လူကုန္ကူးသူမ်ားက အင္တာနက္အသံုးျပဳကာ လိမ္လည္ေခၚယူျခင္းႏွင့္ ႏိုင္ငံရပ္ျခားသို႔ လိမ္လည္လက္ထပ္ေခၚေဆာင္ျခင္း အျဖစ္မ်ားေန

လူကုန္ကူးသူမ်ားက အင္တာနက္အသံုးျပဳကာ လိမ္လည္ေခၚယူျခင္းႏွင့္ ႏိုင္ငံရပ္ျခားသို႔ လိမ္လည္လက္ထပ္ေခၚေဆာင္ျခင္း အျဖစ္မ်ားေန
ဒီဇင်ဘာ 16, 2018
By 🌸
လူကုန္ကူးသူမ်ားက We Chat၊ Facebook တို႔အသံုးျပဳ၍ ႏိုင္ငံရပ္ျခား အလုပ္အကိုင္လိမ္လည္ေခၚယူျခင္း၊ ျမန္မာအမ်ိဳးသမီးမ်ားကို ႏုိင္ငံျခားသားမ်ားက လက္ထပ္ထိမ္းျမားေခၚေဆာင္သြားၿပီး လူကုန္ကူးျခင္းမ်ားကို သတိထားမိေစရန္ ျမန္မာ-ထုိင္းနယ္စပ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္တြင္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလဆန္းမွစ၍ လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

“ကၽြန္မတို႔ လတ္တေလာမွာေတာ့ ေလဆိပ္နဲ႔ ၿမိဳ႕အဝင္ဂိတ္ေတြမွာ ပံုမွန္ေစာင့္ၾကည့္ၿပီး စစ္ေဆးဖို႔ လိုတယ္ဆိုရင္ ရံုးကိုေခၚ အသိပညာေပးေဆြးေႏြးတာေတြလုပ္ေနပါတယ္။ အသိပညာေပးလုပ္ငန္းေတြကိုေတာ့ လာမယ့္ ဇန္နဝါရီလဆန္းမွာ လုပ္သြားမွာပါ။ ဒီဘက္မွာက ထုိင္းႏုိင္ငံဘက္ကလည္း လူကုန္တားနဲ႔ပတ္သက္ရင္ ထဲထဲဝင္ဝင္ လုပ္ေဆာင္တဲ့အတြက္ တရုတ္နယ္စပ္ဘက္ထက္စာရင္ အလုပ္လုပ္ရတာ ပိုအဆင္ေျပပါတယ္” ဟု လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စိတ္(၁)တာခ်ီလိတ္မွ တပ္ဖဲြ႕စိတ္မွဴး ရဲမွဴးရင္ရင္ေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွတြင္ ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာၿမိဳ႕တြင္ေနထိုင္ၾကသည့္ တ႐ုတ္လူမ်ဳိးမ်ားက လူမႈကြန္ယက္ We Chat မွ တစ္ဆင့္ တ႐ုတ္ဘာသာစကားေျပာတတ္သည့္ ျမန္မာႏိုင္ငံသားမ်ားအား ဝင္ေငြေကာင္းသည့္ အလုပ္ရရွိမည္ျဖစ္ၿပီး လာေရာက္မည့္စရိတ္မ်ားကို က်ခံေပးမည္ဟု စည္း႐ုံးကာ ေလာင္းကစားဒိုင္မ်ားတြင္ ခိုင္းေစကာ လုပ္အားေခါင္းပုံျဖတ္ျခင္း၊ အႏိုင္အထက္ျပဳျခင္းႏွင့္ လစာနည္းနည္းသာေပး၍ ခိုင္းေစမႈမ်ား ရိွေနျခင္း၊ ျမန္မာအမ်ဳိးသမီးမ်ားအား ႏိုင္ငံျခားသားမ်ားက တရားဝင္လက္ထပ္ထိမ္းျမား ေခၚေဆာင္သြားၿပီး လူကုန္ကူးမႈ က်ဴးလြန္ေနျခင္း၊ ဂ်ပန္ႏိုင္ငံရွိ International Cultural Exchange One of Myanmar ကုမၸဏီ၏ Facebook စာမ်က္ႏွာတြင္ ဂ်ပန္အမ်ဳိးသားမ်ားႏွင့္လက္ထပ္ပါက လက္ထပ္လက္စြပ္ႏွင့္ ေငြက်ပ္သိန္း (၃၀)ေပးမည္ျဖစ္ေၾကာင္းႏွင့္ မိတ္ဆက္ေပးသူအား ဂ်ပန္ယန္း (၁)သိန္းေပးမည္ဟု ေရးသားေဖာ္ျပစည္း႐ုံးေနျခင္းမ်ားရိွေနသျဖင့္ ရွမ္းျပည္နယ္ အမွတ္(၁၅) လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႔စု (ေတာင္ႀကီး)မွ တပ္ဖြဲ႕ဝင္မ်ားက ရွမ္းျပည္နယ္ေတာင္ပိုင္းရိွ ဟဲဟိုးေလဆိပ္ႏွင့္ ေတာင္ႀကီးၿမိဳ႕၊ လြိဳင္လင္ၿမိဳ႕၊ နမ့္စန္ၿမိဳ႕မ်ားရိွကားဂိတ္မ်ားတြင္ နယ္စပ္သြားမည့္သူမ်ားအား အသိပညာေပးျခင္းမ်ားကို ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလအတြင္း ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္ မိန္းကေလးမ်ားကို လိင္ပိုင္းဆုိင္ရာအတြက္ လူကုန္ကူးမႈအျပင္ လုပ္အားေခါင္းပံုျဖတ္မႈမ်ားကို အမ်ားဆံုးေတြ႔ရေလ့ရိွၿပီး လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စိတ္(၁)တာခ်ီလိတ္က တာခ်ီလိတ္ေလဆိပ္၊ မယ္ယန္းစစ္ေဆးေရးဂိတ္မ်ားတြင္ ေစာင့္ၾကည့္စစ္ေဆးမႈမ်ားကို လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီေဒသကေန တစ္ဖက္ႏုိင္ငံအလုပ္သြားလုပ္မယ့္သူေတြဆိုရင္လည္း သူတို႔အေနနဲ႔ နယ္စပ္ျဖတ္သန္းခြင့္စာအုပ္နဲ႔ အလုပ္လုပ္ကိုင္ခြင့္ရိွေၾကာင္း ရွင္းလင္းေျပာျပတယ္။ လိုအပ္တယ္ဆိုရင္ သက္ဆုိင္ရာဌာနေတြနဲ႔ခ်ိတ္ဆက္ၿပီး သူတို႔တရားဝင္အလုပ္သြားလုပ္ၾကဖို႔ လုပ္ေဆာင္ေပးပါတယ္” ဟု လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စိတ္(၁)တာခ်ီလိတ္မွ တပ္ဖဲြ႕စိတ္မွဴး ရဲမွဴးရင္ရင္ေအးက ေျပာသည္။

ထုိင္းႏုိင္ငံသို႔ အလုပ္သြားေရာက္လုပ္ကိုင္မည့္သူမ်ားအေနျဖင့္ လုပ္အားေခါင္းပံုျဖတ္ခံရျခင္းမရိွေစရန္ တရားဝင္အလုပ္လုပ္ကိုင္ခြင့္ျဖင့္ သြားေရာက္ရန္ႏွင့္ တာခ်ီလိတ္ၿမိဳ႕ အိမ္ေထာင္စုဇယားျဖင့္ ေနထိုင္သူမ်ား အေနျဖင့္ တစ္ႏွစ္သက္တမ္းေပးထားသည့္ နယ္စပ္ျဖတ္သန္းခြင့္စာအုပ္ျဖင့္ ထုိင္းႏိုင္ငံ ခ်င္းရိုင္းခရိုင္အတြင္း ခ်င္းရိုင္း၊ မယ္စဲ့၊ ခ်င္းစဲန္ၿမိဳ႕မ်ားတြင္  (၃)လအလုပ္လုပ္ကိုင္ခြင့္ ရယူလုပ္ေဆာင္ႏုိင္ရန္ ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ေပးေၾကာင္း သိရသည္။

“နယ္စပ္ျဖတ္သန္းခြင့္တစ္ႏွစ္စာအုပ္နဲ႔ သံုးလအလုပ္လုပ္ခြင့္စာအုပ္ကို ထုိင္းႏိုင္ငံက လုပ္ေပးေနပါတယ္။ ဒါက တာခ်ီလိတ္ၿမိဳ႕ခံေတြ၊ အိမ္ေထာင္စုဇယားရိွသူေတြမွာ ပိုက္ဆံမကုန္ဘဲနဲ႔ အလုပ္လုပ္ခြင့္လက္မွတ္ရတယ္။ ဒီက လဝက အထြက္တံဆိပ္ထုမယ္၊ ဟိုဘက္မွာအဝင္တံဆိပ္ထုမယ္၊ ၿပီးရင္ ထုိင္းဘက္က အလုပ္ရွင္နဲ႔ အလုပ္သမားက ထိုင္းအလုပ္သမားရံုးကို သြားလုိက္ရင္ (၃)လအလုပ္လုပ္ခြင့္ စာအုပ္ရတယ္။ ဒါေတြကဆိုရင္ ေရႊ႕ေျပာင္းလုပ္သားေတြအေနနဲ႔ လုပ္အားခအျပည့္ရဖို႔၊ လူကုန္ကူးခံရမႈကေန လံုၿခံဳစိတ္ခ်ရေစပါတယ္”ဟု လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စိတ္(၁)တာခ်ီလိတ္မွ တပ္ဖဲြ႕စိတ္မွဴး ရဲမွဴးရင္ရင္ေအးက ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္အတြင္း ထိုင္း၊ တရုတ္ႏွင့္ လာအိုႏိုင္ငံမ်ားျဖင့္ နယ္နမိတ္ထိစပ္ေနၿပီး ထုိင္းႏို္င္ငံႏွင့္ လာအိုႏိုင္ငံတို႔ျဖင့္ အျပည္ျပည္ဆုိင္ရာနယ္စပ္ဝင္ထြက္ေပါက္မ်ား ဖြင့္လွစ္ထားျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
လူကုန်ကူးသူများက အင်တာနက်အသုံးပြုကာ လိမ်လည်ခေါ်ယူခြင်းနှင့် နိုင်ငံရပ်ခြားသို့ လိမ်လည်လက်ထပ်ခေါ်ဆောင်ခြင်း အဖြစ်များနေ
**********
လူကုန်ကူးသူများက We Chat၊ Facebook တို့အသုံးပြု၍ နိုင်ငံရပ်ခြား အလုပ်အကိုင်လိမ်လည်ခေါ်ယူခြင်း၊ မြန်မာအမျိုးသမီးများကို နိုင်ငံခြားသားများက လက်ထပ်ထိမ်းမြားခေါ်ဆောင်သွားပြီး လူကုန်ကူးခြင်းများကို သတိထားမိစေရန် မြန်မာ-ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလဆန်းမှစ၍ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ လတ်တလောမှာတော့ လေဆိပ်နဲ့ မြို့အဝင်ဂိတ်တွေမှာ ပုံမှန်စောင့်ကြည့်ပြီး စစ်ဆေးဖို့ လိုတယ်ဆိုရင် ရုံးကိုခေါ် အသိပညာပေးဆွေးနွေးတာတွေလုပ်နေပါတယ်။ အသိပညာပေးလုပ်ငန်းတွေကိုတော့ လာမယ့် ဇန်နဝါရီလဆန်းမှာ လုပ်သွားမှာပါ။ ဒီဘက်မှာက ထိုင်းနိုင်ငံဘက်ကလည်း လူကုန်တားနဲ့ပတ်သက်ရင် ထဲထဲဝင်ဝင် လုပ်ဆောင်တဲ့အတွက် တရုတ်နယ်စပ်ဘက်ထက်စာရင် အလုပ်လုပ်ရတာ ပိုအဆင်ပြေပါတယ်” ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင်နေထိုင်ကြသည့် တရုတ်လူမျိုးများက လူမှုကွန်ယက် We Chat မှ တစ်ဆင့် တရုတ်ဘာသာစကားပြောတတ်သည့် မြန်မာနိုင်ငံသားများအား ဝင်ငွေကောင်းသည့် အလုပ်ရရှိမည်ဖြစ်ပြီး လာရောက်မည့်စရိတ်များကို ကျခံပေးမည်ဟု စည်းရုံးကာ လောင်းကစားဒိုင်များတွင် ခိုင်းစေကာ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ အနိုင်အထက်ပြုခြင်းနှင့် လစာနည်းနည်းသာပေး၍ ခိုင်းစေမှုများ ရှိနေခြင်း၊ မြန်မာအမျိုးသမီးများအား နိုင်ငံခြားသားများက တရားဝင်လက်ထပ်ထိမ်းမြား ခေါ်ဆောင်သွားပြီး လူကုန်ကူးမှု ကျူးလွန်နေခြင်း၊ ဂျပန်နိုင်ငံရှိ International Cultural Exchange One of Myanmar ကုမ္ပဏီ၏ Facebook စာမျက်နှာတွင် ဂျပန်အမျိုးသားများနှင့်လက်ထပ်ပါက လက်ထပ်လက်စွပ်နှင့် ငွေကျပ်သိန်း (၃၀)ပေးမည်ဖြစ်ကြောင်းနှင့် မိတ်ဆက်ပေးသူအား ဂျပန်ယန်း (၁)သိန်းပေးမည်ဟု ရေးသားဖော်ပြစည်းရုံးနေခြင်းများရှိနေသဖြင့် ရှမ်းပြည်နယ် အမှတ်(၁၅) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (တောင်ကြီး)မှ တပ်ဖွဲ့ဝင်များက ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဟဲဟိုးလေဆိပ်နှင့် တောင်ကြီးမြို့၊ လွိုင်လင်မြို့၊ နမ့်စန်မြို့များရှိကားဂိတ်များတွင် နယ်စပ်သွားမည့်သူများအား အသိပညာပေးခြင်းများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် မိန်းကလေးများကို လိင်ပိုင်းဆိုင်ရာအတွက် လူကုန်ကူးမှုအပြင် လုပ်အားခေါင်းပုံဖြတ်မှုများကို အများဆုံးတွေ့ရလေ့ရှိပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်က တာချီလိတ်လေဆိပ်၊ မယ်ယန်းစစ်ဆေးရေးဂိတ်များတွင် စောင့်ကြည့်စစ်ဆေးမှုများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဒေသကနေ တစ်ဖက်နိုင်ငံအလုပ်သွားလုပ်မယ့်သူတွေဆိုရင်လည်း သူတို့အနေနဲ့ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်နဲ့ အလုပ်လုပ်ကိုင်ခွင့်ရှိကြောင်း ရှင်းလင်းပြောပြတယ်။ လိုအပ်တယ်ဆိုရင် သက်ဆိုင်ရာဌာနတွေနဲ့ချိတ်ဆက်ပြီး သူတို့တရားဝင်အလုပ်သွားလုပ်ကြဖို့ လုပ်ဆောင်ပေးပါတယ်” ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေးက ပြောသည်။

ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့် လုပ်အားခေါင်းပုံဖြတ်ခံရခြင်းမရှိစေရန် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ဖြင့် သွားရောက်ရန်နှင့် တာချီလိတ်မြို့ အိမ်ထောင်စုဇယားဖြင့် နေထိုင်သူများ အနေဖြင့် တစ်နှစ်သက်တမ်းပေးထားသည့် နယ်စပ်ဖြတ်သန်းခွင့်စာအုပ်ဖြင့် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း ချင်းရိုင်း၊ မယ်စဲ့၊ ချင်းစဲန်မြို့များတွင်  (၃)လအလုပ်လုပ်ကိုင်ခွင့် ရယူလုပ်ဆောင်နိုင်ရန် ဆွေးနွေးမှုများလုပ်ဆောင်ပေးကြောင်း သိရသည်။

“နယ်စပ်ဖြတ်သန်းခွင့်တစ်နှစ်စာအုပ်နဲ့ သုံးလအလုပ်လုပ်ခွင့်စာအုပ်ကို ထိုင်းနိုင်ငံက လုပ်ပေးနေပါတယ်။ ဒါက တာချီလိတ်မြို့ခံတွေ၊ အိမ်ထောင်စုဇယားရှိသူတွေမှာ ပိုက်ဆံမကုန်ဘဲနဲ့ အလုပ်လုပ်ခွင့်လက်မှတ်ရတယ်။ ဒီက လဝက အထွက်တံဆိပ်ထုမယ်၊ ဟိုဘက်မှာအဝင်တံဆိပ်ထုမယ်၊ ပြီးရင် ထိုင်းဘက်က အလုပ်ရှင်နဲ့ အလုပ်သမားက ထိုင်းအလုပ်သမားရုံးကို သွားလိုက်ရင် (၃)လအလုပ်လုပ်ခွင့် စာအုပ်ရတယ်။ ဒါတွေကဆိုရင် ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ လုပ်အားခအပြည့်ရဖို့၊ လူကုန်ကူးခံရမှုကနေ လုံခြုံစိတ်ချရစေပါတယ်”ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေးက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း ထိုင်း၊ တရုတ်နှင့် လာအိုနိုင်ငံများဖြင့် နယ်နမိတ်ထိစပ်နေပြီး ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့ဖြင့် အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်ထွက်ပေါက်များ ဖွင့်လှစ်ထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~