ပြည်တွင်းဘဏ်များကို (၃)နှစ်ထက်ပိုသည့် အိမ်ရာချေးငွေနှင့် အခြားချေးငွေများ ထုတ်ချေးခွင့်ပြု

ပြည်တွင်းဘဏ်များကို (၃)နှစ်ထက်ပိုသည့် အိမ်ရာချေးငွေနှင့် အခြားချေးငွေများ ထုတ်ချေးခွင့်ပြု
ဇနျနဝါရီ 16, 2019
By Tachileik News Agency

ပြည်တွင်းဘဏ်များ အနေဖြင့် သုံးနှစ်ထက်ပိုသည့် အိမ်ရာချေးငွေများ ထုတ်ချေးခွင့်ပြုကြောင်းကို ဗဟိုဘဏ်က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့ ရက်စွဲဖြင့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ဖြင့် ထုတ်ပြန်လိုက်သည်။

ပုဂ္ဂလိကဘဏ်များ အနေဖြင့် (၃)နှစ်ထက်မပိုသော ကာလသတ်မှတ်ချက်ချေးငွေများ ထုတ်ချေးခွင့်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့က ခွင့်ပြုပေးခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် ခွင့်ပြုချက် အသစ်ဖြင့် ထပ်မံခွင့်ပြုလိုက်ခြင်းဖြစ်သည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ပြည်တွင်းဘဏ်များ အနဖြေင့် သုံးနှစ်ထက်ပိုသည့် အိမ်ရာချေးငွေများ ထုတ်ချေးခွင့်ပြုကြောင်းကို ဗဟိုဘဏ်က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့ ရက်စွဲဖြင့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ဖြင့် ထုတ်ပြန်လိုက်သည်။

ပုဂ္ဂလိကဘဏ်များ အနဖြေင့် (၃)နှစ်ထက်မပိုသော ကာလသတ်မှတ်ချက်ချေးငွေများ ထုတ်ချေးခွင့်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့က ခွင့်ပြုပေးခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် ခွင့်ပြုချက် အသစ်ဖြင့် ထပ်မံခွင့်ပြုလိုက်ခြင်းဖြစ်သည်။

အဆိုပါ ခွင့်ပြုချက်အရ ဘဏ်များသည် ဘဏ်၏ စုစုပေါင်းချေးငွေ၏ (၅)ရာခိုင်နှုန်းအထိ အိမ်ရာ ချေးငွေများ ထုတ်ချေးခွင့်အပြင် (၃)နှစ်ထက်ကျော်လွန်သည့် အခြားချေးငွေများ ထုတ်ချေးလိုပါကလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ တင်ပြပြီး ခွင့်ပြုချက်ဖြင့် ထုတ်ချေးခွင့်ရသွားမည်ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~