တာချီလိတ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများ စိုက်ပျိုးရေးနှင့် ပတ်သက်၍ အခက်အခဲများရှိပါက ပိတ်ရက်မရှိ မေးမြန်းနိုင်ရန် Call Center ဖွင့်လှစ်ထား
တာချီလိတ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများ စိုက်ပျိုးရေးနှင့် ပတ်သက်၍ အခက်အခဲများရှိပါက ပိတ်ရက်မရှိ မေးမြန်းနိုင်ရန် Call Center ဖွင့်လှစ်ထား
ဒီဇငျဘာ 15, 2018
By Tachileik News Agency
တာချီလိတ်ခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းဖြင့် သက်မွေးဝမ်းကျောင်းပြုနေသည့် တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်၍ အခက်အခဲများရှိလာပါ သိရှိလိုသည်များကို သက်ဆိုင်ရာမြို့နယ်ရှိ ရုံးသို့ လာရောက်၍ ဖြစ်စေ ဖုန်းဖွင့်ဆက်သွယ်၍ ဖြစ်စေ အကူအညီတောင်းနိုင်ရန်အတွက် စီစဉ်ပေးထားကြောင်း နှင့် တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် Call Center အား ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၁၂)ရက်နေ့ကစ၍ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး ဖုန်း ၀၈၄-၅၁၄၈၈ နှင့် ၀၉၅၂၅၃၁၀၅ အပြင် တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ်နှင့်မြို့များဖြစ်သည့် တာချီလိတ်မြို့နယ်၊ တာလေမြို့၊ ကျိုင်းလပ်မြို့၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ် နှင့် မိုင်းယုမြို့တို့ရှိ စိုက်ပျိုးရေးဦးစီးဌာနရုံးတို့တွင်လည်း လာရောက်မေးမြန်း အကူအညီတောင်းခံနိုင်ကြောင်းနှင့် ဖော်ပြပါ သက်ဆိုင်ရာရုံးများ၏ ဖုန်းသို့လည်း ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများ စိုက်ပျိုးရေးနှင့် ပတ်သက်၍ အခက်အခဲများကို အလွယ်တကူ သိရှိ ဖြေရှင်းနိုင်ရန်အတွက် တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် Call Center ဖွင့်လှစ်ထားပြီဖြစ်ကြောင်းနှင့် ခရိုင်အတွင်းရှိ မြို့နယ်နှင့်မြို့စိုက်ပျိုးရေးဦးစီးဌာနရုံးများတွင် Call Centerများ ဖွင့်လှစ်ရန်အတွက် ညွှန်ကြားထားပြီဖြစ်ကြောင်း သိရသည်။
"ခရိုင်ရုံးမှာတော့ Call Center ဖွင့်ထားပါပြီ၊ မြို့နယ်ရုံးတွေမှာလည်း ဖွင့်ဖို့ ညွှန်ကြားထာပြီးပါပြီ၊ စနေ တနင်္ဂေနွပိတ်ရက် မရှိပါဘူး။ အချိန်မရွေး ဆက်သွယ်အကူအညီတောင်းနိုင်ပါတယ်"ဟု တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်ခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းဖြင့် သက်မွေးဝမ်းကျောင်းပြုနေသည့် တောင်သူများအနဖြေင့် စိုက်ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်၍ အခက်အခဲများရှိလာပါ သိရှိလိုသည်များကို သက်ဆိုင်ရာမြို့နယ်ရှိ ရုံးသို့ လာရောက်၍ ဖြစ်စေ ဖုန်းဖွင့်ဆက်သွယ်၍ ဖြစ်စေ အကူအညီတောင်းနိုင်ရန်အတွက် စီစဉ်ပေးထားကြောင်း နှင့် တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် Call Center အား ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၁၂)ရက်နေ့ကစ၍ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး ဖုန်း ဝ၈၄-၅၁၄၈၈ နှင့် ဝ၉၅၂၅၃၁၀၅ အပြင် တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ်နှင့်မြို့များဖြစ်သည့် တာချီလိတ်မြို့နယ်၊ တာလမြေို့၊ ကျိုင်းလပ်မြို့၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ် နှင့် မိုင်းယုမြို့တို့ရှိ စိုက်ပျိုးရေးဦးစီးဌာနရုံးတို့တွင်လည်း လာရောက်မေးမြန်း အကူအညီတောင်းခံနိုင်ကြောင်းနှင့် ဖော်ပြပါ သက်ဆိုင်ရာရုံးများ၏ ဖုန်းသို့လည်း ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးအား တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ စိုက်ပျိုးရေးလမ်းတွင် ဖွင့်လှစ်ထားရှိသည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~