ေျမလြတ္ေျမရိုင္းတြင္ စိုက္ပ်ိဳးေရး လုပ္ကိုင္ေနသူမ်ား ၂၀၁၉ ခုႏွစ္ မတ္လ(၁၁)ရက္ေန႔မတိုင္မီ လုပ္ကိုင္ခြင့္ေလွ်ာက္ထားၾကရန္ သတိေပးတုိက္တြန္းထား

ေျမလြတ္ေျမရိုင္းတြင္ စိုက္ပ်ိဳးေရး လုပ္ကိုင္ေနသူမ်ား ၂၀၁၉ ခုႏွစ္ မတ္လ(၁၁)ရက္ေန႔မတိုင္မီ လုပ္ကိုင္ခြင့္ေလွ်ာက္ထားၾကရန္ သတိေပးတုိက္တြန္းထား
ဒီဇင်ဘာ 13, 2018
By Tachileik News Agency

ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္းမ်ားကို ဗဟိုေကာ္မတီ၏ ခြင့္ျပဳမိန္႔ မရရိွဘဲ ရယူ အသံုးျပဳလွ်က္ရိွေနသည့္ လူပုဂၢိဳလ္ႏွင့္ အဖဲြ႔အစည္းမ်ား အေနျဖင့္ လုပ္ပိုင္ခြင့္ႏွင့္ အသံုးျပဳခြင့္ရရိွရန္ ဗဟိုေကာ္မတီ(သို႔) သက္ဆိုင္ရာ စီမံခန္႔ခဲြေရးေကာ္မတီသို႔ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ(၁၁)ရက္ေန႔မွ (၆)လအတြင္း ေလွ်ာက္ထားၾကရန္ မေကြးတိုင္းေဒသႀကီး လယ္ယာေျမစီမံခန္႔ခြဲေရးႏွင္႔ စာရင္းအင္းဦးစီးဌာနက သတိေပးတိုက္တြန္းထားသည္။

“ကိုယ္စိုက္ပ်ိဳးေနတာက ေျမလြတ္ေျမ႐ိုင္းဆိုရင္ ေျမလြတ္၊ေျမလပ္နဲ႔ေျမရိုင္းမ်ား စီမံခန္႔ခဲြေရး ဥပေဒကို ျပင္ဆင္တဲ့ ဥပေဒ ျပဌာန္းတဲ့ ေန႔ကစၿပီး(၆)လအတြင္း တရား၀င္ ေလွ်ာက္ထားရယူရပါမယ္။ ဥပေဒ အသစ္က အက်ိဳးခံစားခြင့္ေတြ ၊ ျပစ္မႈျပစ္ဒဏ္ေတြနဲ႔ ထိေရာက္လာမွာျဖစ္တဲ႔အတြက္ သက္ဆိုင္ရာ ၿမိဳ႕နယ္ေတြမွာ ေလွ်ာက္လႊာေတြရယူၿပီး အခ်ိန္မီ ေလွ်ာက္ထားဖို႔လိုပါတယ္။ သတိေပး ႏိွဳးေဆာ္ စာေတြလည္း ျဖန္႔ေဝထားၿပီးပါၿပီ” ဟု မေကြးတိုင္းေဒသႀကီး လယ္ယာေျမစီမံခန္႔ခြဲေရးႏွင္႔ စာရင္းအင္း ဦးစီးဌာနမွ တိုင္းဦးစီးမွဴး ဦးေဇာ္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယခင္က စိုက္ပ်ိဳးေျမနွင့္ ပတ္သက္၍ ဧက(၅၀)သာ ခြင့္ျပဳခဲ့ၿပီး ၂၀၁၈ ခုနွစ္ စက္တင္ဘာလ (၁၁) ရက္ေန႔တြင္ အတည္ျပဳျပဌာန္းခဲ့ေသာ ေျမလြတ္ေျမလပ္နွင့္ေျမရိုင္းမ်ား စီမံခန္႔ခြဲေရးဥပေဒအား ျပင္ဆင္သည့္ ဥပေဒအရ ဧက(၃၀၀)အထိ ခြင့္ျပဳမည္ျဖစ္ၿပီး ေမြးျမဴေရးလုပ္ငန္းအတြက္ဆိုပါက ဧက(၅၀)အထိ ခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။

ဥပေဒသစ္အရ ေျမလြတ္ေျမရိုင္းေျမလပ္မ်ားကို ေလွ်ာက္ထားရယူသည့္အခါတြင္  ပရီမီယံေၾကး (၁)ဧကလွ်င္ က်ပ္(၁)ေသာင္းႏွဳန္း ေပးသြင္းရမည္ျဖစ္ၿပီး (၄)နွစ္အထိ အေကာင္အထည္ေဖာ္နုိင္ျခင္းမရွိပါက ပရီမီယံေၾကး ဆံုးရံႈးမည္ျဖစ္ကာ အေကာင္အထည္ေဖၚ၍ ဆက္လက္ လုပ္ကိုင္မည္ဆုိပါက ပံုစံ(၇)ထုတ္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ဗဟိုေကာ္မတီ၏ ခြင့္ျပဳမိန္႔ မရရိွဘဲ ေျမလြတ္၊ေျမလပ္ႏွင့္ ေျမရိုင္းမ်ား ကို အသံုးျပဳသူ မည္သူမဆို ပုဒ္မ ၂၂၊ ပုဒ္မခဲြ(ခ)၊ ပုဒ္မငယ္(၃)ပါ ျပဌာန္းခ်က္ကို ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ ျခင္းခံရလွ်င္ ထိုသူကို(၂)ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ က်ပ္(၅)သိန္းထက္မပိုေသာ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္(၂)ရပ္လံုးျဖစ္ေစ ခ်မွတ္ရမည္ဟု ဥပေဒပုဒ္မ ၂၇-က တြင္ ျပဌာန္းထားေၾကာင္း သိရသည္။

ဥပေဒသစ္ကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၁)ရက္ေန႔က ျပဌာန္းထားရာ ဥပေဒျပဌာန္းၿပီး (၆)လအတြင္း ေျမယာလုပ္ကိုင္ခြင့္ ေလွ်ာက္ထားၾကရမည္ျဖစ္သျဖင့္ တိုက္တြန္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ဗဟိုကော်မတီ၏ ခွင့်ပြုမိန့် မရရှိဘဲ ရယူ အသုံးပြုလျှက်ရှိနေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ အနဖြေင့် လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်ရရှိရန် ဗဟိုကော်မတီ(သို့) သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီသို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့မှ (၆)လအတွင်း လျှောက်ထားကြရန် မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက သတိပေးတိုက်တွန်းထားသည်။

“ကိုယ်စိုက်ပျိုးနေတာက မြေလွတ်မြေရိုင်းဆိုရင် မြေလွတ်၊မြေလပ်နဲ့မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ပြဌာန်းတဲ့ နေ့ကစပြီး(၆)လအတွင်း တရားဝင် လျှောက်ထားရယူရပါမယ်။ ဥပဒေ အသစ်က အကျိုးခံစားခွင့်တွေ၊ ပြစ်မှုပြစ်ဒဏ်တွေနဲ့ ထိရောက်လာမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာ မြို့နယ်တွေမှာ လျှောက်လွှာတွေရယူပြီး အချိန်မီ လျှောက်ထားဖို့လိုပါတယ်။ သတိပေး နှိုးဆော် စာတွေလည်း ဖြန့်ဝေထားပြီးပါပြီ” ဟု မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဇော်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခင်က စိုက်ပျိုးမြေနှင့် ပတ်သက်၍ ဧက(၅၀)သာ ခွင့်ပြုခဲ့ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့တွင် အတည်ပြုပြဌာန်းခဲ့သော မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအား ပြင်ဆင်သည့် ဥပဒေအရ ဧက(၃၀၀)အထိ ခွင့်ပြုမည်ဖြစ်ပြီး မွေးမြူရေးလုပ်ငန်းအတွက်ဆိုပါက ဧက(၅၀)အထိ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ဥပဒေသစ်အရ မြေလွတ်မြေရိုင်းမြေလပ်များကို လျှောက်ထားရယူသည့်အခါတွင် ပရီမီယံကြေး (၁)ဧကလျှင် ကျပ်(၁)သောင်းနှုန်း ပေးသွင်းရမည်ဖြစ်ပြီး (၄)နှစ်အထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိပါက ပရီမီယံကြေး ဆုံးရှုံးမည်ဖြစ်ကာ အကောင်အထည်ဖော်၍ ဆက်လက် လုပ်ကိုင်မည်ဆိုပါက ပုံစံ(၇)ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဗဟိုကော်မတီ၏ ခွင့်ပြုမိန့် မရရှိဘဲ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ ကို အသုံးပြုသူ မည်သူမဆို ပုဒ်မ ၂၂၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မငယ်(၃)ပါ ပြဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင် ခြင်းခံရလျှင် ထိုသူကို(၂)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်(၅)သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်(၂)ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဥပဒေပုဒ်မ ၂၇-က တွင် ပြဌာန်းထားကြောင်း သိရသည်။

ဥပဒေသစ်ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့က ပြဌာန်းထားရာ ဥပဒပြေဌာန်းပြီး (၆)လအတွင်း မြေယာလုပ်ကိုင်ခွင့် လျှောက်ထားကြရမည်ဖြစ်သဖြင့် တိုက်တွန်းထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ် 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~