မန္းစက္ေတာ္ရာ ဘုရားပြဲေတာ္ကာလတြင္ လုိက္နာရမည့္ စည္းကမ္းမ်ားအား ေဒသႏၱရအမိန္႔မ်ားအျဖစ္ ေျပာင္းလဲထုတ္ျပန္မည္

မန္းစက္ေတာ္ရာ ဘုရားပြဲေတာ္ကာလတြင္ လုိက္နာရမည့္ စည္းကမ္းမ်ားအား ေဒသႏၱရအမိန္႔မ်ားအျဖစ္ ေျပာင္းလဲထုတ္ျပန္မည္
ဒီဇင်ဘာ 25, 2018
By Tachileik News Agency

မေကြးတုိင္းေဒသႀကီးတြင္ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလ၌ စတင္က်င္းပမည့္ မန္းစက္ေတာ္ရာ ဘုရားပြဲေတာ္ ကာလအတြင္း လုိက္နာရမည့္ စည္းကမ္းမ်ားကို  မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ ေဒသႏၲရ အမိန္႔မ်ားအျဖစ္ ယခုႏွစ္တြင္ ေျပာင္းလဲထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“အနယ္နယ္ အရပ္ရပ္က လာေရာက္ၾကတဲ့ ဘုရားဖူးျပည္သူေတြ အဆင္ေျပစိတ္ခ်မ္းေျမ့စြာ ဖူးေျမာ္ ႏိုင္ေရးနဲ႔ ဘုရားပဲြေစ်းသည္ေတြ တည္းခိုေဆာင္လုပ္ငန္းရွင္ေတြ စည္းကမ္းတက်နဲ႔ ေအာင္ျမင္စြာ က်င္းပႏိုင္ေရးအတြက္ ေဒသႏၲရ အမိန္႔ထုတ္ျပန္ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္”ဟု ေ႐ႊစက္ေတာ္ ဘုရားပြဲေတာ္ က်င္းပေရး ဦးစီးေကာ္မတီ ဥကၠ႒ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးမင္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကာလၾကာက်င္းပေလ့ရိွသည့္ ေရႊစက္ေတာ္ဘုရားပြဲအား အနီးကပ္ႀကီးၾကပ္ႏိုင္ရန္ လုပ္ငန္းေကာ္မတီ ဥကၠ႒အျဖစ္ မင္းဘူးခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးစန္းေဌး၊ အတြင္းေရးမွဴးအျဖစ္ မင္းဘူးခ႐ိုင္ ရဲတပ္ဖြဲ႔မွဴး ဒုတိယရဲမွဴးႀကီး ဝင္းေမာင္တုိ႔ တာဝန္ယူၿပီး အဖြဲ႕ဝင္ (၁၅) ဦး ပါဝင္သည့္ လုပ္ငန္းေကာ္မတီျဖင့္ တာဝန္ယူ ႀကီးၾကပ္မည္ျဖစ္ၿပီး ဆပ္ေကာ္မတီ (၉)ခု ဖြဲ႕စည္းတာဝန္ေပးထားေၾကာင္း သိရသည္။

“အရင္ႏွစ္ေတြက သူ႔အပိုင္းနဲ႔သူ လုိက္နာရမယ့္ စည္းကမ္းခ်က္ေတြ ထုတ္ျပန္တယ္။ ဒီႏွစ္မွာ အဲဒီ စည္းကမ္းခ်က္ေတြကို အမိန္႔အျဖစ္ ေျပာင္းလဲထုတ္ျပန္မွာပါ။ လုပ္ျဖစ္ဖို႔ (၈၀)ရာခိုင္ႏႈန္းေလာက္ရိွပါတယ္”ဟု ေရႊစက္ေတာ္ဘုရားေဂါပကအဖြဲ႕ ဥကၠဌ ဦးေအာင္သိန္းက ေျပာသည္။

မန္းစက္ေတာ္ရာဘုရားပဲြေတာ္အား ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၉)ရက္ေန႔မွစ၍ ရက္ေပါင္း(၇၀)ခန္႔ က်င္းပမည္ ျဖစ္ေၾကာင္းသိရၿပီး ဘုရားပြဲေတာ္ကာလအတြက္ ေသာင္ျပဳျပင္ျခင္းလုပ္ငန္းမ်ားကို က်ပ္ (၁,၁၂၆)သိန္းျဖင့္ ယခင္ႏွစ္ထက္ (၃)ဆေက်ာ္သံုးစြဲျပဳျပင္ထားေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီးတွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ၌ စတင်ကျင်းပမည့် မန်းစက်တော်ရာ ဘုရားပွဲတော် ကာလအတွင်း လိုက်နာရမည့် စည်းကမ်းများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသန္တရ အမိန့်များအဖြစ် ယခုနှစ်တွင် ပြောင်းလဲထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

“အနယ်နယ် အရပ်ရပ်က လာရောက်ကြတဲ့ ဘုရားဖူးပြည်သူတွေ အဆင်ပြေစိတ်ချမ်းမြေ့စွာ ဖူးမြော် နိုင်ရေးနဲ့ ဘုရားပွဲဈေးသည်တွေ တည်းခိုဆောင်လုပ်ငန်းရှင်တွေ စည်းကမ်းတကျနဲ့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒေသန္တရ အမိန့်ထုတ်ပြန်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကာလကြာကျင်းပလေ့ရှိသည့် ရွှေစက်တော်ဘုရားပွဲအား အနီးကပ်ကြီးကြပ်နိုင်ရန် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ အတွင်းရေးမှူးအဖြစ် မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းမောင်တို့ တာဝန်ယူပြီး အဖွဲ့ဝင် (၁၅) ဦး ပါဝင်သည့် လုပ်ငန်းကော်မတီဖြင့် တာဝန်ယူ ကြီးကြပ်မည်ဖြစ်ပြီး ဆပ်ကော်မတီ (၉)ခု ဖွဲ့စည်းတာဝန်ပေးထားကြောင်း သိရသည်။

“အရင်နှစ်တွေက သူ့အပိုင်းနဲ့သူ လိုက်နာရမယ့် စည်းကမ်းချက်တွေ ထုတ်ပြန်တယ်။ ဒီနှစ်မှာ အဲဒီ စည်းကမ်းချက်တွေကို အမိန့်အဖြစ် ပြောင်းလဲထုတ်ပြန်မှာပါ။ လုပ်ဖြစ်ဖို့ (၈၀)ရာခိုင်နှုန်းလောက်ရှိပါတယ်”ဟု ရွှေစက်တော်ဘုရားဂေါပကအဖွဲ့ ဥက္ကဌ ဦးအောင်သိန်းက ပြောသည်။

မန်းစက်တော်ရာဘုရားပွဲတော်အား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၉)ရက်နေ့မှစ၍ ရက်ပေါင်း(၇၀)ခန့် ကျင်းပမည် ဖြစ်ကြောင်းသိရပြီး ဘုရားပွဲတော်ကာလအတွက် သောင်ပြုပြင်ခြင်းလုပ်ငန်းများကို ကျပ် (၁,၁၂၆)သိန်းဖြင့် ယခင်နှစ်ထက် (၃)ဆကျော်သုံးစွဲပြုပြင်ထားကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~