းနယ္ေျမရဲစခန္းမွဴး အဖြဲ႔ ႏွင့္ ခ်ိတ္ဆက္ ပိတ္ဆို႔ရာမွ ယာဥ္ေမာင္းႏွင့္ယာဥ္ေနာက္လိုက္တုိ႔အား ဖမ္းဆီးရမိၿပီးေနာက္ အေထာက္အထားမဲ့ ဘဂၤလီမ်ားကို ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္ေပၚပါသူ သန္းေဌးပါ(၄)ဦး၏ ထြက္ဆိုခ်က္အရ အေထာက္အထားမဲ့ ဘဂၤလီ ေမာင္ေမာင္သန္း ပါ အမ်ဳိးသား(၁၃)ဦး ႏွင့္ အမ်ဳိးသမီး(၂)ဦး စုစုေပါင္း (၁၅)ဦးအား သရက္ - မင္းတုန္းကားလမ္း၊ မိုင္တိုင္ အမွတ္(၂၇/၂)အနီး လမ္းေဘး လွ်ိဳထဲတြင္ ၀ွက္ထားခဲ့ေၾကာင္း စစ္ေဆးသိရွိရသျဖင့္ နံနက္ (၇) နာရီအခ်ိန္ ခန္႔တြင္ ၀င္ေရာက္ ရွာေဖြ ဖမ္းဆီး ႏိုင္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ ဘဂၤါလီ(၁၅)ဦးႏွင့္ ၎တို႔ကို သယ္ေဆာင္လာသည့္ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္ (၆)ဦး တို႔အား မင္းတုန္းၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴး ရဲမွဴးျမင့္ေမာင္ ဦးစီးအဖဲြ႔၊  ၿမိဳ႕နယ္လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔ အင္အားဦးစီးမွဴး ဦးသန္းထြန္းဦးႏွင့္ စရဖ မွ တပ္ၾကပ္ႀကီး စိုင္းေအာင္လင္းတို႔ ပူးေပါင္းကာစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - ဖီးနစ္
 ဓာတ္ပံု - ရဲစခန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အထောက်အထားမဲ့ ဝင်ရောက်လာသည့် ဘင်္ဂလီ(၁၅)ဦးကို သက်ဆိုင်ရာ ပူးပေါင်းရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် အဖွဲ့က ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက်အစောပိုင်းတွင် မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ဘန့်ပြင်ကျေးရွာလမ်းပေါက်အနီး၌ ဖမ်းဆီးရမိ၍ အမှုဖွင့်အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရသည်။

မင်းလှမြို့နယ် ဘန့်ပြင်ကျေးရွာလမ်းပေါက်အနီးတွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူ ဌာနစုမှ တပ်ဖွဲ့ဝင်များ၊ သရက်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ ရေနံမနယ်မြေ ရဲစခန်းမှူး ဦးစီး တပ်ဖွဲ့ဝင်များ ပူးပေါင်းသည့် ပူးပေါင်းအဖွဲ့က ပိတ်ဆို့ ရှာဖွေမှုများ ပြုလုပ်နေစဉ် မောင်းဝင်လာပြီး ချက်ချင်း ပြန်ထွက်သွားသည့် မော်တော် ယာဉ်(၂)စီးကို မသင်္ကာဖွယ်ရာ တွေ့ရှိသဖြင့် နောက်မှ ထပ်ချပ်မကွာ လိုက်ပါကာ အလယ်ချောင်းနယ်မြေရဲစခန်းမှူး အဖွဲ့ နှင့် ချိတ်ဆက် ပိတ်ဆို့ရာမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့အား ဖမ်းဆီးရမိပြီးနောက် အထောက်အထားမဲ့ ဘင်္ဂလီများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်ပေါ်ပါသူ သန်းဌေးပါ(၄)ဦး၏ ထွက်ဆိုချက်အရ အထောက်အထားမဲ့ ဘင်္ဂလီ မောင်မောင်သန်း ပါ အမျိုးသား(၁၃)ဦး နှင့် အမျိုးသမီး(၂)ဦး စုစုပေါင်း (၁၅)ဦးအား သရက် - မင်းတုန်းကားလမ်း၊ မိုင်တိုင် အမှတ်(၂၇/၂)အနီး လမ်းဘေး လျှိုထဲတွင် ဝှက်ထားခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် နံနက် (၇) နာရီအချိန် ခန့်တွင် ဝင်ရောက် ရှာဖွေ ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဘင်္ဂါလီ(၁၅)ဦးနှင့်၎င်းတို့ကို သယ်ဆောင်လာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၆)ဦး တို့အား မင်းတုန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မောင် ဦးစီးအဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးမှူး ဦးသန်းထွန်းဦးနှင့် စရဖ မှ တပ်ကြပ်ကြီး စိုင်းအောင်လင်းတို့ ပူးပေါင်းကာစစ်ဆေးမှုများ လုပ်ဆောင်နေလျက်ရှိကြောင်း သိရှိရသည်။

သတင်း - ဖီးနစ်
 ဓာတ်ပုံ - ရဲစခန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~