စကၤာပူႏိုင္ငံမွ အိမ္အကူလုပ္အားခရရွိလာသည့္ က်ပ္ေငြမ်ားမွာ အတုျဖစ္ေန၍ ရဲတပ္ဖြဲ႔ထံ အပ္ႏွံရန္ ႀကိဳးစားစဥ္ ဖမ္းဆီးရခံရျခင္း ျဖစ္ေပၚ

စကၤာပူႏိုင္ငံမွ အိမ္အကူလုပ္အားခရရွိလာသည့္ က်ပ္ေငြမ်ားမွာ အတုျဖစ္ေန၍ ရဲတပ္ဖြဲ႔ထံ အပ္ႏွံရန္ ႀကိဳးစားစဥ္ ဖမ္းဆီးရခံရျခင္း ျဖစ္ေပၚ
ဒီဇင်ဘာ 9, 2018
By Tachileik News Agency

စကၤာပူႏုိင္ငံမွ အိမ္အကူလုပ္အားခ ရရိွလာေသာ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴအတုမ်ားေၾကာင့္  ဗဟိုဘဏ္ ဥပေဒျဖင့္ အမႈဖြင့္ ဖမ္းဆီးစစ္ေဆးခံေနရသည့္ လယ္ၾကားေျမာင္ေက်းရြာမွ အသက္(၂၅)ႏွစ္အရြယ္ အမ်ိဳးသမီးမွာ ေငြတုမ်ားကို အပ္ႏွံရန္ ႀကိဳးစားစဥ္ ဖမ္းဆီးခံရျခင္း ျဖစ္ေၾကာင္း အဆိုပါေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးထံမွ သိရသည္။

“သူက ဒီဇင္ဘာလ(၂)ရက္ေန႔က စကၤာပူကျပန္လာတယ္။ ေရာက္ၿပီးေတာ့ (၄)ရက္ေန႔က ဒိုက္ဦးေစ်းထဲက ဖုန္းဆိုင္တစ္ဆုိင္မွာ ဖုန္းဝယ္ေတာ့ ဒါေတြက အတုေတြလို႔ ေျပာလုိက္တယ္တဲ့။ အဲဒီမွာ သတင္းေတြကေတာ့ အထဲထဲမွာ ထြက္ေနၾကမွာေပါ့ေလ။ ၿမိဳ႕ထဲမွာေတာ့ နည္းနည္းပါးပါး။ ကၽြန္ေတာ္တုိ႔ ဆီေတာ့ မဆုိက္လာေသးဘူးေပါ့။ ကၽြန္ေတာ္တုိ႔ကေတာ့ (၅)ရက္ေန႔မွ သိၾကတာ။ ကာယကံရွင္ ေတြကလည္း သူတို႔ဆီရိွတာ အတုလား၊ အစစ္လား မသိရွာၾကပါဘူး။ ဒါေၾကာင့္လည္း ဟိုေလွ်ာက္ဝယ္ ဒီေလွ်ာက္ဝယ္ ဝယ္ၾကတာေပါ့။ ဟိုး စကၤာပူက တိုက္ရိုက္ လဲလာတာဆိုေတာ့ မသိၾကပါဘူး။ ကၽြန္ေတာ္တုိ႔ေတာင္ ေငြက အတုလား အစစ္လား မသိႏုိင္ဘူး။ သူ႔လုပ္အားခေလး ဘဏ္ကေန လဲလာတယ္ဆိုေတာ့ အစစ္ပဲထင္ၿပီး ေလွ်ာက္သံုးမွာေပါ့”ဟု လယ္ၾကားေျမာင္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးလွဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဒီဇင္ဘာလ(၉)ရက္ေန႔က ေျပာသည္။

ပဲခူးတုိင္းေဒသႀကီး၊ ဒိုက္ဦးၿမိဳ႕နယ္၊ လယ္ၾကားေျမာင္ေက်းရြာမွ ေနာ္ေသာ့သြဲ႕ထူးထံမွ တစ္ေသာင္းတန္ ေငြစကၠဴအတု (၁၅၄)ရြက္ ေတြ႔ရသျဖင့္ ဒိုက္ဦးၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၄၂၀/၂၀၁၈၊ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ဥပေဒ ပုဒ္မ ၁၀၅/၁၀၆ ျဖင့္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၆)ရက္ေန႔က အမႈဖြင့္ စစ္ေဆးေနျခင္းျဖစ္သည္။

ေနာ္ေသာ့သြဲ႕ထူးသည္ ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလမွစ၍ စကၤာပူႏိုင္ငံတြင္ အိမ္အကူ လုုပ္ကိုင္ ေနျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံသို႔ ျပန္ရန္အတြက္ အိမ္ရွင္အမ်ိဳးသမီးက ၂၀၁၈ခုႏွစ္၊ ႏိုဝင္ဘာလ (၃၀) ရက္ေန႔တြင္ စကၤာပူႏိုင္ငံရွိ MM Sharife Trader တြင္ စကၤာပူ ေဒၚလာ (၃၁၂၃.၃၉) အား ျမန္မာေငြျဖင့္ လဲလွယ္ ေပးအပ္လိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

“’ဒီဇင္ဘာ(၅)ရက္ေန႔မွာ ရဲကသတင္းအရ ကၽြန္ေတာ္တို႔ဆီက ကားသမားကို လာစစ္တယ္။ သူတို႔ စံုစမ္းေနဆဲပဲ ျဖစ္တယ္လုိ႔ ေျပာသြားတယ္။ ည (၆)နာရီ၊ (၆)နာရီခြဲေလာက္က်ေတာ့ ကေလးမေလးေတြ မိဘေတြ ကၽြန္ေတာ့္ဆီ ေရာက္လာတယ္။ အဲဒီအခ်ိန္က ကၽြန္ေတာ့္ဆီမွာက ေထာက္ခံစာ လာလုပ္တဲ့ သူေတြနဲ႔ လူကမ်ားေနေတာ့ ေလာေလာဆယ္ ျပန္ထားႏွင့္အံုး။ မနက္က်ေတာ့ ေျပာမယ္ေပါ့။ မနက္ (၃) နာရီေက်ာ္ ေလာက္မွာ လယ္ၾကားေျမာင္တာဝန္ခံဆီကို ဖုန္းဆက္လိုက္တယ္။ ကေလးမေလးနဲ႔ သူ႔မိဘေတြကို ကၽြန္ေတာ့္ဆီ လႊတ္ေပးပါအံုးေပါ့။ သူတို႔ကားနဲ႔ ကၽြန္ေတာ့္ဆီ မနက္ (၆)နာရီေလာက္ ေရာက္လာၾကတယ္။ သူတို႔ကိုလည္း ေတာင္သူလယ္သမားသမဂၢက ေျပာထားတယ္ေပါ့။ ဒီေငြေတြကို ဘဏ္ကိုအပ္ၿပီးေတာ့မွ ဘဏ္ကေန ရဲကိုအပ္လိမ့္မယ္လို႔ ေျပာတယ္တဲ့။ ကၽြန္ေတာ္တို႔ အစီအစဥ္ကေတာ့ ဒီမွာရိွတဲ့ပိုက္ဆံေလးေတြနဲ႔ ရဲကို အပ္မယ့္ အစီအစဥ္ေပါ့။ သူတုိ႔က ေတာင္သူလယ္သမားသမဂၢက ေျပာတဲ့အတုိင္း ဘဏ္သြားအပ္မယ္ေပါ့။ ဒီေတာ့ ေကာင္းတယ္ဆိုၿပီး ကၽြန္ေတာ္တုိ႔ကလည္း လႊတ္ေပးလုိက္တယ္။ အဲဒီမွာ ဘဏ္သြားတာမွာ ဘဏ္ကို မေရာက္ဘဲ (၄)ရက္ေန႔က ကေလးမေလးက ဆန္အိတ္(၄)အိတ္ဝယ္ခဲ့တဲ့ ဒိုက္ဦးက ကုန္စံုဆုိင္ကို ေရာက္သြားတယ္။ အဲဒီဆိုင္ကမွ ရဲကို အေၾကာင္းၾကားလုိက္ေတာ့ အဲဒီလိုေတြ ျဖစ္ကုန္ေရာ။ အဲဒီမွာ ရဲက သက္ေသေတြနဲ႔အတူ လယ္ၾကားေျမာင္ကို လုိက္လာၿပီး သူတုိ႔အိမ္ကို ရွာေဖြပံုစံနဲ႔ရွာေတာ့ (၁၅၄)ရြက္ေတြ႔တယ္။ အကုန္လံုးက အိမ္ထဲက ေတြ႔တာခ်ည္းေတာင္ မဟုတ္ပါဘူး။ အတုဆိုေတာ့ ေဘးက ေခ်းထားတာေလးေတြ လာျပန္ဆပ္တာနဲ႔မွ (၁၅၄)ရြက္ျပည့္တာ။ အဲဒီမွာ ကၽြန္ေတာ္တို႔လည္း ရဲစခန္းကို လုိက္သြားရတာ။ ည (၁၁)နာရီေလာက္မွ ျပန္လာရတာ”ဟု လယ္ၾကားေျမာင္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးလွဝင္းက ျဖစ္စဥ္ကို ေျပာသည္။

ဒိုက္ဦးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ဦးစီးသည့္ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၆) ရက္ေန႔ ေန႔လယ္ (၂)နာရီခြဲဝန္းက်င္တြင္ လယ္ၾကားေျမာင္ေက်း႐ြာရိွ ေနာ္ေသာ့သြဲ႕ထူး၏ ေနအိမ္သို႔ ဝင္ေရာက္ ရွာေဖြခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔ဆီမွာ ေငြတုမိတယ္ဆိုတာ တစ္ခါမွ မရိွဘူး။ အခုက ကေလးမက သူ႔လုပ္အားခကို သူေဌးမက စကၤာပူကေန လဲေပးလုိက္တာလို႔ ေျပာတယ္။ ေျပာရရင္ ဒီႏိုင္ငံထဲကေတာင္ မဟုတ္ပါဘူး။ သူ႔မိသားစုကလည္း အလုပ္အကိုင္ကေတာ့ က်ပန္းပါပဲ။ သူ႔အေဖဆို သစ္ျဖတ္ ဘာျဖတ္ေပါ့”ဟု လယ္ၾကားေျမာင္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးလွဝင္းက ေျပာသည္။

ရန္ကုန္ၿမိဳ႕တြင္ စကၤာပူႏိုင္ငံသား စံုတြဲတစ္တြဲမွာ စကၤာပူႏိုင္ငံမွ လဲလွယ္လာသည့္ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴအတု (၄၅) ရြက္ျဖင့္ ဒဂံုၿမိဳ႕နယ္ရဲစခန္းတြင္ အမႈဖြင့္စစ္ေဆးခံေနရျခင္းျဖစ္သည္။

အဆိုပါ စကၤာပူစံုတြဲဖမ္းဆီးခံရၿပီးေနာက္ စကၤာပူႏိုင္ငံရွိ ေငြလဲေကာင္တာ (၁၈) ခုအား စကၤာပူရဲတပ္ဖြဲ႕က ဝင္ေရာက္စစ္ေဆးခဲ့ရာ “AG” ႏွင့္ “AE” နံပါတ္တူမ်ားပါဝင္သည့္  ျမန္မာက်ပ္ေငြ တစ္ေသာင္းတန္ ေငြစကၠဴအတုမ်ားကို သိမ္းဆည္းရမိခဲ့သည္ဟု ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ (၆)ရက္ေန႔တြင္ မီဒီယာမ်ားသို႔ သတင္းထုတ္ျပန္ထားေၾကာင္း Channel News Asia သတင္းဌာနက  ဒီဇင္ဘာ (၇) ရက္ေန႔တြင္ ေရးသားထားသည္ကို ေတြ႔ရသည္။

ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ဥပေဒ ပုဒ္မ (၁၀၁)အရ မည္သူမွ် ဗဟိုဘဏ္က ထုတ္ေဝေသာ ေငြစကၠဴ၊ ဒဂၤါးႏွင့္ လႊဲေျပာင္းႏိုင္ေသာ စာခ်ဳပ္စာတမ္းတစ္မ်ိဳးမ်ိဳးကို အတုမွန္းသိလ်က္ႏွင့္ သံုးစြဲျခင္း မျပဳလုပ္ရဟု လည္းေကာင္း၊ ပုဒ္မ(၁၀၂)အရ မည္သူမွ် ဗဟိုဘဏ္က ထုတ္ေဝေသာ ေငြစကၠဴ၊ ဒဂၤါးႏွင့္ လႊဲေျပာင္းႏိုင္ေသာ စာခ်ဳပ္စာတမ္း တစ္မ်ိဳးမ်ိဳးကို အတုအပလုပ္ျခင္း၊ အတုကို ျပည္ပမွ တင္သြင္းျခင္း သို႔မဟုတ္ ျပည္ပသို႔ တင္ပို႔ျခင္း မျပဳလုပ္ရဟုလည္းေကာင္း၊ ပုဒ္မ (၁၀၅)အရ  မည္သူမဆို ပုဒ္မ (၁၀၁) ပါ တားျမစ္ခ်က္ကို ေဖာက္ဖ်က္ က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွား စီရင္ျခင္းခံရလွ်င္ ထိုသူကိုေငြဒဏ္ျဖစ္ေစ၊ သံုးႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လံုး ျဖစ္ေစ ခ်မွတ္ရမည္ဟုလည္းေကာင္း၊ ပုဒ္မ (၁၀၆)အရ မည္သူမဆို ပုဒ္မ (၁၀၂) ပါ တားျမစ္ခ်က္ကို ေဖာက္ဖ်က္ က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွား စီရင္ျခင္းခံရလွ်င္ ထိုသူကို အနည္းဆံုး ေထာင္ဒဏ္ (၁၀) ႏွစ္မွ အမ်ားဆံုး ေထာင္ဒဏ္ ႏွစ္ (၂၀) အထိ ခ်မွတ္ရမည္။ ထို႔ျပင္ ျပစ္မႈႏွင့္ သက္ဆိုင္သည့္ သက္ေသခံပစၥည္းမ်ားကိုလည္း ျပည္ေထာင္စု ဘ႑ာအျဖစ္ သိမ္းဆည္းရမည္ဟု ျပဌာန္းထားျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

စင်္ကာပူနိုင်ငံမှ အိမ်အကူလုပ်အားခ ရရှိလာသော ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများကြောင့် ဗဟိုဘဏ် ဥပဒဖြေင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် လယ်ကြားမြောင်ကျေးရွာမှ အသက်(၂၅)နှစ်အရွယ် အမျိုးသမီးမှာ ငွေတုများကို အပ်နှံရန် ကြိုးစားစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“သူက ဒီဇင်ဘာလ(၂)ရက်နေ့က စင်္ကာပူကပြန်လာတယ်။ ရောက်ပြီးတော့ (၄)ရက်နေ့က ဒိုက်ဦးဈေးထဲက ဖုန်းဆိုင်တစ်ဆိုင်မှာ ဖုန်းဝယ်တော့ ဒါတွေက အတုတွေလို့ ပြောလိုက်တယ်တဲ့။ အဲဒီမှာ သတင်းတွေကတော့ အထဲထဲမှာ ထွက်နကြေမှာပေါ့လေ။ မြို့ထဲမှာတော့ နည်းနည်းပါးပါး။ ကျွန်တော်တို့ ဆီတော့ မဆိုက်လာသေးဘူးပေါ့။ ကျွန်တော်တို့ကတော့ (၅)ရက်နေ့မှ သိကြတာ။ ကာယကံရှင် တွေကလည်း သူတို့ဆီရှိတာ အတုလား၊ အစစ်လား မသိရှာကြပါဘူး။ ဒါကြောင့်လည်း ဟိုလျှောက်ဝယ် ဒီလျှောက်ဝယ် ဝယ်ကြတာပေါ့။ ဟိုး စင်္ကာပူက တိုက်ရိုက် လဲလာတာဆိုတော့ မသိကြပါဘူး။ ကျွန်တော်တို့တောင် ငွေက အတုလား အစစ်လား မသိနိုင်ဘူး။ သူ့လုပ်အားခလေး ဘဏ်ကနေ လဲလာတယ်ဆိုတော့ အစစ်ပဲထင်ပြီး လျှောက်သုံးမှာပေါ့”ဟု လယ်ကြားမြောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ(၉)ရက်နေ့က ပြောသည်။

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ လယ်ကြားမြောင်ကျေးရွာမှ နော်သော့သွဲ့ထူးထံမှ တစ်သောင်းတန် ငွေစက္ကူအတု (၁၅၄)ရွက် တွေ့ရသဖြင့် ဒိုက်ဦးမြို့မရဲစခန်းတွင် (ပ) ၁၄၂၀/၂၀၁၈၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ ဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့က အမှုဖွင့် စစ်ဆေးနခြေင်းဖြစ်သည်။

နော်သော့သွဲ့ထူးသည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ စင်္ကာပူနိုင်ငံတွင် အိမ်အကူ လုပ်ကိုင် နခြေင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်ရန်အတွက် အိမ်ရှင်အမျိုးသမီးက ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် စင်္ကာပူနိုင်ငံရှိ MM Sharife Trader တွင် စင်္ကာပူ ဒေါ်လာ (၃၁၂၃.၃၉) အား မြန်မာငွဖြေင့် လဲလှယ် ပေးအပ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“’ဒီဇင်ဘာ(၅)ရက်နေ့မှာ ရဲကသတင်းအရ ကျွန်တော်တို့ဆီက ကားသမားကို လာစစ်တယ်။ သူတို့ စုံစမ်းနေဆဲပဲ ဖြစ်တယ်လို့ ပြောသွားတယ်။ ည (၆)နာရီ၊ (၆)နာရီခွဲလောက်ကျတော့ ကလေးမလေးတွေ မိဘတွေ ကျွန်တော့်ဆီ ရောက်လာတယ်။ အဲဒီအချိန်က ကျွန်တော့်ဆီမှာက ထောက်ခံစာ လာလုပ်တဲ့ သူတွေနဲ့ လူကများနေတော့ လောလောဆယ် ပြန်ထားနှင့်အုံး။ မနက်ကျတော့ ပြောမယ်ပေါ့။ မနက် (၃) နာရီကျော် လောက်မှာ လယ်ကြားမြောင်တာဝန်ခံဆီကို ဖုန်းဆက်လိုက်တယ်။ ကလေးမလေးနဲ့ သူ့မိဘတွေကို ကျွန်တော့်ဆီ လွှတ်ပေးပါအုံးပေါ့။ သူတို့ကားနဲ့ ကျွန်တော့်ဆီ မနက် (၆)နာရီလောက် ရောက်လာကြတယ်။ သူတို့ကိုလည်း တောင်သူလယ်သမားသမဂ္ဂက ပြောထားတယ်ပေါ့။ ဒီငွေတွေကို ဘဏ်ကိုအပ်ပြီးတော့မှ ဘဏ်ကနေ ရဲကိုအပ်လိမ့်မယ်လို့ ပြောတယ်တဲ့။ ကျွန်တော်တို့ အစီအစဉ်ကတော့ ဒီမှာရှိတဲ့ပိုက်ဆံလေးတွေနဲ့ ရဲကို အပ်မယ့် အစီအစဉ်ပေါ့။ သူတို့က တောင်သူလယ်သမားသမဂ္ဂက ပြောတဲ့အတိုင်း ဘဏ်သွားအပ်မယ်ပေါ့။ ဒီတော့ ကောင်းတယ်ဆိုပြီး ကျွန်တော်တို့ကလည်း လွှတ်ပေးလိုက်တယ်။ အဲဒီမှာ ဘဏ်သွားတာမှာ ဘဏ်ကို မရောက်ဘဲ (၄)ရက်နေ့က ကလေးမလေးက ဆန်အိတ်(၄)အိတ်ဝယ်ခဲ့တဲ့ ဒိုက်ဦးက ကုန်စုံဆိုင်ကို ရောက်သွားတယ်။ အဲဒီဆိုင်ကမှ ရဲကို အကြောင်းကြားလိုက်တော့ အဲဒီလိုတွေ ဖြစ်ကုန်ရော။ အဲဒီမှာ ရဲက သက်သေတွေနဲ့အတူ လယ်ကြားမြောင်ကို လိုက်လာပြီး သူတို့အိမ်ကို ရှာဖွေပုံစံနဲ့ရှာတော့ (၁၅၄)ရွက်တွေ့တယ်။ အကုန်လုံးက အိမ်ထဲက တွေ့တာချည်းတောင် မဟုတ်ပါဘူး။ အတုဆိုတော့ ဘေးက ချေးထားတာလေးတွေ လာပြန်ဆပ်တာနဲ့မှ (၁၅၄)ရွက်ပြည့်တာ။ အဲဒီမှာ ကျွန်တော်တို့လည်း ရဲစခန်းကို လိုက်သွားရတာ။ ည (၁၁)နာရီလောက်မှ ပြန်လာရတာ”ဟု လယ်ကြားမြောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှဝင်းက ဖြစ်စဉ်ကို ပြောသည်။

ဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့ နေ့လယ် (၂)နာရီခွဲဝန်းကျင်တွင် လယ်ကြားမြောင်ကျေးရွာရှိ နော်သော့သွဲ့ထူး၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဆီမှာ ငွေတုမိတယ်ဆိုတာ တစ်ခါမှ မရှိဘူး။ အခုက ကလေးမက သူ့လုပ်အားခကို သူဌေးမက စင်္ကာပူကနေ လဲပေးလိုက်တာလို့ ပြောတယ်။ ပြောရရင် ဒီနိုင်ငံထဲကတောင် မဟုတ်ပါဘူး။ သူ့မိသားစုကလည်း အလုပ်အကိုင်ကတော့ ကျပန်းပါပဲ။ သူ့အဖေဆို သစ်ဖြတ် ဘာဖြတ်ပေါ့”ဟု လယ်ကြားမြောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှဝင်းက ပြောသည်။

ရန်ကုန်မြို့တွင် စင်္ကာပူနိုင်ငံသား စုံတွဲတစ်တွဲမှာ စင်္ကာပူနိုင်ငံမှ လဲလှယ်လာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတု (၄၅) ရွက်ဖြင့် ဒဂုံမြို့နယ်ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးခံနေရခြင်းဖြစ်သည်။

အဆိုပါ စင်္ကာပူစုံတွဲဖမ်းဆီးခံရပြီးနောက် စင်္ကာပူနိုင်ငံရှိ ငွေလဲကောင်တာ (၁၈) ခုအား စင်္ကာပူရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ရာ “AG” နှင့် “AE” နံပါတ်တူများပါဝင်သည့် မြန်မာကျပ်ငွေ တစ်သောင်းတန် ငွေစက္ကူအတုများကို သိမ်းဆည်းရမိခဲ့သည်ဟု ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့တွင် မီဒီယာများသို့ သတင်းထုတ်ပြန်ထားကြောင်း Channel News Asia သတင်းဌာနက ဒီဇင်ဘာ (၇) ရက်နေ့တွင် ရေးသားထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ပုဒ်မ (၁၀၁)အရ မည်သူမျှ ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူ၊ ဒင်္ဂါးနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းတစ်မျိုးမျိုးကို အတုမှန်းသိလျက်နှင့် သုံးစွဲခြင်း မပြုလုပ်ရဟု လည်းကောင်း၊ ပုဒ်မ(၁၀၂)အရ မည်သူမျှ ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူ၊ ဒင်္ဂါးနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း တစ်မျိုးမျိုးကို အတုအပလုပ်ခြင်း၊ အတုကို ပြည်ပမှ တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့ တင်ပို့ခြင်း မပြုလုပ်ရဟုလည်းကောင်း၊ ပုဒ်မ (၁၀၅)အရ မည်သူမဆို ပုဒ်မ (၁၀၁) ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကိုငွေဒဏ်ဖြစ်စေ၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟုလည်းကောင်း၊ ပုဒ်မ (၁၀၆)အရ မည်သူမဆို ပုဒ်မ (၁၀၂) ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် (၁၀) နှစ်မှ အများဆုံး ထောင်ဒဏ် နှစ် (၂၀) အထိ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းများကိုလည်း ပြည်ထောင်စု ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဟု ပြဌာန်းထားခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~