နဂါးႏွစ္ေကာင္ဆရာေတာ္၏ သက္ေတာ္(၉၀)ျပည့္ ဝိဇာတပူဇာေမြးေန႔ မဂၤလာ ပူေဇာ္ပြဲသို႔ မိုင္းဖုန္းဆရာေတာ္ ၾကြေရာက္

နဂါးႏွစ္ေကာင္ဆရာေတာ္၏ သက္ေတာ္(၉၀)ျပည့္ ဝိဇာတပူဇာေမြးေန႔ မဂၤလာ ပူေဇာ္ပြဲသို႔ မိုင္းဖုန္းဆရာေတာ္ ၾကြေရာက္
ဒီဇင်ဘာ 28, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ရိွ နဂါးႏွစ္ေကာင္ေက်ာင္းတုိက္ဆရာေတာ္၏ သက္ေတာ္ (၉၀)ႏွစ္ျပည့္၊ ဝါေတာ္ (၇၀) ဝိဇာတပူဇာေမြးေန႔ မဂၤလာအျဖစ္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ(၂၈)ရက္ေန႔ညပိုင္းတြင္ မုိင္းဖုန္းဆရာေတာ္  ၾကြေရာက္၍ တရားေတာ္ခ်ီးျမႇင့္သည္။

သဒၶမၼေဇာတိကဓဇ အဂၢမဟာ ကမၼ႒ာနာစရိယ မိုင္းဖုန္း ဆရာေတာ္ ဘဒၵနၲဉာဏသံဝရသည္ ည(၆)နာရီခြဲတြင္ ၾကြေရာက္ကာ နဂါးႏွစ္ေကာင္ ပရိယတၱိစာသင္တုိက္၏ ပဓါန နာယက ဆရာေတာ္၊ ႏုိင္ငံေတာ္ ၾသဝါဒစရိယ၊ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက၊ အဂၢမဟာပ႑ိတ၊ ဂုဏ္ထူးေဆာင္ ပါရဂူဘြဲ႕ရ နဂါးႏွစ္ေကာင္ဆရာေတာ္ ဘဒၵႏၱဓမၼသီရိ  အပါအဝင္ ဆရာေတာ္၊ သံဃာေတာ္မ်ားက ပရိတ္တရားမ်ား ရြတ္ဖတ္ပူေဇာ္ၾကၿပီး တရားနာပရိတ္သတ္မ်ားစြာလည္း လာေရာက္တရားနာယူျခင္းႏွင့္ လွဴဒါန္းျခင္းမ်ား လုပ္ေဆာင္ၾကသည္ကို ေတြ႔ရသည္။

နဂါးႏွစ္ေကာင္ေက်ာင္းတုိက္ဆရာေတာ္၏ ေမြးေန႔မဂၤလာပြဲေတာ္အျဖစ္ တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(က)ရပ္ကြက္အတြင္းရွိ နဂါးႏွစ္ေကာင္ေက်ာင္းတုိက္တြင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၈)ရက္ေန႔ႏွင့္ (၂၉)ရက္ေန႔မ်ား၌ က်င္းပေနျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ခ်ယ္ရီထိုက္ ၊ ဆန္းၿဖဳိးထြန္း



~~~~~~~~⊰❂Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်၏ သက်တော် (၉၀)နှစ်ပြည့်၊ ဝါတော် (၇၀) ဝိဇာတပူဇာမွေးနေ့ မင်္ဂလာအဖြစ် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့ညပိုင်းတွင် မိုင်းဖုန်းဆရာတော် ကြွရောက်၍ တရားတော်ချီးမြှင့်သည်။

သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်း ဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် ည(၆)နာရီခွဲတွင် ကြွရောက်ကာ နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်၏ ပဓာန နာယက ဆရာတော်၊ နိုင်ငံတော် သြဝါဒစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ နဂါးနှစ်ကောင်ဆရာတော် ဘဒ္ဒန္တဓမ္မသီရိ အပါအဝင် ဆရာတော်၊ သံဃာတော်များက ပရိတ်တရားများ ရွတ်ဖတ်ပူဇော်ကြပြီး တရားနာပရိတ်သတ်များစွာလည်း လာရောက်တရားနာယူခြင်းနှင့် လှူဒါန်းခြင်းများ လုပ်ဆောင်ကြသည်ကို တွေ့ရသည်။

နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်၏ မွေးနေ့မင်္ဂလာပွဲတော်အဖြစ် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ နဂါးနှစ်ကောင်ကျောင်းတိုက်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့နှင့် (၂၉)ရက်နေ့များ၌ ကျင်းပနခြေင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ချယ်ရီထိုက်၊ ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~