မိုင္းဆတ္ၿမိဳ႕တြင္ ေဒသခံမ်ား သဘာဝေဘးအႏၱရာယ္စီခံခန္႔ခြဲႏုိင္ေရး (၅)ရက္ၾကာသင္တန္းပို႔ခ်ေန

မိုင္းဆတ္ၿမိဳ႕တြင္ ေဒသခံမ်ား သဘာဝေဘးအႏၱရာယ္စီခံခန္႔ခြဲႏုိင္ေရး (၅)ရက္ၾကာသင္တန္းပို႔ခ်ေန
ဒီဇင်ဘာ 17, 2018
By 🌸
ရွမ္းျပည္နယ္အတြင္း ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္က သဘာဝေဘးအႏၲရာယ္ေၾကာင့္ လူေပါင္း(၅၀၀၀၀)ေက်ာ္ ထိခိုက္ခံစားခဲ့ရသည့္အတြက္ ေဒသခံမ်ားအား သဘာဝေဘးအႏၱရာယ္စီမံခန္႔ခြဲေရးသင္တန္းေပးေနရာ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ၿမိဳ႕၌ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၇) ရက္ေန႔က သင္တန္းစတင္ ဖြင့္လွစ္ေၾကာင္း သိရသည္။

ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာနကဦးစီးဖြင့္လွစ္သည့္ သဘာဝေဘးအႏၱရာယ္စီမံခန္႔ခြဲေရးအတြက္ (၅)ရက္ၾကာသင္တန္းကို နံနက္ (၉) နာရီခဲြက ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အစည္းအေ၀းခန္းမ၌ ဖြင့္လွစ္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါသင္တန္းတြင္ ေဒသတြင္းမွ သင္တန္းသားသင္တန္းသူ(၅၀)ဦးတို႔ တက္ေရာက္ေနၾကၿပီး  သဘာ၀ေဘးအႏၲရာယ္ဆိုင္ရာေ၀ါဟာရႏွင့္သေဘာတရားမ်ား၊ ထိခိုက္ခံရမႈမ်ား၊ ထိေတြ႔ႏိုင္ေျခႏွင့္ ထိခိုက္ဆုံး႐ႈံးႏိုင္ေျခမ်ား၊ ရာသီဥတုေျပာင္းလဲျခင္း၊ ပတ္၀န္းက်င္ထိန္းသိမ္းေရး၊ ရပ္ရြာလူထုအေျခခံေသာ ေဘးအႏၱရာယ္စီမံခန္႔ခြဲမႈ၊ ျမန္မာႏိုင္ငံေဘး အႏၱရာယ္စီမံခန္႔ခဲြမႈ မူေဘာင္၊ က်င့္၀တ္စည္းမ်ဥ္းႏွင့္ အေျခခံမူမ်ား၊ ေရွးဦးသူနာျပဳစုနည္းမ်ား၊ အေရးေပၚကာလ ေရႏွင့္လ ပတ္၀န္းက်င္သန္႔ရွင္းေရး၊ ဆုံး႐ႈံးမႈမ်ား ဆန္းစစ္အကဲျဖတ္ျခင္းႏွင့္ ျပန္လည္ထူေထာင္တည္ေဆာက္ျခင္းတို႔ကို ပို႔ခ်ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္တြင္ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္အတြင္း သဘာဝေဘးအႏၲရာယ္ျဖစ္ပြားမႈေပါင္း(၂၇၁)ႀကိမ္ ႀကဳံေတြ႕ခဲ့ရၿပီး အိမ္ေျခ(၈၇၀)၊ အိမ္ေထာင္စု(၁၁၀၄၁)စုမွ လူဦးေရ(၅၅၅၉၅)ဦး သဘာ၀ေဘးဒဏ္ခံစားခဲ့ရၿပီး ၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္အတြင္း ဧၿပီလမွ ဇြန္လအထိ သဘာဝေဘးအႏၲရာယ္ အႀကိမ္ေပါင္း (၉၀)ႀကံဳေတြ႔ခဲ့ရကာ အိမ္ေထာင္စု(၇၁၇)စုမွ လူဦးေရ(၁၈၈၆)ဦး သဘာ၀ေဘးဒဏ္ခံစားခဲ့ရေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #သန္းေဇာ္(မိုင္းဆတ္)

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဆတ်မြို့တွင် ဒေသခံများ သဘာဝဘေးအန္တရာယ်စီခံခန့်ခွဲနိုင်ရေး (၅)ရက်ကြာသင်တန်းပို့ချနေ
**************
ရှမ်းပြည်နယ်အတွင်း ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်က သဘာဝဘေးအန္တရာယ်ကြောင့် လူပေါင်း(၅၀၀၀၀)ကျော် ထိခိုက်ခံစားခဲ့ရသည့်အတွက် ဒေသခံများအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးသင်တန်းပေးနေရာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့၌ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့က သင်တန်းစတင် ဖွင့်လှစ်ကြောင်း သိရသည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကဦးစီးဖွင့်လှစ်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအတွက် (၅)ရက်ကြာသင်တန်းကို နံနက် (၉) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဒေသတွင်းမှ သင်တန်းသားသင်တန်းသူ(၅၀)ဦးတို့ တက်ရောက်နေကြပြီး  သဘာဝဘေးအန္တရာယ်ဆိုင်ရာဝေါဟာရနှင့်သဘောတရားများ၊ ထိခိုက်ခံရမှုများ၊ ထိတွေ့နိုင်ခြေနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများ၊ ရာသီဥတုပြောင်းလဲခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရပ်ရွာလူထုအခြေခံသော ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ မြန်မာနိုင်ငံဘေး အန္တရာယ်စီမံခန့်ခွဲမှု မူဘောင်၊ ကျင့်ဝတ်စည်းမျဉ်းနှင့် အခြေခံမူများ၊ ရှေးဦးသူနာပြုစုနည်းများ၊ အရေးပေါ်ကာလ ရေနှင့်လ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ဆုံးရှုံးမှုများ ဆန်းစစ်အကဲဖြတ်ခြင်းနှင့် ပြန်လည်ထူထောင်တည်ဆောက်ခြင်းတို့ကို ပို့ချနေခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်တွင် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုပေါင်း(၂၇၁)ကြိမ် ကြုံတွေ့ခဲ့ရပြီး အိမ်ခြေ(၈၇၀)၊ အိမ်ထောင်စု(၁၁၀၄၁)စုမှ လူဦးရေ(၅၅၅၉၅)ဦး သဘာဝဘေးဒဏ်ခံစားခဲ့ရပြီး ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဧပြီလမှ ဇွန်လအထိ သဘာဝဘေးအန္တရာယ် အကြိမ်ပေါင်း (၉၀)ကြုံတွေ့ခဲ့ရကာ အိမ်ထောင်စု(၇၁၇)စုမှ လူဦးရေ(၁၈၈၆)ဦး သဘာဝဘေးဒဏ်ခံစားခဲ့ရကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #သန်းဇော်(မိုင်းဆတ်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~