မင္းလွၿမိဳ႕နယ္တြင္ ျပန္လည္သိမ္းဆည္းထားသည့္ ေျမလြတ္ေျမရိုင္းမ်ားကို လယ္ယာေျမေဖၚထုတ္ၿပီး ေဒသခံလယ္ယာမဲ့မ်ားအား ခြဲေဝေပးမည္

မင္းလွၿမိဳ႕နယ္တြင္ ျပန္လည္သိမ္းဆည္းထားသည့္ ေျမလြတ္ေျမရိုင္းမ်ားကို လယ္ယာေျမေဖၚထုတ္ၿပီး ေဒသခံလယ္ယာမဲ့မ်ားအား ခြဲေဝေပးမည္
ဒီဇင်ဘာ 12, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ မင္းလွၿမိဳ႕နယ္အတြင္း ေျမလြတ္ေျမရိုင္းသံုးစဲြခြင့္ ရယူထားၿပီး သတ္မွတ္ခ်က္ အတိုင္း အသံုးျပဳျခင္း မရိွသျဖင့္ ျပန္လည္သိမ္းယူခဲ့သည့္ ဧက(၁၁,၀၀၀)ေက်ာ္မွ ဧက(၅,၅၀၀)ကို လယ္ယာေျမေဖၚထုတ္ၿပီး ေဒသခံလယ္ယာမဲ့မ်ားအား ခြဲေဝေပးသြားရန္ လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနက စီစဥ္ေနေၾကာင္း သိရသည္။

"အရင္က ခြင့္ျပဳေပးခဲ့ၿပီးေျမလြတ္ေျမရိုင္းေတြကို အေၾကာင္း အမ်ိဳးမ်ိဳးနဲ႔ အသံုးမျပဳဘဲ ထားရိွခဲ့တဲ့ ေျမဧက (၁၁၀၀၀)ေက်ာ္ စိစစ္ေတြ႔ရိွရလို႔  ျပန္သိမ္းထားတာပါ။ အဲဒီ ျပန္သိမ္းေျမထဲက ဧက(၅၅၀၀)ကို  ေဒသခံ လယ္ယာမဲ့နဲ႔ လယ္ယာခ်ိဳ႕တဲ့သူေတြကို လုပ္ကိုင္ခြင့္ ခဲြေဝေပးႏိုင္ဖို႔ ႏုိင္ငံတကာ စိုက္ပ်ိဳးေရး အေထာက္အပံ့ျပဳအဖဲြ႔ျဖစ္တဲ့ Lift Fund (Livelihoods and Food Security Fund) အဖဲြ႔ရဲ႕ ကူညီ ပံ့ပိုးမႈရယူ ေဆာင္ရြက္သြားမွာျဖစ္ပါတယ္”ဟု  မေကြးတိုင္းေဒသႀကီး လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန တိုင္းဦးစီးမွဴး ဦးေဇာ္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေျမလြတ္ေျမရိုင္းမ်ားအား လယ္ယာေျမအျဖစ္ ေဖၚထုတ္ရာတြင္ နုိင္ငံတကာေငြေၾကးပံ့ပိုးမႈျဖင့္ ျမန္မာႏိုင္ငံ၏ ေက်းလက္ေဒသမွ ေျမယာမဲ့မ်ားႏွင့္ လယ္သမားငယ္မ်ား ဖြံ႔ၿဖိဳးေရးအတြက္ ၂၀၀၉ ခုႏွစ္တြင္ စတင္ဖြဲ႕စည္း အေထာက္အကူေပးေနသည့္  Lift Fund(Livelihoods and Food Security Fund)၏ အကူအညီရယူေဆာင္ရြက္ရန္ ေဆြးေႏြးေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေျမဧက (၁၁,၀၀၀)ေက်ာ္အား မင္းလွၿမိဳ႕နယ္ ကန္နီကန္တုပ္ေဒသရိွ ကုမၸဏီမ်ားျဖစ္ေသာ ယုဇနႏွင့္ သစၥာေျမတို႔ထံမွ ျပန္သိမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရကာ ေဒသခံလယ္ယာမဲ့မ်ားအား ေျမကြက္မ်ား ေဖာ္ထုတ္ေပးၿပီး စိုက္ပ်ိဳးေရးနည္းပညာႏွင့္ စိုက္ပ်ိဳးေရးက႑ႏွင့္ပတ္သက္သည့္လိုအပ္ခ်က္မ်ားကို   လစ္ ဖန္းအဖဲြ႔၏ ကူညီပံ့ပိုးမႈျဖင့္ လာမည့္ဇူလိုင္လတြင္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ရန္ စီစဥ္လွ်က္ရိွ ေၾကာင္း သိရၿပီး အဆိုပါလုပ္ငန္းေအာင္ျမင္ပါက အျခားေဒသမ်ားရိွ ျပန္သိမ္း ေျမမ်ားကိုလည္း ထိုသို႔ ဆက္လက္ ေဖာ္ေဆာင္ေပးသြားရန္ အစီအစဥ္ရိွေၾကာင္း သိရသည္။

အဆိုပါ ျပန္သိမ္းေျမမ်ားအား ေဒသခံ လယ္ယာမဲ့ ေတာင္သူမ်ား၊ လယ္ယာခ်ိဳ႕တဲ့သူမ်ားႏွင့္ လယ္ယာသိမ္းဆည္းခံရ၍ နစ္နာသည့္ေတာင္သူမ်ားကို သင့္တင့္သည့္ဧကျဖင့္ ခြဲေဝေပးသြားရန္ စီစဥ္ေနျခင္းျဖစ္ၿပီး လယ္ယာေျမမ်ားခြဲေဝေပးေရးအတြက္ အရပ္ဖက္အဖဲြ႔ အစည္းမ်ား၊ ေတာင္သူ လယ္သမား ကိုယ္စားလွယ္မ်ား၊ တုိင္းေဒသႀကီးလႊတ္ေတာ္၊ တိုင္းေဒသႀကီးအစိုးရအဖဲြ႔ႏွင့္ ဌာနဆိုင္ရာမ်ား ေပါင္းစပ္ညိွႏိွဳင္း၍ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း မြေလွတ်မြေရိုင်းသုံးစွဲခွင့် ရယူထားပြီး သတ်မှတ်ချက် အတိုင်း အသုံးပြုခြင်း မရှိသဖြင့် ပြန်လည်သိမ်းယူခဲ့သည့် ဧက(၁၁,ဝဝဝ)ကျော်မှ ဧက(၅,၅၀၀)ကို လယ်ယာမြေဖော်ထုတ်ပြီး ဒေသခံလယ်ယာမဲ့များအား ခွဲဝေပေးသွားရန် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက စီစဉ်နေကြောင်း သိရသည်။

"အရင်က ခွင့်ပြုပေးခဲ့ပြီးမြေလွတ်မြေရိုင်းတွေကို အကြောင်း အမျိုးမျိုးနဲ့ အသုံးမပြုဘဲ ထားရှိခဲ့တဲ့ မြေဧက (၁၁၀၀၀)ကျော် စိစစ်တွေ့ရှိရလို့ ပြန်သိမ်းထားတာပါ။ အဲဒီ ပြန်သိမ်းမြေထဲက ဧက(၅၅၀၀)ကို ဒေသခံ လယ်ယာမဲ့နဲ့ လယ်ယာချို့တဲ့သူတွေကို လုပ်ကိုင်ခွင့် ခွဲဝေပေးနိုင်ဖို့ နိုင်ငံတကာ စိုက်ပျိုးရေး အထောက်အပံ့ပြုအဖွဲ့ဖြစ်တဲ့ Lift Fund (Livelihoods and Food Security Fund) အဖွဲ့ရဲ့ ကူညီ ပံ့ပိုးမှုရယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးဇော်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြေလွတ်မြေရိုင်းများအား လယ်ယာမြေအဖြစ် ဖော်ထုတ်ရာတွင် နိုင်ငံတကာငွေကြေးပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသမှ မြေယာမဲ့များနှင့် လယ်သမားငယ်များ ဖွံ့ဖြိုးရေးအတွက် ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်း အထောက်အကူပေးနေသည့် Lift Fund(Livelihoods and Food Security Fund)၏ အကူအညီရယူဆောင်ရွက်ရန် ဆွေးနွေးနခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေဧက (၁၁,ဝဝဝ)ကျော်အား မင်းလှမြို့နယ် ကန်နီကန်တုပ်ဒေသရှိ ကုမ္ပဏီများဖြစ်သော ယုဇနနှင့် သစ္စာမြေတို့ထံမှ ပြန်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရကာ ဒေသခံလယ်ယာမဲ့များအား မြေကွက်များ ဖော်ထုတ်ပေးပြီး စိုက်ပျိုးရေးနည်းပညာနှင့် စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက်သည့်လိုအပ်ချက်များကို လစ် ဖန်းအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် လာမည့်ဇူလိုင်လတွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်လျှက်ရှိ ကြောင်း သိရပြီး အဆိုပါလုပ်ငန်းအောင်မြင်ပါက အခြားဒေသများရှိ ပြန်သိမ်း မြေများကိုလည်း ထိုသို့ ဆက်လက် ဖော်ဆောင်ပေးသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

အဆိုပါ ပြန်သိမ်းမြေများအား ဒေသခံ လယ်ယာမဲ့ တောင်သူများ၊ လယ်ယာချို့တဲ့သူများနှင့် လယ်ယာသိမ်းဆည်းခံရ၍ နစ်နာသည့်တောင်သူများကို သင့်တင့်သည့်ဧကဖြင့် ခွဲဝေပေးသွားရန် စီစဉ်နခြေင်းဖြစ်ပြီး လယ်ယာမြေများခွဲဝေပေးရေးအတွက် အရပ်ဖက်အဖွဲ့ အစည်းများ၊ တောင်သူ လယ်သမား ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~