ရွမ္းျပည္နယ္အတြက္ ပိုလန္ႏိုင္ငံမွ မီးၿငိမ္းသတ္ေရးႏွင့္ ရွာေဖြကယ္ဆယ္ေရးယာဥ္ (၈)စီး ေပးအပ္ရာတြင္ တာခ်ီလိတ္အတြက္ (၁)စီး ပါ၀င္

ရွမ္းျပည္နယ္အတြက္ ပိုလန္ႏိုင္ငံမွ မီးၿငိမ္းသတ္ေရးႏွင့္ ရွာေဖြကယ္ဆယ္ေရးယာဥ္ (၈)စီး ေပးအပ္ရာတြင္ တာခ်ီလိတ္အတြက္ (၁)စီး ပါ၀င္
ဒီဇင်ဘာ 20, 2018
By Tachileik News Agency

ပိုလန္ႏိုင္ငံ၏ ODA အစီအစဥ္ျဖင့္ ရရိွသည့္ မီးၿငိမ္းသတ္ေရးႏွင့္ ရွာေဖြကယ္ဆယ္ေရးသံုးယာဥ္ႏွင့္ မီးသတ္ အေထာက္အကူျပဳယာဥ္ (၈)စီးကို ရွမ္းျပည္နယ္အတြင္းရိွ မီးသတ္ဦးစီးဌာနမ်ားသို႔ ေပးပို႔ထားၿပီး ရွမ္းျပည္နယ္ အေရွ႕ပိုင္း က်ိဳင္းတံုႏွင့္ တာခ်ီလိတ္အတြက္ (၂)စီးေပးပို႔ထားေၾကာင္း သိရသည္။

"ရွမ္းျပည္နယ္အတြက္ (၈)စီးေပးတာမွာ ကၽြန္ေတာ္တုိ႔ ရွမ္းေရွ႕က က်ိဳင္းတံု(၁)စီး၊ တာခ်ီလိတ္ (၁)စီးရတယ္။ တာခ်ီလိတ္က ရွာေဖြကယ္ဆယ္ေရးယာဥ္ရတာပါ။ ေတာင္ႀကီးမွာ ဒီဇင္ဘာလ (၁၃)ရက္ေန႔က သရုပ္ျပပြဲလုပ္ၿပီး ေဒသအသီးသီးကို ခြဲေပးလုိက္တာ။ ရွာေဖြကယ္ဆယ္ေရးယာဥ္ရလာေတာ့ ကၽြန္ေတာ္တုိ႔ ကူညီ ကယ္ဆယ္ေရးလုပ္ရတာ ပိုအဆင္ေျပလာတာေပါ့။ အရင္ကဆို ကရိန္းလိုရင္ ကရိန္းရိွတဲ့ ေနရာသြားငွား အဲဒီလို လုပ္ေနရတာ။ အခုေတာ့ ကယ္ဆယ္ေရးယာဥ္မွာက ကယ္ဆယ္ေရးပစၥည္းအားလံုး အျပည့္အစံုပါထားေတာ့ လိုအပ္တာနဲ႔ အခ်ိန္နဲ႔တေျပးညီလုပ္ႏုိင္လာတာေပါ့”ဟု တာခ်ီလိတ္ၿမဳိ႕နယ္ မီးသတ္ ဦးစီးဌာနမွဴး ဦးေအာင္ေဇာ္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္အတြက္ရရွိသည့္ အဆိုပါ ယာဥ္ႏွင့္ ပတ္သက္၍  တာခ်ီလိတ္ၿမဳိ႕နယ္ မီးသတ္ ဦးစီးဌာနမွဴး ဦးေအာင္ေဇာ္လင္း ႏွင့္ တပ္ဖြဲ႔၀င္မ်ားက ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ(၂၀)ရက္ေန႔ နံနက္ပိိုင္းတြင္ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္၊ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာ ႏွင့္ တာ၀န္ရွိသူမ်ားအား ျပန္လည္ျပသရွင္းလင္းခဲ့ၾကသည္။

ပုိလန္ႏုိင္ငံ (ODA) အစီအစဥ္ျဖင့္ မီးၿငိမ္းသတ္ေရးႏွင့္ ရွာေဖြကယ္ဆယ္ေရးသံုးယာဥ္ႏွင့္ မီးသတ္ အေထာက္အကူျပဳယာဥ္ (၇၅)စီးကို လႊတ္ေတာ္၏ သေဘာတူညီခ်က္ျဖင့္ အစိုးရကဝယ္ယူခဲ့ျခင္းျဖစ္ၿပီး တုိင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးရိွ မီးသတ္ဦးစီးဌာနမ်ားသို႔ ခြဲေဝေပးခဲ့ျခင္းျဖစ္သည္။

ရွမ္းျပည္နယ္အတြက္ ရရိွသည့္ မီးၿငိမ္းသတ္ေရးႏွင့္ ရွာေဖြကယ္ဆယ္ေရးသံုးယာဥ္ႏွင့္ မီးသတ္ အေထာက္အကူျပဳယာဥ္ (၈)စီးကို ရွမ္းျပည္နယ္ေတာင္ပို္င္း ေတာင္ႀကီးၿမိဳ႕တြင္ (၃)စီး၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕တြင္ (၁)စီးႏွင့္ လားရိႈးၿမိဳ႕တြင္ (၂)စီး၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုတြင္ (၁)စီးႏွင့္ တာခ်ီလိတ္တြင္ (၁)စီး ထားရိွျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မီးၿငိမ္းသတ္ေရးႏွင့္ ရွာေဖြကယ္ဆယ္ေရးသံုးယာဥ္ႏွင့္ မီးသတ္ အေထာက္အကူျပဳယာဥ္မ်ား အသံုးျပဳႏုိင္ရန္ ပိုလန္ႏုိင္ငံတြင္ သင္တန္းတက္ခဲ့သည့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက သက္ဆုိင္ရာ ေဒသအသီးသီးမွ မီးသတ္တပ္ဖြဲ႕ဝင္မ်ားကို သင္တန္းျပန္လည္ပို႔ခ်ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ပိုလန်နိုင်ငံ၏ ODA အစီအစဉ်ဖြင့် ရရှိသည့် မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံးယာဉ်နှင့် မီးသတ် အထောက်အကူပြုယာဉ် (၈)စီးကို ရှမ်းပြည်နယ်အတွင်းရှိ မီးသတ်ဦးစီးဌာနများသို့ ပေးပို့ထားပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံနှင့် တာချီလိတ်အတွက် (၂)စီးပေးပို့ထားကြောင်း သိရသည်။

"ရှမ်းပြည်နယ်အတွက် (၈)စီးပေးတာမှာ ကျွန်တော်တို့ ရှမ်းရှေ့က ကျိုင်းတုံ(၁)စီး၊ တာချီလိတ် (၁)စီးရတယ်။ တာချီလိတ်က ရှာဖွေကယ်ဆယ်ရေးယာဉ်ရတာပါ။ တောင်ကြီးမှာ ဒီဇင်ဘာလ (၁၃)ရက်နေ့က သရုပ်ပြပွဲလုပ်ပြီး ဒေသအသီးသီးကို ခွဲပေးလိုက်တာ။ ရှာဖွေကယ်ဆယ်ရေးယာဉ်ရလာတော့ ကျွန်တော်တို့ ကူညီ ကယ်ဆယ်ရေးလုပ်ရတာ ပိုအဆင်ပြေလာတာပေါ့။ အရင်ကဆို ကရိန်းလိုရင် ကရိန်းရှိတဲ့ နေရာသွားငှါး အဲဒီလို လုပ်နေရတာ။ အခုတော့ ကယ်ဆယ်ရေးယာဉ်မှာက ကယ်ဆယ်ရေးပစ္စည်းအားလုံး အပြည့်အစုံပါထားတော့ လိုအပ်တာနဲ့ အချိန်နဲ့တပြေးညီလုပ်နိုင်လာတာပေါ့”ဟု တာချီလိတ်မြို့နယ် မီးသတ် ဦးစီးဌာနမှူး ဦးအောင်ဇော်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်အတွက်ရရှိသည့် အဆိုပါ ယာဉ်နှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် မီးသတ် ဦးစီးဌာနမှူး ဦးအောင်ဇော်လင်း နှင့် တပ်ဖွဲ့ဝင်များက ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော နှင့် တာဝန်ရှိသူများအား ပြန်လည်ပြသရှင်းလင်းခဲ့ကြသည်။

ပိုလန်နိုင်ငံ (ODA) အစီအစဉ်ဖြင့် မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံးယာဉ်နှင့် မီးသတ် အထောက်အကူပြုယာဉ် (၇၅)စီးကို လွှတ်တော်၏ သဘောတူညီချက်ဖြင့် အစိုးရကဝယ်ယူခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မီးသတ်ဦးစီးဌာနများသို့ ခွဲဝေပေးခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွက် ရရှိသည့် မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံးယာဉ်နှင့် မီးသတ် အထောက်အကူပြုယာဉ် (၈)စီးကို ရှမ်းပြည်နယ်တောင်ပို်င်း တောင်ကြီးမြို့တွင် (၃)စီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် (၁)စီးနှင့် လားရှိုးမြို့တွင် (၂)စီး၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံတွင် (၁)စီးနှင့် တာချီလိတ်တွင် (၁)စီး ထားရှိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံးယာဉ်နှင့် မီးသတ် အထောက်အကူပြုယာဉ်များ အသုံးပြုနိုင်ရန် ပိုလန်နိုင်ငံတွင် သင်တန်းတက်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ဒေသအသီးသီးမှ မီးသတ်တပ်ဖွဲ့ဝင်များကို သင်တန်းပြန်လည်ပို့ချပေးခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~