တာခ်ီလိတ္ရွိ တံတား(၁)တြင္ ျမန္မာ - ထိုင္း ႏွစ္သစ္ကူး စုေပါင္းဆြမ္းဆန္းစိမ္းေလာင္းပြဲ ဇန္န၀ါရီလ(၁)ရက္ေန႔ နံနက္တြင္ က်င္းပမည္

တာခ်ီလိတ္ရွိ တံတား(၁)တြင္ ျမန္မာ - ထိုင္း ႏွစ္သစ္ကူး စုေပါင္းဆြမ္းဆန္းစိမ္းေလာင္းပြဲ ဇန္န၀ါရီလ(၁)ရက္ေန႔ နံနက္တြင္ က်င္းပမည္
ဒီဇင်ဘာ 26, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ - ထိုင္းခ်စ္ၾကည္ေရးတံတားအမွတ္(၁)တြင္ ျမန္မာႏွင့္ထုိင္း ႏွစ္ႏုိင္ငံမွ သံဃာေတာ္အပါး (၅၀၀)ကို ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁)ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ နံနက္(၆)နာရီခြဲ (ထုိင္းစံေတာ္ခ်ိန္ နံနက္ ၇ နာရီ)၌ ႏွစ္ႏုိင္ငံစုေပါင္း ႏွစ္သစ္ကူး ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

“မနက္(၅)နာရီမွာ ကၽြန္ေတာ္တို႔ စုေပါင္းရံုးမွာ သံဃာေတာ္အပါး (၃၀၀)ကို ဆြမ္းကပ္မွာပါ။ ၿပီးရင္ ဒီဘက္စံေတာ္ခ်ိန္ မနက္(၆)နာရီခြဲမွာ ထုိင္းဘက္ျခမ္းက အေကာက္ခြန္ရံုးမွာ စုရပ္ဆိုေတာ့ သံဃာေတာ္ေတြကို အဲဒီဘက္ပင့္မယ္။ ၿပီးရင္ ျမန္မာဘက္က သံဃာေတာ္အပါး(၃၀၀)နဲ႔ ထုိင္းဘက္က အပါး(၂၀၀)က တံတားမွာ ဆြမ္းဆန္စိမ္းအလွဴခံၾကြမွာပါ”ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ႏွစ္ႏုိင္ငံ ႏွစ္သစ္ကူးစုေပါင္း ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲတြင္ သံဃာေတာ္အပါး (၅၀၀)က ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတားအမွတ္(၁)အတိုင္း ၾကြေရာက္ၿပီး တံတား(၁)ထိပ္ရိွ တာခ်ီလိတ္ၿမိဳ႕ အဝုိင္းပတ္မွေန၍ ထုိင္းႏုိင္ငံဘက္သို႔ ျပန္လည္ၾကြေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

ဆြမ္းဆန္စိမ္းေလာင္းလွဴလိုသူမ်ား အေနျဖင့္ ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတားအမွတ္(၁)တြင္ လာေရာက္ ေလာင္းလွဴႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)တွင် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံမှ သံဃာတော်အပါး (၅၀၀)ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ မြန်မာစံတော်ချိန် နံနက်(၆)နာရီခွဲ (ထိုင်းစံတော်ချိန် နံနက် ၇ နာရီ)၌ နှစ်နိုင်ငံစုပေါင်း နှစ်သစ်ကူး ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“မနက်(၅)နာရီမှာ ကျွန်တော်တို့ စုပေါင်းရုံးမှာ သံဃာတော်အပါး (၃၀၀)ကို ဆွမ်းကပ်မှာပါ။ ပြီးရင် ဒီဘက်စံတော်ချိန် မနက်(၆)နာရီခွဲမှာ ထိုင်းဘက်ခြမ်းက အကောက်ခွန်ရုံးမှာ စုရပ်ဆိုတော့ သံဃာတော်တွေကို အဲဒီဘက်ပင့်မယ်။ ပြီးရင် မြန်မာဘက်က သံဃာတော်အပါး(၃၀၀)နဲ့ ထိုင်းဘက်က အပါး(၂၀၀)က တံတားမှာ ဆွမ်းဆန်စိမ်းအလှူခံကြွမှာပါ”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နှစ်နိုင်ငံ နှစ်သစ်ကူးစုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် သံဃာတော်အပါး (၅၀၀)က မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁)အတိုင်း ကြွရောက်ပြီး တံတား(၁)ထိပ်ရှိ တာချီလိတ်မြို့ အဝိုင်းပတ်မှနေ၍ ထိုင်းနိုင်ငံဘက်သို့ ပြန်လည်ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။

ဆွမ်းဆန်စိမ်းလောင်းလှူလိုသူများ အနဖြေင့် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁)တွင် လာရောက် လောင်းလှူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~