လောင်းကစားရှုံး၍ ငွေလိုရာမှ အသက်(၈)နှစ်အရွယ် တူမလေးအား သတ်ကာ ရွှေထည်ပစ္စည်းများ ယူသွားသည့် ဦးလေးဖြစ်သူကို ဖမ်းဆီးရမိ

လောင်းကစားရှုံး၍ ငွေလိုရာမှ အသက်(၈)နှစ်အရွယ် တူမလေးအား သတ်ကာ ရွှေထည်ပစ္စည်းများ ယူသွားသည့် ဦးလေးဖြစ်သူကို ဖမ်းဆီးရမိ
ဒီဇငျဘာ 15, 2018
By Tachileik News Agency

အသက်(၈)နှစ်အရွယ် ကျောင်းသူတစ်ဦးအား သတ်ကာ ရွှေထည်ပစ္စည်းများ ယူသွားမှု နေပြည်တော်၊ လယ်ဝေးမြို့နယ် အတွင်း ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၁၄)ရက်နေ့က ဖြစ်ပွားပြီးနောက် စုံစမ်းဖော်ထုတ်ချက် အရ သတ်သွားသူမှာ ကျောင်းသူလေး၏ ဦးလေးအရင်း ဖြစ်နေပြီး လောင်းကစားရှုံး၍ အကြွေးပေးရန် အတွက် ငွေလိုခြင်းကြောင့် ယင်းကဲ့သို့ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ  နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အေလာကျေးရွာနေ အသက်(၈)နှစ်ရှိ ဒုတိယတန်းကျောင်းသူ မမိုးဝဿန်သည် ဒီဇင်ဘာလ(၁၄)ရက်နေ့ နံနက်က မြို့သစ်အခြေခံမူလတန်းလွန်ကျောင်းသို့ နေအိမ်မှ စက်ဘီးဖြင့် ကျောင်းသွားတက်ပြီး ပုံမှန်အတိုင်း နေ့လည် ထမင်းစားချိန် နေ့အိမ်သို့ ပြန်လည် ရောက်ရှိလာခြင်းမရှိသည့် အတွက် ရဲတပ်ဖွဲ့သို့ အကြောင်းကြားပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မိသားစုဝင်များမှ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ရှာဖွေမှုများ ပြုလုပ်စဉ်  နေပြည်တော်လေဆိပ်၊ လေယာဉ်ကွင်းခြံစည်းရိုးဝင်း၊ ပိုင်အိုးနီးယားရုံး၏ အနောက်မြောက်ဘက် (၄)ဖာလုံခန့်အကွာရှိ အမှိုက်ပုံအဟောင်းအနီးတွင် မမိုးဝဿန်အား လည်ပင်းနှင့် မျက်နှာတို့တွင် ညိုမဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။





Tachileik News Agency

ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

အသက်(၈)နှစ်အရွယ် ကျောင်းသူတစ်ဦးအား သတ်ကာ ရွှေထည်ပစ္စည်းများ ယူသွားမှု နပြေည်တော်၊ လယ်ဝေးမြို့နယ် အတွင်း ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၁၄)ရက်နေ့က ဖြစ်ပွားပြီးနောက် စုံစမ်းဖော်ထုတ်ချက် အရ သတ်သွားသူမှာ ကျောင်းသူလေး၏ ဦးလေးအရင်း ဖြစ်နပြေီး လောင်းကစားရှုံး၍ အကြွေးပေးရန် အတွက် ငွေလိုခြင်းကြောင့် ယင်းကဲ့သို့ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နပြေည်တော်၊ လယ်ဝေးမြို့နယ်၊ အေလာကျေးရွာနေ အသက်(၈)နှစ်ရှိ ဒုတိယတန်းကျောင်းသူ မမိုးဝဿန်သည် ဒီဇင်ဘာလ(၁၄)ရက်နေ့ နံနက်က မြို့သစ်အခြေခံမူလတန်းလွန်ကျောင်းသို့ နေအိမ်မှ စက်ဘီးဖြင့် ကျောင်းသွားတက်ပြီး ပုံမှန်အတိုင်း နေ့လည် ထမင်းစားချိန် နေ့အိမ်သို့ ပြန်လည် ရောက်ရှိလာခြင်းမရှိသည့် အတွက် ရဲတပ်ဖွဲ့သို့ အကြောင်းကြားပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မိသားစုဝင်များမှ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ရှာဖွေမှုများ ပြုလုပ်စဉ် နပြေည်တော်လေဆိပ်၊ လေယာဉ်ကွင်းခြံစည်းရိုးဝင်း၊ ပိုင်အိုးနီးယားရုံး၏ အနောက်မြောက်ဘက် (၄)ဖာလုံခန့်အကွာရှိ အမှိုက်ပုံအဟောင်းအနီးတွင် မမိုးဝဿန်အား လည်ပင်းနှင့် မျက်နှာတို့တွင် ညိုမဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အေလာနယ်မြေရဲစခန်းတွင် (ပ)၁၉၅/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သက်ဆိုင်ရာများ၏ စုံစမ်းဖော်ထုတ်ချက်အရ သတ်ခံရသူ မမိုးဝဿန်အား ဦးလေးဖြစ်သူ အသက်(၂၄)နှစ်ရှိ ကျော်ရဲ(ခ)ဇော်လင်းအောင် ဆိုသူမှ ဆိုင်ကယ်ဖြင့် လာရောက် ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည့် အတွက်၎င်းအား ဒီဇင်ဘာလ(၁၄)ရက်နေ့ ညနေပိုင်းတွင် ခေါ်ယူစစ်ဆေးခဲ့ရာမှ လူသတ်မှုကျူးလွန်သည်ကို သိရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ခေါ်ယူစစ်ဆေးရာမှ သတ်ခံရသူ၏ ဦးလေးဖြစ်သူ ကျော်ရဲ(ခ)ဇော်လင်းအောင်၏ ထွက်ဆိုချက်အရ၎င်းသည် လောင်းကစားရှုံး၍ အကြွေးပေးရန် နှင့် ပေါင်ထားသည့် ဆိုင်ကယ်အား ပြန်ရွေးရန် ငွေလိုနေသည့် အတွက် တူမဖြစ်သူအား မုန့်ကျွေးမည်ဟု ပြောဆိုကာ ခေါ်ဆောင်ခဲ့ပြီး မမိုးဝဿန်အား ရွှေထည်ပစ္စည်းများပေးရန် တောင်းရာတွင် မပေးသည့်အတွက် ဆွဲကြိုးဖြုတ်စဉ် အော်ဟစ်နေသောကြောင့် ပါးစပ်ပိတ်၍ လည်ပင်းအား ညှစ်ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်းနှင့် မမိုးဝဿန်ဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများအား ဖြုတ်၍ ယူဆောင်သွားခဲ့ခြင်းဖြစ်သည်ကို ထွက်ဆိုကြောင်း သိရသည်။

လက်ရှိတွင် သတ်ခံရသူ၏ ဦးလေးဖြစ်သူ ကျော်ရဲ(ခ)ဇော်လင်းအောင်အား ဆက်လက် စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~