အစိုးရႏွင့္တပ္မေတာ္အေနျဖင့္ တစ္ႏုိင္ငံလံုးအပစ္အခတ္ရပ္စဲေရး ထုတ္ျပန္သြားရန္ KNPP ၏ ထုတ္ျပန္ခ်က္တြင္ တုိက္တြန္းထား

အစိုးရႏွင့္တပ္မေတာ္အေနျဖင့္ တစ္ႏုိင္ငံလံုးအပစ္အခတ္ရပ္စဲေရး ထုတ္ျပန္သြားရန္ KNPP ၏ ထုတ္ျပန္ခ်က္တြင္ တုိက္တြန္းထား
ဒီဇင်ဘာ 24, 2018
By Tachileik News Agency

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား ျဖစ္ၾကသည့္ MNTJP ၊ PSLF ႏွင့္ ULA တို႔၏ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ (၁၂)ရက္ေန႔က သေဘာထားအေပၚ ျမန္မာ့ၿငိမ္းခ်မ္းေရးေကာ္မရွင္က ႀကိဳဆိုေသာ သေဘာထားႏွင့္ တပ္မေတာ္က စစ္တုိင္းေဒသ(၅)ခုတြင္ စစ္ေရးလႈပ္ရွားမႈ ရပ္ဆုိင္းလိုက္သည့္ သေဘာထားမ်ားႏွင့္ ပတ္သက္၍ KNPP က သေဘာထားေၾကညာခ်က္တစ္ေစာင္ကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၄)ရက္ေန႔တြင္ ထုတ္ျပန္လုိက္သည္။

အစိုးရႏွင့္တပ္မေတာ္က တစ္ႏုိင္ငံလံုးအပစ္အခတ္ရပ္စဲေရး ထုတ္ျပန္သြားရန္၊ ၿငိမ္းခ်မ္းေရးျဖစ္စဥ္အတြင္း အားလံုးပါဝင္မႈကို ေဖၚေဆာင္သြားရန္၊ အျပန္အလွန္အသိအမွတ္ျပဳျခင္းႏွင့္ တန္းတူေရးကို အေျခခံေသာ ႏုိင္ငံေရးေတြ႕ဆံုေဆြးေႏြးမႈအခင္းအက်င္းေဖၚေဆာင္သြားရန္ လိုအပ္ပါေၾကာင္း KNPP ၏ သေဘာထားေၾကညာခ်က္တြင္ ထုတ္ျပန္ထားသည္ကို ေတြ႔ရသည္။

MNTJP၊ PSLF ၊ ULA အဖြဲ႕(၃)ဖြဲ႕က စစ္ေရးေဆာင္ရြက္မႈမ်ား ဦးစြာရပ္တန္႔ၿပီး  ပစ္ခတ္တုိက္ခိုက္မႈ စစ္ေရးနည္းလမ္းမွအပ ႏုိင္ငံေရးနည္းလမ္းျဖင့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္တြင္ ဆက္လက္ပါဝင္သြားမည္ျဖစ္ေၾကာင္း ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ(၁၂)ရက္ေန႔က သေဘာထား ထုတ္ျပန္ခ်က္ကို ၿငိမ္းခ်မ္းေရးေကာ္မရွင္က ႀကိဳဆိုေထာက္ခံေၾကာင္းႏွင့္ ႏိုင္ငံေရးနည္းလမ္းအရ ေဆြးေႏြးႏုိင္ေရးကို ဆက္လက္ညိႇနိႈင္းပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ဒီဇင္ဘာလ(၁၂)ရက္ေန႔မွာပင္ ျပန္လည္ထုတ္ျပန္ ေၾကညာခဲ့ၿပီးေနာက္ တပ္မေတာ္က စစ္ေရးရပ္ဆုိင္းေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္လုိက္ျခင္းျဖစ္သည္။

ယင္းေနာက္ ဒီဇင္ဘာလ ( ၂၁ ) ရက္ေန႔ ရက္စြဲျဖင့္ တပ္မေတာ္က စစ္တုိင္းေဒသ(၅)ခုတြင္ စစ္ေရးေဆာင္ရြက္ခ်က္မ်ားကို (၄)လတာရပ္ဆုိင္းၿပီး အပစ္ရပ္၊ မပစ္မရပ္အဖြဲ႕မ်ားအေနျဖင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးၾကရန္ တုိက္တြန္းလုိက္သည့္ သေဘာထားထုတ္ျပန္ခ်က္ကို ထုတ္ျပန္ လိုက္ျခင္းျဖစ္သည္။

 တပ္မေတာ္၏သေဘာထားထုတ္ျပန္ခ်က္ကို UN ၊ တရုတ္သံရံုး၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန၊ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား၊ ႏုိင္ငံေရးပါတီမ်ားက ႀကိဳဆိုေၾကာင္း သေဘာထားထုတ္ျပန္ခ်က္အသီးသီးထြက္လာၿပီး တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕အခ်ဳိ႕၏ သေဘာထားထုတ္ျပန္ခ်က္တြင္ တစ္ႏုိင္ငံလံုးအတုိင္းအတာျဖင့္ အပစ္အခတ္ရပ္စဲေရးေၾကညာရန္ တုိက္တြန္းထားသည္ကိုေတြ႔ရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသည့် MNTJP၊ PSLF နှင့် ULA တို့၏ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့က သဘောထားအပေါ် မြန်မာ့ငြိမ်းချမ်းရေးကော်မရှင်က ကြိုဆိုသော သဘောထားနှင့် တပ်မတော်က စစ်တိုင်းဒေသ(၅)ခုတွင် စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းလိုက်သည့် သဘောထားများနှင့် ပတ်သက်၍ KNPP က သဘောထားကြေညာချက်တစ်စောင်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အစိုးရနှင့်တပ်မတော်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ထုတ်ပြန်သွားရန်၊ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အားလုံးပါဝင်မှုကို ဖော်ဆောင်သွားရန်၊ အပြန်အလှန်အသိအမှတ်ပြုခြင်းနှင့် တန်းတူရေးကို အခြေခံသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအခင်းအကျင်းဖော်ဆောင်သွားရန် လိုအပ်ပါကြောင်း KNPP၏ သဘောထားကြေညာချက်တွင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

MNTJP၊ PSLF၊ ULA အဖွဲ့(၃)ဖွဲ့က စစ်ရေးဆောင်ရွက်မှုများ ဦးစွာရပ်တန့်ပြီး ပစ်ခတ်တိုက်ခိုက်မှု စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်းလမ်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့က သဘောထား ထုတ်ပြန်ချက်ကို ငြိမ်းချမ်းရေးကော်မရှင်က ကြိုဆိုထောက်ခံကြောင်းနှင့် နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးနိုင်ရေးကို ဆက်လက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ(၁၂)ရက်နေ့မှာပင် ပြန်လည်ထုတ်ပြန် ကြေညာခဲ့ပြီးနောက် တပ်မတော်က စစ်ရေးရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းနောက် ဒီဇင်ဘာလ ( ၂၁ ) ရက်နေ့ ရက်စွဲဖြင့် တပ်မတော်က စစ်တိုင်းဒေသ(၅)ခုတွင် စစ်ရေးဆောင်ရွက်ချက်များကို (၄)လတာရပ်ဆိုင်းပြီး အပစ်ရပ်၊ မပစ်မရပ်အဖွဲ့များအနဖြေင့် ငြိမ်းချမ်းရေးဆွေးနွေးကြရန် တိုက်တွန်းလိုက်သည့် သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

 တပ်မတော်၏သဘောထားထုတ်ပြန်ချက်ကို UN၊ တရုတ်သံရုံး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများက ကြိုဆိုကြောင်း သဘောထားထုတ်ပြန်ချက်အသီးသီးထွက်လာပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ သဘောထားထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးကြေညာရန် တိုက်တွန်းထားသည်ကိုတွေ့ရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~