မုိင္းဖုန္းဆရာေတာ္၏ ၾသ၀ါဒျဖင့္ ေစတီတည္ေနသည့္ မိုင္းတံုၿမိဳ႕နယ္ ေဟြေအာေက်းရြာတြင္ “ဝ”အဖြဲ႔က ေဒသခံမ်ားႏွင့္ ပူးေပါင္းကူညီေပးေန

မုိင္းဖုန္းဆရာေတာ္၏ ၾသ၀ါဒျဖင့္ ေစတီတည္ေနသည့္ မိုင္းတံုၿမိဳ႕နယ္ ေဟြေအာေက်းရြာတြင္ “ဝ”အဖြဲ႔က ေဒသခံမ်ားႏွင့္ ပူးေပါင္းကူညီေပးေန
ဒီဇင်ဘာ 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း  မုိင္းတံုၿမိဳ႕နယ္၊ ပံုပါက်င္ၿမိဳ႕၊ ေဟြေအာေက်းရြာတြင္ သဒၶမၼေဇာတိကဓဇ အဂၢမဟာ ကမၼ႒ာနာစရိယ မုိင္းဖုန္းဆရာေတာ္ ဘဒၵနၲဉာဏသံဝရ၏ ၾသ၀ါဒျဖင့္ ေစတီတည္ေနသည္ကို ေဟြေအာေဒသရိွ “ဝ”ေတာင္ပိုင္း စစ္ေဒသ (၁၇၁) နယ္ေျမက ေဒသခံမ်ားႏွင့္အတူ ပါဝင္ ကူညီေပးေနေၾကာင္း သိရသည္။

“ေစတီတည္တာကို မုိင္းဖုန္းဆရာေတာ္ရဲ႕ တပည့္သံဃာ(၄)ပါးက ဦးေဆာင္ၿပီး ေဆာင္ရြက္ေနတာပါ။ “ဝ”ေဒသကလည္း သူတို႔ရဲေဘာ္ေတြနဲ႔ တစ္အိမ္ေထာင္ တစ္ေယာက္ႏႈန္းနဲ႔ လုပ္အားေပးတာေတြကို ဒီကေဒသခံေတြနဲ႔အတူ လုပ္ေပးေနပါတယ္။ အလွဴေငြလည္း လာလွဴေပးမယ္လို႔ သိရပါတယ္။ အခု ေစတီတည္ေနတာကေတာ့ ေစတီေဟာင္းအုတ္ပံုေဘးနားမွာ တည္ေနပါတယ္။ ေဖာင္ေဒးရွင္းတူးတာေတြ လုပ္ေနပါၿပီ။ ေစတီပံုစံေတြ ဘာေတြ၊ ဘယ္လုိတည္မယ္ဆိုတာေတာ့ မသိရေသးပါဘူးခင္ဗ်”ဟု မိုင္းဆတ္ ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္းဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ(၁၄)ရက္ေန႔တြင္ ေျပာသည္။

မုိင္းဖုန္းဆရာေတာ္က ရွမ္းႏွစ္သစ္ကူးေန႔ျဖစ္သည့္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ(၈)ရက္ေန႔က အဆိုပါ ေနရာတြင္ ႏွစ္သစ္ကူးတရားေဟာၾကားစဥ္ ေစတီေဟာင္း၏ ေဘး၌ ေစတီတစ္ဆူတည္ထားရန္ မိန္႔ၾကားခဲ့ၿပီး ေစတီတည္ရန္ တပည့္သံဃာ(၄)ပါးကို ဦးေဆာင္ေစခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေနရာတြင္ ဆရာေတာ္၏ တရားပြဲကို (၇)ရက္ၾကာက်င္းပမည္ျဖစ္ေၾကာင္း ေဒသတာဝန္ရိွသူမ်ားက “ဝ” ေတာင္ပိုင္း စစ္ေဒသ (၁၇၁) ေဟြေအာသို႔ ဆက္သြယ္အေၾကာင္းၾကားခဲ့ၿပီးေနာက္ ဒီဇင္ဘာလ(၈)ရက္ေန႔မွစ၍ တရားပြဲကို (၃)ရက္က်င္းပခဲ့ကာ ဒီဇင္ဘာလ (၁၁)ရက္ေန႔၌ ေစတီတည္ရန္ ေဖါင္ေဒးရွင္းတူးျခင္းကို စတင္ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေစတီတည္ထားမည့္ အေၾကာင္းကို “ဝ”ေဒသတာဝန္ရိွသူမ်ားထံ ဆက္သြယ္အေၾကာင္းၾကားစဥ္က ပါဝင္ျခင္း မရိွသျဖင့္ သက္ဆုိင္ရာ၏ ခြင့္ျပဳခ်က္ရသည္ အထိ ဆိုင္းငံ့ထားရန္ “ဝ”ေတာင္ပိုင္းေဒသ တာဝန္ရိွသူမ်ားက ယင္းေန႔က လာေရာက္တားျမစ္ခဲ့ရာ ေစတီတည္ထားရန္ ေဖါင္ေဒးရွင္းတူးေနသည့္ အဖြဲ႕က ဘက္ဟိုးျဖင့္ ေဖါင္ေဒးရွင္းေနရာျပန္ဖို႔ျခင္းႏွင့္ တရားေဟာယာယီစင္ျမင့္အား ဖ်က္ေပးျခင္းတို႔ကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေစတီတည္ထားျခင္းကိစၥႏွင့္ ပတ္သက္၍ ဒီဇင္ဘာလ (၁၂)ရက္ေန႔တြင္ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ခင္လိႈင္ ႏွင့္ “ဝ” ေတာင္ပိုင္း စစ္ေဒသ (၁၇၁) မွ ဦးရန္ေကြစုန္းႏွင့္ ဦးအားတီ အပါအ၀င္ တာဝန္ရိွသူတို႔ ေတြ႔ဆံုၿပီးေနာက္ ဆရာေတာ္၏ ေစတီတည္ထားမည့္ အစီအစဥ္ကို “ဝ”ေဒသတာဝန္ရိွသူမ်ားအား အသိေပးခ့ဲရာ ေစတီတည္ထားမည့္ လုပ္ငန္းကို “ဝ”ေဒသက ကန္႔ကြက္ရန္ မရိွေၾကာင္း အသိေပးခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - Nang Ohnyin


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ ဟွေအောကျေးရွာတွင် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရ၏ သြဝါဒဖြင့် စေတီတည်နေသည်ကို ဟွေအောဒေသရှိ “ဝ”တောင်ပိုင်း စစ်ဒေသ (၁၇၁) နယ်မြေက ဒေသခံများနှင့်အတူ ပါဝင် ကူညီပေးနေကြောင်း သိရသည်။

“စေတီတည်တာကို မိုင်းဖုန်းဆရာတော်ရဲ့ တပည့်သံဃာ(၄)ပါးက ဦးဆောင်ပြီး ဆောင်ရွက်နေတာပါ။ “ဝ”ဒေသကလည်း သူတို့ရဲဘော်တွေနဲ့ တစ်အိမ်ထောင် တစ်ယောက်နှုန်းနဲ့ လုပ်အားပေးတာတွေကို ဒီကဒေသခံတွေနဲ့အတူ လုပ်ပေးနေပါတယ်။ အလှူငွေလည်း လာလှူပေးမယ်လို့ သိရပါတယ်။ အခု စေတီတည်နေတာကတော့ စေတီဟောင်းအုတ်ပုံဘေးနားမှာ တည်နေပါတယ်။ ဖောင်ဒေးရှင်းတူးတာတွေ လုပ်နေပါပြီ။ စေတီပုံစံတွေ ဘာတွေ၊ ဘယ်လိုတည်မယ်ဆိုတာတော့ မသိရသေးပါဘူးခင်ဗျ”ဟု မိုင်းဆတ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၁၄)ရက်နေ့တွင် ပြောသည်။

မိုင်းဖုန်းဆရာတော်က ရှမ်းနှစ်သစ်ကူးနေ့ဖြစ်သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက်နေ့က အဆိုပါ နေရာတွင် နှစ်သစ်ကူးတရားဟောကြားစဉ် စေတီဟောင်း၏ ဘေး၌ စေတီတစ်ဆူတည်ထားရန် မိန့်ကြားခဲ့ပြီး စေတီတည်ရန် တပည့်သံဃာ(၄)ပါးကို ဦးဆောင်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နေရာတွင် ဆရာတော်၏ တရားပွဲကို (၇)ရက်ကြာကျင်းပမည်ဖြစ်ကြောင်း ဒေသတာဝန်ရှိသူများက “ဝ” တောင်ပိုင်း စစ်ဒေသ (၁၇၁) ဟွေအောသို့ ဆက်သွယ်အကြောင်းကြားခဲ့ပြီးနောက် ဒီဇင်ဘာလ(၈)ရက်နေ့မှစ၍ တရားပွဲကို (၃)ရက်ကျင်းပခဲ့ကာ ဒီဇင်ဘာလ (၁၁)ရက်နေ့၌ စေတီတည်ရန် ဖောင်ဒေးရှင်းတူးခြင်းကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စေတီတည်ထားမည့် အကြောင်းကို “ဝ”ဒေသတာဝန်ရှိသူများထံ ဆက်သွယ်အကြောင်းကြားစဉ်က ပါဝင်ခြင်း မရှိသဖြင့် သက်ဆိုင်ရာ၏ ခွင့်ပြုချက်ရသည် အထိ ဆိုင်းငံ့ထားရန် “ဝ”တောင်ပိုင်းဒေသ တာဝန်ရှိသူများက ယင်းနေ့က လာရောက်တားမြစ်ခဲ့ရာ စေတီတည်ထားရန် ဖောင်ဒေးရှင်းတူးနေသည့် အဖွဲ့က ဘက်ဟိုးဖြင့် ဖောင်ဒေးရှင်းနေရာပြန်ဖို့ခြင်းနှင့် တရားဟောယာယီစင်မြင့်အား ဖျက်ပေးခြင်းတို့ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စေတီတည်ထားခြင်းကိစ္စနှင့် ပတ်သက်၍ ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင် နှင့် “ဝ” တောင်ပိုင်း စစ်ဒေသ (၁၇၁) မှ ဦးရန်ကွေစုန်းနှင့် ဦးအားတီ အပါအဝင် တာဝန်ရှိသူတို့ တွေ့ဆုံပြီးနောက် ဆရာတော်၏ စေတီတည်ထားမည့် အစီအစဉ်ကို “ဝ”ဒေသတာဝန်ရှိသူများအား အသိပေးခဲ့ရာ စေတီတည်ထားမည့် လုပ်ငန်းကို “ဝ”ဒေသက ကန့်ကွက်ရန် မရှိကြောင်း အသိပေးခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - Nang Ohnyin

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~