မကွေးတိုင်းအတွင်း ဝါမျိုးစေ့ ပိဿ (၅၀၀၀)အခမဲ့ ဖြန့်ဝေပေးမည်ဖြစ်၍ နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာနများထံ ဆက်သွယ်ရယူနိုင်
မကွေးတိုင်းအတွင်း ဝါမျိုးစေ့ ပိဿ (၅၀၀၀)အခမဲ့ ဖြန့်ဝေပေးမည်ဖြစ်၍ နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာနများထံ ဆက်သွယ်ရယူနိုင်
ဒီဇငျဘာ 16, 2018
By Tachileik News Agency
မကွေးတိုင်းဒေသကြီးရှိ (၂၅)မြို့နယ်မှ ဝါစိုက်တောင်သူများသို့ ချည်မျှင်ရှည်ဝါမျိုးစေ့ပိဿ (၅,၀၀၀)ကို အခမဲ့ ဖြန့်ဖြူးပေးမည်ဖြစ်သည့် အတွက် ဝါမျိုးစေ့ရယူလိုသည့် တောင်သူများအနေဖြင့် တိုင်းစိုက်ပျိုးရေး ဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနများသို့ ဆက်သွယ်ရယူနိုင်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမှုများသည့် ပဲစဉ်းငုံဈေးနှုန်းကျလာသဖြင့် ဝါစိုက်ပျိုးလာကြခြင်းဖြစ်ရာ ဝါမျိုးစေ့များနှင့် နည်းပညာများ ဖြန့်ဖြူးပေးရန် စိုက်ပျိုးရေးဦးစီးဌာနက ပြင်ဆင်နေခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မကွေးတိုင်းဒေသကြီး၌ ဝါစိုက်ဧက (၁၈၇,၄၁၉) ဧကရှိနေပြီး လာမည့်နှစ်၌ မိုးကြို၊ မိုးလယ်၊ မိုးနှောင်း စိုက်ပျိုးရာသီများတွင် ဧက(၃)သိန်းထိ တိုးချဲ့စိုက်ပျိုးနိုင်ရန်လျာထားကြောင်း မကွေး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သတင်း - ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီးရှိ (၂၅)မြို့နယ်မှ ဝါစိုက်တောင်သူများသို့ ချည်မျှင်ရှည်ဝါမျိုးစေ့ပိဿ (၅,ဝဝဝ)ကို အခမဲ့ ဖြန့်ဖြူးပေးမည်ဖြစ်သည့် အတွက် ဝါမျိုးစေ့ရယူလိုသည့် တောင်သူများအနဖြေင့် တိုင်းစိုက်ပျိုးရေး ဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနများသို့ ဆက်သွယ်ရယူနိုင်ကြောင်း သိရသည်။
“ပြောင်းလဲလာတဲ့ စိုက်ပျိုးရေး အခြေအနေအရ ဝါစိုက်တောင်သူတွေအတွက် ချည်မျှင်ရှည်ဝါမျိုးစေ့ ပိဿ (၅,ဝဝဝ) ဖြန့်ဝေပေးဖို့ စီစဉ်နေပါပြီ။ ဝါစိုက်တောင်သူတွေနဲ့ အမြဲထိတွေ့ ပြီး ပညာပေး ဆောင်ရွက်နိုင်ဖို့ အတွက် ဒုတိယလက်ထောက်ဦးစီးမှူးနဲ့အထက် ပညာရှင်ဝန်ထမ်း(၈၀)ဦးကို ဒီဇင်ဘာလ (၁၃)ရက်နဲ့ (၁၄) ရက်နေ့တွေမှာ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်းပို့ချပေးခဲ့ပါတယ်”ဟု မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးခင်မောင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမှုများသည့် ပဲစဉ်းငုံဈေးနှုန်းကျလာသဖြင့် ဝါစိုက်ပျိုးလာကြခြင်းဖြစ်ရာ ဝါမျိုးစေ့များနှင့် နည်းပညာများ ဖြန့်ဖြူးပေးရန် စိုက်ပျိုးရေးဦးစီးဌာနက ပြင်ဆင်နခြေင်း ဖြစ်ကြောင်း သိရသည်။
“ပဲစဉ်းငုံက အဆင်မပြေတော့ ဒီနှစ် သိပ်မစိုက်ကြတော့ဘူး။ အခု ကျွန်မရဲ့ (၅)ဧကစိုက်တယ်။ အခု ဝါဆွတ်နေတာ အချိန်နှစ်ထောင်ကျော်လောက်တော့ရပြီ။ ထပ်ဆွတ်ရဦးမှာ။ စိုက်ပျိုးစရိတ်က (၅)ဧကကို (၆)သိန်းကျော်လောက် ကုန်ပေမဲ့ ဝါစိုက်ရတာ ကိုက်တယ်” ဟု မကွေးမြို့နယ် အုန်းတွဲကျေးရွာနေ ဝါ စိုက်တောင်သူ ဒေါ်ပြုံးရီ က ပြောသည်။
လက်ရှိတွင် မကွေးတိုင်းဒေသကြီး၌ ဝါစိုက်ဧက (၁၈၇,၄၁၉) ဧကရှိနပြေီး လာမည့်နှစ်၌ မိုးကြို၊ မိုးလယ်၊ မိုးနှောင်း စိုက်ပျိုးရာသီများတွင် ဧက(၃)သိန်းထိ တိုးချဲ့စိုက်ပျိုးနိုင်ရန်လျာထားကြောင်း မကွေး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သတင်း - ဖီးနစ်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~