မီးလင္းေရးလုပ္ငန္း ေဆာင္ရြက္ရာတြင္ လုပ္ပိုင္ခြင့္ကို အလြဲသံုးစားျပဳေၾကာင္း စစ္ေဆးေပၚေပါက္၍ လွ်ပ္စစ္မွဴးအား အဂတိလုိက္စားမႈ တိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္အေရးယူ

မီးလင္းေရးလုပ္ငန္း ေဆာင္ရြက္ရာတြင္ လုပ္ပိုင္ခြင့္ကို အလြဲသံုးစားျပဳေၾကာင္း စစ္ေဆးေပၚေပါက္၍ လွ်ပ္စစ္မွဴးအား အဂတိလုိက္စားမႈ တိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္အေရးယူ
ဇန်နဝါရီ 17, 2019
By Tachileik News Agency

ေက်းရြာမီးလင္းေရးေဆာင္ရြက္ရာတြင္ ရာထူးတာဝန္အရ ေပးအပ္ေသာ လုပ္ပိုင္ခြင့္ကို အလြဲသုံးစားျပဳ၍ အဂတိ လိုက္စားမႈမ်ား က်ဴးလြန္ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္သည္ဟုဆိုကာ လွ်ပ္စစ္မွဴးတစ္ဦးအား အဂတိလုိက္စားမႈ တိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္တုိင္ၾကားလုိက္ေၾကာင္း သိရသည္။

ပဲခူးတိုင္းေဒသႀကီး၊ မင္းလွၿမိဳ႕နယ္၊ စစ္ကြင္းၿမိဳ႕၊ ရွမ္းကုန္းေက်းရြာ မီးလင္းေရးကိစၥေဆာင္ရြက္ရာတြင္ စစ္ကြင္းၿမိဳ႕လၽွပ္စစ္မွဴး ဦးဝင္းဗိုလ္က အေၾကာင္းအမ်ိဳးမ်ိဳးျပကာ ေငြေၾကးေတာင္းခံခဲ့သျဖင့္ အေရးယူ ေပးရန္ ေကာ္မရွင္သို႔ တုိင္ၾကားလာသျဖင့္ စံုစမ္းစစ္ေဆးေရးအဖြဲ႕ျဖင့္ စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အဖြဲ႕၏ စစ္ေဆးေတြ႔ရိွခ်က္အရ ဦးဝင္းဗိုလ္သည္ အထက္ဌာန၏ ခြင့္ျပဳခ်က္မရွိဘဲ ရွမ္းကုန္းေက်းရြာ အတြင္း (၄၀၀) ဗို႔ ဓါတ္အားလိုင္း တည္ေဆာက္ျခင္းအား ေငြက်ပ္ သိန္း (၁၂၀) ျဖင့္ ကန္ထရိုက္ လုပ္ငန္းသဖြယ္ လက္ခံေဆာင္ရြက္ခဲ့ၿပီး ေက်းရြာမီးလင္းေရးေကာ္မတီမွ လုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ ၂၀၁၆ ခုႏွစ္အတြင္း ေငြက်ပ္ ၃၅၀,၀၀ဝ၊ ၂၀၁၈ ခုႏွစ္တြင္ လမ္းခရီးစရိတ္ ေငြက်ပ္ ၁၀၀,၀၀ဝ၊ 11KV ဓါတ္အားလိုင္းအတြက္ အစိုးရခ်ထားေပးေသာ ဘတ္ဂ်က္ႏွင့္ မလုံေလာက္ေၾကာင္း အေၾကာင္းျပ၍ ေငြက်ပ္ ၅၀၀,၀၀ဝ၊  ပန္းရံခ ေငြက်ပ္ ၇၅,၀၀ဝ တို႔အား ထုတ္ယူခဲ့ေၾကာင္း စစ္ေဆး ေတြ႔ရိွရသည္ဟု ေကာ္မရွင္က ထုတ္ျပန္သည္။

ေကာ္မရွင္က မင္းလွၿမိဳ႕နယ္ စစ္ကြင္းၿမိဳ႕လၽွပ္စစ္မွဴး ဦးဝင္းဗိုလ္ကို  အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရ မင္းလွၿမိဳ႕နယ္၊ စစ္ကြင္းနယ္ေျမရဲစခန္းတြင္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၇)ရက္ေန႔၌ အမႈဖြင့္လွစ္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကျေးရွာမီးလင်းရေးဆောင်ရွက်ရာတွင် ရာထူးတာဝန်အရ ပေးအပ်သော လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှုများ ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟုဆိုကာ လျှပ်စစ်မှူးတစ်ဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒဖြေင့် အမှုဖွင့်တိုင်ကြားလိုက်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ရှမ်းကုန်းကျေးရွာ မီးလင်းရေးကိစ္စဆောင်ရွက်ရာတွင် စစ်ကွင်းမြို့လျှပ်စစ်မှူး ဦးဝင်းဗိုလ်က အကြောင်းအမျိုးမျိုးပြကာ ငွေကြေးတောင်းခံခဲ့သဖြင့် အရေးယူ ပေးရန် ကော်မရှင်သို့ တိုင်ကြားလာသဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ဦးဝင်းဗိုလ်သည် အထက်ဌာန၏ ခွင့်ပြုချက်မရှိဘဲ ရှမ်းကုန်းကျေးရွာ အတွင်း (၄၀၀) ဗို့ ဓာတ်အားလိုင်း တည်ဆောက်ခြင်းအား ငွေကျပ် သိန်း (၁၂၀) ဖြင့် ကန်ထရိုက် လုပ်ငန်းသဖွယ် လက်ခံဆောင်ရွက်ခဲ့ပြီး ကျေးရွာမီးလင်းရေးကော်မတီမှ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၂၀၁၆ ခုနှစ်အတွင်း ငွေကျပ် ၃၅၀,ဝဝဝ၊ ၂၀၁၈ ခုနှစ်တွင် လမ်းခရီးစရိတ် ငွေကျပ် ၁၀၀,ဝဝဝ၊ 11KV ဓာတ်အားလိုင်းအတွက် အစိုးရချထားပေးသော ဘတ်ဂျက်နှင့် မလုံလောက်ကြောင်း အကြောင်းပြ၍ ငွေကျပ် ၅၀၀,ဝဝဝ၊ ပန်းရံခ ငွေကျပ် ၇၅,ဝဝဝ တို့အား ထုတ်ယူခဲ့ကြောင်း စစ်ဆေး တွေ့ရှိရသည်ဟု ကော်မရှင်က ထုတ်ပြန်သည်။

ကော်မရှင်က မင်းလှမြို့နယ် စစ်ကွင်းမြို့လျှပ်စစ်မှူး ဦးဝင်းဗိုလ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မင်းလှမြို့နယ်၊ စစ်ကွင်းနယ်မြေရဲစခန်းတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့၌ အမှုဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~