ေလာင္းကစားဂိမ္းခံုဖြင့္ထားသူႏွင့္ လာကစားသည့္ လူငယ္(၄)ဦးတို႔ကို ဖမ္းဆီးအေရးယူ

ေလာင္းကစားဂိမ္းခံုဖြင့္ထားသူႏွင့္ လာကစားသည့္ လူငယ္(၄)ဦးတို႔ကို ဖမ္းဆီးအေရးယူ
ဒီဇင်ဘာ 22, 2018
By Tachileik News Agency

ဂိုေထာင္အတြင္း ေလာင္းကစားဂိမ္းခံုဖြင့္ထားသည့္ ငါးဖမ္းေလာင္းကစားဂိမ္းခံုပိုင္ရွင္ႏွင့္ လာေရာက္ ကစားသူ (၅)ဦးတုိ႔ကို ေလာင္းေၾကးေငြမ်ားႏွင့္အတူ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၁)ရက္ေန႔ နံနက္ (၆) နာရီ (၄၅) မိနစ္အခ်ိန္တြင္ ဖမ္းဆီးရမိလုိက္ေၾကာင္း သိရသည္။

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕၊အမွတ္(၅)ရပ္ကြက္၊ ၿမိဳ႕ပတ္(၂)လမ္း ေအာက္ခ်ိဳင့္ရွိ ခြန္လွေက်ာ္(ခ)ရာေက်ာ္၏ ဂိုေထာင္အတြင္းသို႔ ဝင္ေရာက္ရွာေဖြရာ ငါးဖမ္းေလာင္းကစား ဂိမ္း႐ုံပိုင္ရွင္ျဖစ္သူ ခြန္လွေက်ာ္(ခ)ရာေက်ာ္ႏွင့္အတူ လာေရာက္ကစားေနသည့္ အသက္(၂၃)ႏွစ္အရြယ္  ထက္ထက္ေအာင္၊ အသက္(၂၅)ႏွစ္အရြယ္ ေဇာ္သက္(ခ)ခ်က္ေဖာင္း၊ အသက္(၂၄)ႏွစ္အရြယ္ မင္းမင္းစိုးႏွင့္ အသက္(၂၁)ႏွစ္အရြယ္ ထက္လင္းေအာင္ (၂၁)ႏွစ္တို႔အား ဖမ္းမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေလာင္းကစားဂိမ္းခံုတြင္ ငါးဖမ္းဂိမ္းစက္(၃)လုံး၊ ေလာင္းေၾကးေငြက်ပ္(၁၅,၅၀၀၀)တုိ႔ကိုလည္း သိမ္းဆည္းရမိေၾကာင္းသိရၿပီး ဖမ္းဆီးရမိသည့္ အမ်ိဳးသား(၄)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးကို  အမႈဖြင့္အေရးယူေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ဂိုထောင်အတွင်း လောင်းကစားဂိမ်းခုံဖွင့်ထားသည့် ငါးဖမ်းလောင်းကစားဂိမ်းခုံပိုင်ရှင်နှင့် လာရောက် ကစားသူ (၅)ဦးတို့ကို လောင်းကြေးငွေများနှင့်အတူ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့ နံနက် (၆) နာရီ (၄၅) မိနစ်အချိန်တွင် ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့၊အမှတ်(၅)ရပ်ကွက်၊ မြို့ပတ်(၂)လမ်း အောက်ချိုင့်ရှိ ခွန်လှကျော်(ခ)ရာကျော်၏ ဂိုထောင်အတွင်းသို့ ဝင်ရောက်ရှာဖွေရာ ငါးဖမ်းလောင်းကစား ဂိမ်းရုံပိုင်ရှင်ဖြစ်သူ ခွန်လှကျော်(ခ)ရာကျော်နှင့်အတူ လာရောက်ကစားနေသည့် အသက်(၂၃)နှစ်အရွယ် ထက်ထက်အောင်၊ အသက်(၂၅)နှစ်အရွယ် ဇော်သက်(ခ)ချက်ဖောင်း၊ အသက်(၂၄)နှစ်အရွယ် မင်းမင်းစိုးနှင့် အသက်(၂၁)နှစ်အရွယ် ထက်လင်းအောင် (၂၁)နှစ်တို့အား ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လောင်းကစားဂိမ်းခုံတွင် ငါးဖမ်းဂိမ်းစက်(၃)လုံး၊ လောင်းကြေးငွေကျပ်(၁၅,၅၀၀၀)တို့ကိုလည်း သိမ်းဆည်းရမိကြောင်းသိရပြီး ဖမ်းဆီးရမိသည့် အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၁)ဦးကို အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~