ႏုိင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈ ပါဝင္သည့္ ႏွမ္းကုန္ေခ်ာထုတ္စက္ရံု မေကြးၿမိဳ႕တြင္ ဖြင့္လွစ္

ႏုိင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈ ပါဝင္သည့္ ႏွမ္းကုန္ေခ်ာထုတ္စက္ရံု မေကြးၿမိဳ႕တြင္ ဖြင့္လွစ္
ဒီဇင်ဘာ 23, 2018
By Tachileik News Agency

မေကြးၿမိဳ႕တြင္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစီးဌာနႏွင့္ ႏိုင္ငံျခားကုမၸဏီတုိ႔ အက်ိဳးတူ ေဆာင္ရြက္သည့္ ပထမဆံုး ႏွမ္းကုန္ေခ်ာထုတ္စက္ရံုကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ(၂၃)ရက္ေန႔ နံနက္ပိုင္းက စတင္ ဖြင့္လွစ္လိုက္ၿပီး ေနာက္ထပ္ ႏုိင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈျဖင့္ စက္ရံုမ်ားဖြင့္ရန္ လာေရာက္ ေဆြးေႏြးမႈမ်ား ရိွေနေၾကာင္း သိရသည္။

“ႏွမ္းကုန္ေခ်ာစက္ရံုကို မေကြးၿမိဳ႕နယ္နဲ႔ မင္းဘူးၿမိဳ႕နယ္မ်ားမွာ႐ွိတဲ့ေက်း႐ြာ(၃၀)က စိုက္ပ်ိဳးေတာင္သူ (၆၀၀) ဦးတို႔ရဲ႕ GAP စနစ္နဲ႔ စိုက္ပ်ိဳးထားတဲ့ႏွမ္းေတြကို စက္႐ံုမွာသန္႔စင္ၿပီး အရည္အေသြးေကာင္း ႏွမ္းမ်ိဳးေစ႔မ်ား ၊ ႏွမ္းေထာပတ္နဲ႔ ႏွမ္းဟင္းခပ္မႈန္႔မ်ားအျဖစ္ ျပည္ပကို ထုတ္လုပ္တင္ပို႔မွာျဖစ္ၿပီး  ျပည္တြင္းေစ်းကြက္မွာလည္း ေတာင္သူရတနာအမွတ္တံဆိပ္နဲ႔ ႏွမ္းဆီသန္႔အျဖစ္ ထုတ္လုပ္ျဖန္႔ုျဖဴး သြားမွာျဖစ္ပါတယ္”ဟု စီမံကိန္း၏ စိုက္ပ်ိဳးေရးဆိုင္ရာတာဝန္ခံ ဦးႏိုင္ဝင္းလတ္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

မေကြးၿမိဳ႕နယ္၊ ေဂြးေတာက္စမ္းေက်း႐ြာအနီးတည္ေဆာက္ထားသည့္ အဆိုပါစက္ရံုကို စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ေက်းလက္ေဒသဖံြ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာနႏွင့္ အီတလီႏိုင္ငံ အေျခစိုက္ PC Myanmar အဖဲြ႔တို႔ ပူးေပါင္းအေကာင္အထည္ေဖာ္ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရၿပီး တစ္နာရီလွ်င္ ႏွမ္းသန္႔စင္ကုန္ေခ်ာ မက္ထရစ္တန္ (၇)တန္၊ အလုပ္ခ်ိန္ (၈) နာရီအတြင္း ႏွမ္းဆီသန္႔ (၆) တန္ ထုတ္လုပ္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

မေကြးတုိင္းေဒသႀကီးအတြင္း ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈပါဝင္သည့္ ႏွမ္းကုန္ေခ်ာစက္ရံုကို ပထမဆံုး တည္ေဆာက္လိုက္ျခင္းျဖစ္ၿပီး ဂ်ပန္ႏိုင္ငံ ေဆးဝါးကုမၸဏီတစ္ခုျဖစ္သည့္ Alps Pharmaceutical Ind Co., Ltd ကလည္း မေကြးတိုင္းေဒသႀကီးတြင္  ေျမလြတ္ေျမလပ္ေလွ်ာက္ထား၍ ေပြးကိုင္းႏွင့္ ႏြယ္ခ်ဳိစိုက္ပ်ဳိးကာ  ဘယေဆးစက္႐ုံတည္ေထာင္ၿပီး ေစ်းကြက္တင္ပို႔ရန္ တုိင္းေဒသႀကီးအစိုးရႏွင့္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ (၁၈)ရက္ေန႔က လာေရာက္ေဆြးေႏြးထားေၾကာင္း သိရသည္။

“ဒီဇင္ဘာ (၁၈)ရက္ေန႔က ကၽြန္ေတာ္တို႔နဲ႔ ေတြ႔ဆံုေဆြးေႏြးခဲ့ပါတယ္။ ကၽြန္ေတာ္တို႔တိုင္းအတြင္းမွာ ေျမ လြတ္ေျမလပ္ေလွ်ာက္ထားၿပီး သူတို႔ကို္ယ္တိုင္စိုက္ပ်ိဳးမယ္၊ စက္ရံုတည္မယ္။ ၿပီးရင္ ဘယေဆးဝါး ထုတ္လုပ္ၿပီး ကမာၻ႔ေစ်းကြက္ကို ျဖန္႔ျဖဴးမယ္ေပါ့။ ေဒသခံေတြနဲ႔ အက်ိဳးတူပူးေပါင္းစိုက္ပ်ိဳးေစဖို႔ေျပာေတာ့ သူတို႔ လိုခ်င္တဲ့အရည္ အေသြးမမီမွာစိုးလို႔တဲ့ လက္မခံဘူး”ဟု မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ စိုက္ပ်ဳိးေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးဝင္ေမာ္ေဌးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ကုမၸဏီက မေကြးတိုင္းအတြင္း ေျမလြတ္ေျမလပ္ အနည္းဆံုး ဧက(၁၀၀၀)ခန္႔ ေလွ်ာက္ ထားရယူလိုေၾကာင္း သိရၿပီး ခြင့္ျပဳခ်က္ရရိွပါက အိႏၵိယႏုိင္ငံမွ စက္ရံုကို ေျပာင္းေရႊ႕မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - T.S


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် နိုင်ငံခြားကုမ္ပဏီတို့ အကျိုးတူ ဆောင်ရွက်သည့် ပထမဆုံး နှမ်းကုန်ချောထုတ်စက်ရုံကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက စတင် ဖွင့်လှစ်လိုက်ပြီး နောက်ထပ် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဖြင့် စက်ရုံများဖွင့်ရန် လာရောက် ဆွေးနွေးမှုများ ရှိနေကြောင်း သိရသည်။

“နှမ်းကုန်ချောစက်ရုံကို မကွေးမြို့နယ်နဲ့ မင်းဘူးမြို့နယ်များမှာရှိတဲ့ကျေးရွာ(၃၀)က စိုက်ပျိုးတောင်သူ (၆၀၀) ဦးတို့ရဲ့ GAP စနစ်နဲ့ စိုက်ပျိုးထားတဲ့နှမ်းတွေကို စက်ရုံမှာသန့်စင်ပြီး အရည်အသွေးကောင်း နှမ်းမျိုးစေ့များ၊ နှမ်းထောပတ်နဲ့ နှမ်းဟင်းခပ်မှုန့်များအဖြစ် ပြည်ပကို ထုတ်လုပ်တင်ပို့မှာဖြစ်ပြီး ပြည်တွင်းဈေးကွက်မှာလည်း တောင်သူရတနာအမှတ်တံဆိပ်နဲ့ နှမ်းဆီသန့်အဖြစ် ထုတ်လုပ်ဖြနု့်ဖြူး သွားမှာဖြစ်ပါတယ်”ဟု စီမံကိန်း၏ စိုက်ပျိုးရေးဆိုင်ရာတာဝန်ခံ ဦးနိုင်ဝင်းလတ်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

မကွေးမြို့နယ်၊ ဂွေးတောက်စမ်းကျေးရွာအနီးတည်ဆောက်ထားသည့် အဆိုပါစက်ရုံကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အီတလီနိုင်ငံ အခြေစိုက် PC Myanmar အဖွဲ့တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပြီး တစ်နာရီလျှင် နှမ်းသန့်စင်ကုန်ချော မက်ထရစ်တန် (၇)တန်၊ အလုပ်ချိန် (၈) နာရီအတွင်း နှမ်းဆီသန့် (၆) တန် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပါဝင်သည့် နှမ်းကုန်ချောစက်ရုံကို ပထမဆုံး တည်ဆောက်လိုက်ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံ ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့် Alps Pharmaceutical Ind Co., Ltd ကလည်း မကွေးတိုင်းဒေသကြီးတွင် မြေလွတ်မြေလပ်လျှောက်ထား၍ ပွေးကိုင်းနှင့် နွယ်ချိုစိုက်ပျိုးကာ ဘယဆေးစက်ရုံတည်ထောင်ပြီး ဈေးကွက်တင်ပို့ရန် တိုင်းဒေသကြီးအစိုးရနှင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့က လာရောက်ဆွေးနွေးထားကြောင်း သိရသည်။

“ဒီဇင်ဘာ (၁၈)ရက်နေ့က ကျွန်တော်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့တိုင်းအတွင်းမှာ မြေ လွတ်မြေလပ်လျှောက်ထားပြီး သူတို့ကို်ယ်တိုင်စိုက်ပျိုးမယ်၊ စက်ရုံတည်မယ်။ ပြီးရင် ဘယဆေးဝါး ထုတ်လုပ်ပြီး ကမာ္ဘ့ဈေးကွက်ကို ဖြန့်ဖြူးမယ်ပေါ့။ ဒေသခံတွေနဲ့ အကျိုးတူပူးပေါင်းစိုက်ပျိုးစေဖို့ပြောတော့ သူတို့ လိုချင်တဲ့အရည် အသွေးမမီမှာစိုးလို့တဲ့ လက်မခံဘူး”ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်မော်ဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကုမ္ပဏီက မကွေးတိုင်းအတွင်း မြေလွတ်မြေလပ် အနည်းဆုံး ဧက(၁၀၀၀)ခန့် လျှောက် ထားရယူလိုကြောင်း သိရပြီး ခွင့်ပြုချက်ရရှိပါက အိန္ဒိယနိုင်ငံမှ စက်ရုံကို ပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - T.S

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~