"၀"အထူးေဒသ(၂)မွ လႊဲေျပာင္းေပးထားသည့္ မုိင္းဆတ္ - တာခ်ီလိတ္ခရိုင္ခ်င္းဆက္လမ္းကို ၂၀၁၉ မိုးရာသီအမီ ဦးစားေပးျပင္ဆင္သြားမည္

"၀"အထူးေဒသ(၂)မွ လႊဲေျပာင္းေပးထားသည့္ မုိင္းဆတ္ - တာခ်ီလိတ္ခရိုင္ခ်င္းဆက္လမ္းကို ၂၀၁၉ မိုးရာသီအမီ ဦးစားေပးျပင္ဆင္သြားမည္
ဒီဇင်ဘာ 20, 2018
By Tachileik News Agency
"၀"အထူးေဒသ(၂)မွ လူထုအတြက္လက္ေဆာင္အျဖစ္ လႊဲေျပာင္းေပးထားသည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္ခ႐ိုင္ႏွင့္ တာခ်ီလိတ္ခ႐ိုင္ခ်င္းဆက္လမ္းကို လမ္းဦးစီးဌာနက တုိင္းတာတြက္ခ်က္မႈမ်ား ေဆာင္ရြက္ေနၿပီး ၂၀၁၉ ခုႏွစ္ မိုးရာသီအတြင္း လမ္းပန္းဆက္သြယ္ေရးေကာင္းမြန္ေစေရး ေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လမ္းပိုင္းတြင္ တံတား (၁၂၄)စင္းရိွေနၿပီး ခရိုင္ခ်င္းဆက္လမ္းအား ဦးစားေပးျပင္ဆင္ေရးအတြက္ ရန္ပံုေငြ တင္ျပျခင္းမ်ားကို ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ျပည္နယ္အစိုးရအဖြဲ႕ဝင္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြးက ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (  ၁၈  )ရက္ေန႔က က်င္းပသည့္ ရွမ္းျပည္နယ္လႊတ္ေတာ္အစည္းအေဝးတြင္ မိုင္းဆတ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဒါဝိ၏ ေမးျမန္းခ်က္ကို ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါ ခရိုင္ခ်င္းဆက္လမ္းအပါအဝင္ ေက်းလက္လမ္းမ်ားကို “ဝ”အထူးေဒသ(၂)ထံမွ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၃၀) ရက္ေန႔ နံနက္ (၉) နာရီ၌ ျပည္နယ္အစိုးရဝန္ႀကီးမ်ားဦးစီးသည့္ အဖြဲ႕က လႊဲေျပာင္း လက္ခံခဲ့ျခင္းျဖစ္ၿပီး ခရိုင္ခ်င္းဆက္လမ္းကို လမ္းတံတားဦးစီးဌာနအပိုင္ ျပည္နယ္အစိုးရ၏ စီမံခန္႔ခြဲမႈ ေအာက္တြင္ ထားရိွျခင္းျဖစ္ေၾကာင္း သိရသည္။

မုိင္းဆတ္ - တာခ်ီလိတ္ခရိုင္ခ်င္းဆက္လမ္းကို ၁၉၉၇ ခုႏွစ္၊ ေအာက္တိုဘာလတြင္ “ဝ”အထူးေဒသ(၂) စစ္ေဒသ (၁၇၁)မွ ေဖာက္လုပ္ခဲ့ကာ ၁၉၉၉ ခုႏွစ္ ေဖေဖၚဝါရီလတြင္ အမာခံလမ္းအျဖစ္ ဖြင့္လွစ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

လမ္း၏ အခက္ခဲ အၾကမ္းတမ္းဆံုးအပိုင္းျဖစ္ေသာ လြယ္ဆမ္ဆံုေတာင္ အတက္အဆင္း (၆)မိုင္အား ၂၀၀၄ ခုႏွစ္ႏွင့္ ၂၀၀၅ ခုႏွစ္မ်ားတြင္ ကတၱရာလမ္းခင္းခဲ့ၿပီး ၂၀၀၄ ခုႏွစ္မွ ၂၀၀၇ ခုႏွစ္မ်ားအတြင္း (၃၅)မုိင္ (၂)ဖာလံုအား ေက်ာက္စီလမ္းခင္းျခင္း၊ (၁၄)မိုင္အား အမာခံလမ္းခင္းျခင္းႏွင့္ (၄)မုိင္ (၄)ဖာလံုအား ေျမလမ္းခင္းျခင္းအျဖစ္ တည္ေဆာက္ခဲ့ကာ “ဝ”အထူးေဒသ(၂) စစ္ေဒသ (၁၇၁)က ႀကီးၾကပ္ျပင္ဆင္ ထိန္းသိမ္းေနခဲ့သည့္ လမ္းျဖစ္သည္။

တာခ်ီလိတ္ - မုိင္းဆတ္ကားလမ္း ဆိုးဝါးစြာပ်က္စီးေနမႈအား ရာသီမေရြးသြားလာႏုိင္မည့္လမ္းအျဖစ္ ျပဳျပင္ေပးရန္ ျပည္သူ႔လႊတ္ေတာ္တြင္ မိုင္းတုံမဲဆႏၵနယ္မွ ဦးေအာင္ေက်ာ္ဦးက ၂၀၁၇ ခုႏွစ္ ႏုိဝင္ဘာလ (၁)ရက္ေန႔က ေမးခြန္းေမးျမန္းခြင့္ တင္ျပထားခဲ့ၿပီးေနာက္ ေျခာက္လေက်ာ္အၾကာ ေမလတြင္ အဆုိပါ ေမးခြန္းအား လႊတ္ေတာ္၌ တင္ျပခြင့္ရခဲ့ျခင္းျဖစ္သည္။

အဆိုပါလမ္းပိုင္း လႊဲေျပာင္းစီမံခန္႔ခြဲခြင့္ရရိွေရးအတြက္ ၂၀၁၈ ခုႏွစ္ ဧၿပီလ (၂၅)ရက္ေန႔တြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြးႏွင့္ စည္ပင္သာယာေရးဝန္ႀကီး ဦးစြံဆိုင္းဦးစီးသည့္ အဖြဲ႕က “ဝ”အထူးေဒသ(၂) စစ္ေဒသ (၁၇၁)အေျခစိုက္သည့္ ဝမ္ဟုန္သို႔ ပထမအႀကိမ္ သြားေရာက္ေဆြးေႏြးညိႇႏိႈင္းရာ ဧၿပီလ(၂၈)ရက္ေန႔တြင္ လမ္းမ်ားအား လာေရာက္ လႊဲေျပာင္းလက္ခံရန္ စစ္ေဒသ (၁၇၁)က ျပန္လည္အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ႏွစ္ဖက္ညိႇႏိႈင္းေဆြးေႏြးမႈမ်ားကို ၂၀၁၈ ခုႏွစ္အတြင္း ေမလ(၆)ရက္၊ ႏိုဝင္ဘာလ(၁၁)ရက္၊ ႏိုဝင္ဘာလ (၁၉)ရက္တို႔တြင္ လုပ္ေဆာင္ခဲ့ၾကၿပီးေနာက္ ႏိုဝင္ဘာလ (၃၀)ရက္ေန႔တြင္ လႊဲေျပာင္းမႈကို လက္ခံႏုိင္ခဲ့ျခင္းျဖစ္သည္။

လႊဲေျပာင္းမႈသေဘာတူညီခ်က္အရ အဆိုပါလမ္းပိုင္းကို ေဒသခံမ်ားအတြက္ လက္ေဆာင္အျဖစ္ “ဝ”အထူးေဒသက ေပးအပ္ျခင္းျဖစ္ၿပီး UWSA အား လမ္းအသံုးျပဳခေကာက္ခံျခင္းမျပဳရန္၊ မွတ္ပံုတင္ျပဳလုပ္ေပးရန္ အပါအဝင္ “ဝ”ေဒသမွ လူထု၏ လိုအပ္ခ်က္မ်ားအား ေဆာင္ရြက္ေပးရန္တို႔လည္း ပါဝင္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

"ဝ"အထူးဒေသ(၂)မှ လူထုအတွက်လက်ဆောင်အဖြစ် လွှဲပြောင်းပေးထားသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်နှင့် တာချီလိတ်ခရိုင်ချင်းဆက်လမ်းကို လမ်းဦးစီးဌာနက တိုင်းတာတွက်ချက်မှုများ ဆောင်ရွက်နပြေီး ၂၀၁၉ ခုနှစ် မိုးရာသီအတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းတွင် တံတား (၁၂၄)စင်းရှိနပြေီး ခရိုင်ချင်းဆက်လမ်းအား ဦးစားပေးပြင်ဆင်ရေးအတွက် ရန်ပုံငွေ တင်ပြခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ( ၁၈ )ရက်နေ့က ကျင်းပသည့် ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် မိုင်းဆတ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါဝိ၏ မေးမြန်းချက်ကို ပြန်လည်ဖြကြေားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခရိုင်ချင်းဆက်လမ်းအပါအဝင် ကျေးလက်လမ်းများကို “ဝ”အထူးဒေသ(၂)ထံမှ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့ နံနက် (၉) နာရီ၌ ပြည်နယ်အစိုးရဝန်ကြီးများဦးစီးသည့် အဖွဲ့က လွှဲပြောင်း လက်ခံခဲ့ခြင်းဖြစ်ပြီး ခရိုင်ချင်းဆက်လမ်းကို လမ်းတံတားဦးစီးဌာနအပိုင် ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှု အောက်တွင် ထားရှိခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဆတ် - တာချီလိတ်ခရိုင်ချင်းဆက်လမ်းကို ၁၉၉၇ ခုနှစ်၊ အောက်တိုဘာလတွင် “ဝ”အထူးဒေသ(၂) စစ်ဒေသ (၁၇၁)မှ ဖောက်လုပ်ခဲ့ကာ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလတွင် အမာခံလမ်းအဖြစ် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လမ်း၏ အခက်ခဲ အကြမ်းတမ်းဆုံးအပိုင်းဖြစ်သော လွယ်ဆမ်ဆုံတောင် အတက်အဆင်း (၆)မိုင်အား ၂၀၀၄ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်များတွင် ကတ္တရာလမ်းခင်းခဲ့ပြီး ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်များအတွင်း (၃၅)မိုင် (၂)ဖာလုံအား ကျောက်စီလမ်းခင်းခြင်း၊ (၁၄)မိုင်အား အမာခံလမ်းခင်းခြင်းနှင့် (၄)မိုင် (၄)ဖာလုံအား မြေလမ်းခင်းခြင်းအဖြစ် တည်ဆောက်ခဲ့ကာ “ဝ”အထူးဒေသ(၂) စစ်ဒေသ (၁၇၁)က ကြီးကြပ်ပြင်ဆင် ထိန်းသိမ်းနေခဲ့သည့် လမ်းဖြစ်သည်။

တာချီလိတ် - မိုင်းဆတ်ကားလမ်း ဆိုးဝါးစွာပျက်စီးနေမှုအား ရာသီမရွေးသွားလာနိုင်မည့်လမ်းအဖြစ် ပြုပြင်ပေးရန် ပြည်သူ့လွှတ်တော်တွင် မိုင်းတုံမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဦးက ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့က မေးခွန်းမေးမြန်းခွင့် တင်ပြထားခဲ့ပြီးနောက် ခြောက်လကျော်အကြာ မေလတွင် အဆိုပါ မေးခွန်းအား လွှတ်တော်၌ တင်ပြခွင့်ရခဲ့ခြင်းဖြစ်သည်။

အဆိုပါလမ်းပိုင်း လွှဲပြောင်းစီမံခန့်ခွဲခွင့်ရရှိရေးအတွက် ၂၀၁၈ ခုနှစ် ဧပြီလ (၂၅)ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးစွံဆိုင်းဦးစီးသည့် အဖွဲ့က “ဝ”အထူးဒေသ(၂) စစ်ဒေသ (၁၇၁)အခြေစိုက်သည့် ဝမ်ဟုန်သို့ ပထမအကြိမ် သွားရောက်ဆွေးနွေးညှိနှိုင်းရာ ဧပြီလ(၂၈)ရက်နေ့တွင် လမ်းများအား လာရောက် လွှဲပြောင်းလက်ခံရန် စစ်ဒေသ (၁၇၁)က ပြန်လည်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများကို ၂၀၁၈ ခုနှစ်အတွင်း မေလ(၆)ရက်၊ နိုဝင်ဘာလ(၁၁)ရက်၊ နိုဝင်ဘာလ (၁၉)ရက်တို့တွင် လုပ်ဆောင်ခဲ့ကြပြီးနောက် နိုဝင်ဘာလ (၃၀)ရက်နေ့တွင် လွှဲပြောင်းမှုကို လက်ခံနိုင်ခဲ့ခြင်းဖြစ်သည်။

လွှဲပြောင်းမှုသဘောတူညီချက်အရ အဆိုပါလမ်းပိုင်းကို ဒေသခံများအတွက် လက်ဆောင်အဖြစ် “ဝ”အထူးဒေသက ပေးအပ်ခြင်းဖြစ်ပြီး UWSA အား လမ်းအသုံးပြုခကောက်ခံခြင်းမပြုရန်၊ မှတ်ပုံတင်ပြုလုပ်ပေးရန် အပါအဝင် “ဝ”ဒေသမှ လူထု၏ လိုအပ်ချက်များအား ဆောင်ရွက်ပေးရန်တို့လည်း ပါဝင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~