တိုင္းေဒသႀကီးအစိုးရအဖြဲ႕အေထာက္အပံ့ျဖင့္ ရဲတပ္ဖြဲ႕က မေကြးၿမိဳ႕တြင္း အခ်က္အျခာေနရာမ်ားတြင္ CCTV တပ္ဆင္

တိုင္းေဒသႀကီးအစိုးရအဖြဲ႕အေထာက္အပံ့ျဖင့္ ရဲတပ္ဖြဲ႕က မေကြးၿမိဳ႕တြင္း အခ်က္အျခာေနရာမ်ားတြင္ CCTV တပ္ဆင္
ဒီဇင်ဘာ 23, 2018
By 🌸
မေကြးတိုင္းေဒသႀကီးအစိုးရပ့့ံပိုးမႈျဖင့္ မေကြးၿမိဳ႕၏ အခ်က္အျခာေနရာ (၈)ခုတြင္ CCTV ကင္မရာ (၃၂)လံုးကို ဒီဇင္ဘာလ ေနာက္ဆံုးပတ္တြင္ ထပ္မံတပ္ဆင္လိုက္သျဖင့္ မေကြးၿမိဳ႕၏အခ်က္အခ်ာမ်ားတြင္ CCTV (၄၇)လံုး ေစာင့္ၾကည့္ႏုိင္ၿပီျဖစ္ေၾကာင္း မေကြးၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးရံုးမွ သိရသည္။

“ကင္မရာရဲ႕ ေပ(၃၀)အတြင္းမွာ ျဖတ္သြားတဲ႔ ကားေတြ၊ ဆိုင္ကယ္ေတြရဲ႕ နံပါတ္ေတြရေအာင္ လုပ္ႏိုင္မယ္။ စီစီတီဗီြမွာေတြ႔ရိွခ်က္အရ ရဲတပ္ဖြဲ႔၀င္အခ်င္းခ်င္း ခ်ိတ္ဆက္ၿပီး ျဖစ္စဥ္ေတြအေပၚ ခ်က္ခ်င္းထိန္းသိမ္းသြားႏိုင္ဖို႔ ရည္ရြယ္ပါတယ္။ ဘယ္ေနရာ၊ ဘယ္အခ်ိန္မွာပဲျဖစ္ျဖစ္ ျပစ္မႈက်ဴးလြန္ခံရတဲ့အခါမ်ိဳးမွာ တရားခံရဲ႕ပံုပန္းသ႑ာန္နဲ႔ သူ႔ရဲ႕လားရာကိုေျပာျပရင္ လမ္းေၾကာင္းေပၚမွာရိွေနတဲ့ CCTV မွာ စစ္လို႔ရႏိုင္မယ္။ ၿမိဳ႕အဝင္အထြက္ (၄)ေနရာ မွာလည္း တပ္ဆင္ထားၿပီျဖစ္တဲ့အတြက္ တရားခံဖမ္းဆီးရမိေရး အမ်ားႀကီးအေထာက္အကူျဖစ္ေစမွာပါ” ဟု မေကြးၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးေငြတင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးၿမိဳ႕ ဧရာ၀တီတံတားအ၀ိုင္းပတ္၊ လမ္းငါးသြယ္၊  နယ္ေျမရဲစခန္းအနီးရိွ ၾကာပန္းအ၀ိုင္း၊ အထက(၃)အနီး နတ္ေမာက္လမ္းႏွင္႔ ၿမိဳ႕ပတ္လမ္းေထာင္႔ေနရာ(၄)ခုတြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလအတြင္းကကင္မရာ (၁၅)လံုးတပ္ဆင္ခဲ့ျခင္းျဖစ္ၿပီး ဒီဇင္ဘာလအတြင္း၌ အစိုးရအိမ္ယာဝန္း အဝင္၊ အထြက္ေနရာမ်ားႏွင့္  မီးပြဳင့္မ်ား႐ွိရာလမ္းဆံု(၇)ေနရာတို႔တြင္ ထပ္မံတပ္ဆင္ျခင္းျဖစ္ေၾကာင္း သိရသည္။

CCTV ႏွင္႔ ဆက္စပ္ပစၥည္းမ်ား တပ္ဆင္ျခင္းလုပ္ငန္းကို မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႔၏ အေထာက္အပံ့ျဖင့္ လုပ္ေဆာင္ခဲ႔ျခင္းျဖစ္ၿပီး ေတာင္တြင္းလမ္းႏွင္႔ျမင္ကင္းလမ္းဆံု၊ ျပည္ေတာ္သာလမ္းႏွင္႔ ေဆး႐ံုလမ္းဆံု ၊ ေအာင္ ေမတၱာအ၀ိုင္းလမ္းဆံု၊ နတ္ေမာက္လမ္းႏွင္႔ သစၥာလမ္းဆံု ၊ အထက(၁) လမ္းႏွင္႔ ၿမိဳ႕ပတ္လမ္းဆံု ၊ ျပည္ေတာ္သာလမ္းႏွင့္ ၿမိဳ႕ပတ္လမ္းဆံု၊ မဲထီးလမ္းႏွင့္ ၿမိဳ႕ပတ္လမ္းဆံု ေနရာ(၇)ခုတြင္လည္း ဆက္လက္တိုးခ်ဲ႕တပ္ဆင္သြားရန္ အစီအစဥ္႐ွိေၾကာင္း မေကြးၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးရံုးမွ သိရသည္။

သတင္း #ဖီးနစ္
ဓာတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တိုင်းဒေသကြီးအစိုးရအဖွဲ့အထောက်အပံ့ဖြင့် ရဲတပ်ဖွဲ့က မကွေးမြို့တွင်း အချက်အခြာနေရာများတွင် CCTV တပ်ဆင်
**************
မကွေးတိုင်းဒေသကြီးအစိုးရပံ့ပိုးမှုဖြင့် မကွေးမြို့၏ အချက်အခြာနေရာ (၈)ခုတွင် CCTV ကင်မရာ (၃၂)လုံးကို ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ထပ်မံတပ်ဆင်လိုက်သဖြင့် မကွေးမြို့၏အချက်အချာများတွင် CCTV (၄၇)လုံး စောင့်ကြည့်နိုင်ပြီဖြစ်ကြောင်း မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“ကင်မရာရဲ့ ပေ(၃၀)အတွင်းမှာ ဖြတ်သွားတဲ့ ကားတွေ၊ ဆိုင်ကယ်တွေရဲ့ နံပါတ်တွေရအောင် လုပ်နိုင်မယ်။ စီစီတီဗွီမှာတွေ့ရှိချက်အရ ရဲတပ်ဖွဲ့ဝင်အချင်းချင်း ချိတ်ဆက်ပြီး ဖြစ်စဉ်တွေအပေါ် ချက်ချင်းထိန်းသိမ်းသွားနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ပြစ်မှုကျူးလွန်ခံရတဲ့အခါမျိုးမှာ တရားခံရဲ့ပုံပန်းသဏ္ဍာန်နဲ့ သူ့ရဲ့လားရာကိုပြောပြရင် လမ်းကြောင်းပေါ်မှာရှိနေတဲ့ CCTV မှာ စစ်လို့ရနိုင်မယ်။ မြို့အဝင်အထွက် (၄)နေရာ မှာလည်း တပ်ဆင်ထားပြီဖြစ်တဲ့အတွက် တရားခံဖမ်းဆီးရမိရေး အများကြီးအထောက်အကူဖြစ်စေမှာပါ” ဟု မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးငွေတင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးမြို့ ဧရာဝတီတံတားအဝိုင်းပတ်၊ လမ်းငါးသွယ်၊  နယ်မြေရဲစခန်းအနီးရှိ ကြာပန်းအဝိုင်း၊ အထက(၃)အနီး နတ်မောက်လမ်းနှင့် မြို့ပတ်လမ်းထောင့်နေရာ(၄)ခုတွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်းကကင်မရာ (၁၅)လုံးတပ်ဆင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလအတွင်း၌ အစိုးရအိမ်ယာဝန်း အဝင်၊ အထွက်နေရာများနှင့်  မီးပွုင့်များရှိရာလမ်းဆုံ(၇)နေရာတို့တွင် ထပ်မံတပ်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။

CCTV နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထောက်အပံ့ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တောင်တွင်းလမ်းနှင့်မြင်ကင်းလမ်းဆုံ၊ ပြည်တော်သာလမ်းနှင့် ဆေးရုံလမ်းဆုံ ၊ အောင် မေတ္တာအဝိုင်းလမ်းဆုံ၊ နတ်မောက်လမ်းနှင့် သစ္စာလမ်းဆုံ ၊ အထက(၁) လမ်းနှင့် မြို့ပတ်လမ်းဆုံ ၊ ပြည်တော်သာလမ်းနှင့် မြို့ပတ်လမ်းဆုံ၊ မဲထီးလမ်းနှင့် မြို့ပတ်လမ်းဆုံ နေရာ(၇)ခုတွင်လည်း ဆက်လက်တိုးချဲ့တပ်ဆင်သွားရန် အစီအစဉ်ရှိကြောင်း မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~