တာခ်ီလိတ္ဓါတ္ပံုအသင္း၏ ပထမဆံုးအႀကိမ္ (၅)ရက္ၾကာ ဓါတ္ပံုပညာသင္တန္းအား တာခ်ီလိတ္တြင္ ဖြင့္လွစ္မည္

တာခ်ီလိတ္ဓါတ္ပံုအသင္း၏ ပထမဆံုးအႀကိမ္ (၅)ရက္ၾကာ ဓါတ္ပံုပညာသင္တန္းအား တာခ်ီလိတ္တြင္ ဖြင့္လွစ္မည္
ဒီဇင်ဘာ 21, 2018
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ တာခ်ီလိတ္ဓါတ္ပံုအသင္း(ရွမ္းအေရွ႕)၏ ပထမဆံုး ဓါတ္ပံု သင္တန္းကို ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၁)ရက္ေန႔မွစ၍ (၅)ရက္ၾကာသင္တန္းပို႔ခ်ေပးသြားမည္ျဖစ္၍ သင္တန္း တက္ေရာက္လိုသူမ်ားႏွင့္ ဓါတ္ပံုသင္တန္းအတြက္ ေမာ္ဒယ္ကူညီလိုသူမ်ား ဆက္သြယ္ ႏိုင္ေၾကာင္း သိရသည္။

“အေျခခံကစ သင္ေပးမွာပါ။ ရန္ကုန္ကလာမယ့္ သင္တန္းဆရာစရိတ္အတြက္ သင္တန္းေၾကးက တစ္ဦးကို ဘတ္ (၁၀၀၀) သတ္မွတ္ထားပါတယ္။ ကင္မရာမရိွလည္း လာတက္လို႔ရပါတယ္။ ေနာက္ သင္တန္း ေအာက္ဒိုးရိုက္တဲ့အခါ ေမာ္ဒယ္ထုိင္ေပးလိုသူေတြရိွရင္လည္း ဆက္သြယ္ေပးလုိ႔ရပါတယ္”ဟု တာခ်ီလိတ္ဓါတ္ပံုအသင္း(ရွမ္းအေရွ႕)၏ နာယက ဦးတင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ သင္တန္းကို  Myint Aung (Non Stop) က လာေရာက္သင္ၾကားေပးမည္ျဖစ္ၿပီး Camera အေျခခံ ဓါတ္ပံုပညာႏွင့္ Model Positon & Lighting မ်ားကို စာေတြ႕၊လက္ေတြ႕ သင္ၾကား ေပးမည္ျဖစ္ေၾကာင္း သိရသည္။

သင္တန္းတက္ေရာက္လိုသူမ်ား အေနျဖင့္ တာခ်ီလိတ္ဓါတ္ပံုအသင္းရံုးခန္းႏွင့္ ဦးတင္ဝင္း ဖုန္း 09 5241244၊ ဘဘေက်ာ္ ဖုန္း 09 779593107၊ ကိုမင္းေအာင္ ဖုန္း 09 251149485 ႏွင့္ ကိုေဝလင္း ဖုန္း 09 692062707 တုိ႔သို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် တာချီလိတ်ဓာတ်ပုံအသင်း(ရှမ်းအရှေ့)၏ ပထမဆုံး ဓာတ်ပုံ သင်တန်းကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့မှစ၍ (၅)ရက်ကြာသင်တန်းပို့ချပေးသွားမည်ဖြစ်၍ သင်တန်း တက်ရောက်လိုသူများနှင့် ဓာတ်ပုံသင်တန်းအတွက် မော်ဒယ်ကူညီလိုသူများ ဆက်သွယ် နိုင်ကြောင်း သိရသည်။

“အခြေခံကစ သင်ပေးမှာပါ။ ရန်ကုန်ကလာမယ့် သင်တန်းဆရာစရိတ်အတွက် သင်တန်းကြေးက တစ်ဦးကို ဘတ် (၁၀၀၀) သတ်မှတ်ထားပါတယ်။ ကင်မရာမရှိလည်း လာတက်လို့ရပါတယ်။ နောက် သင်တန်း အောက်ဒိုးရိုက်တဲ့အခါ မော်ဒယ်ထိုင်ပေးလိုသူတွေရှိရင်လည်း ဆက်သွယ်ပေးလို့ရပါတယ်”ဟု တာချီလိတ်ဓာတ်ပုံအသင်း(ရှမ်းအရှေ့)၏ နာယက ဦးတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ သင်တန်းကို Myint Aung (Non Stop) က လာရောက်သင်ကြားပေးမည်ဖြစ်ပြီး Camera အခြေခံ ဓာတ်ပုံပညာနှင့် Model Positon & Lighting များကို စာတွေ့၊လက်တွေ့ သင်ကြား ပေးမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်လိုသူများ အနဖြေင့် တာချီလိတ်ဓာတ်ပုံအသင်းရုံးခန်းနှင့် ဦးတင်ဝင်း ဖုန်း 09 5241244၊ ဘဘကျော် ဖုန်း 09 779593107၊ ကိုမင်းအောင် ဖုန်း 09 251149485 နှင့် ကိုဝေလင်း ဖုန်း 09 692062707 တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~