ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတားအမွတ္(၁)တြင္ ႏွစ္သစ္ကူးေန႔ ဝင္ထြက္သြားလာသူ တိုးလာေသာ္လည္း နယ္စပ္ျဖတ္သန္းခြင့္ကို လံုၿခံဳေရးျမႇင့္ထားသည့္ စနစ္သစ္ျဖင့္ ေဆာင္ရြက္ေန

ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတားအမွတ္(၁)တြင္ ႏွစ္သစ္ကူးေန႔ ဝင္ထြက္သြားလာသူ တိုးလာေသာ္လည္း နယ္စပ္ျဖတ္သန္းခြင့္ကို လံုၿခံဳေရးျမႇင့္ထားသည့္ စနစ္သစ္ျဖင့္ ေဆာင္ရြက္ေန
ဒီဇင်ဘာ 31, 2018
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ-ထုိင္းခ်စ္ၾကည္ေရးတံတားအမွတ္ (၁)ကို ႏွစ္သစ္ကူးေန႔ ျဖစ္သည့္ ၂၀၁၈ ခုနွစ္၊ ဒီဇင္ဘာလ (၃၁)ရက္ေန႔တြင္ ပံုမွန္ပိတ္ခ်ိန္ထက္ အခ်ိန္(၅)နာရီခြဲပို၍ ဖြင့္လွစ္ေပးထားရာ ႏွစ္ႏုိင္ငံျဖတ္သန္းသြားလာသူ ပံုမွန္ေန႔မ်ားထက္ ပိုမ်ားေနေသာ္လည္း နယ္စပ္ျဖတ္သန္းခြင့္မ်ားကို ေျပာင္းလဲထားသည့္စနစ္သစ္အတုိင္း ဆက္လက္လုပ္ေဆာင္ေပးေနေၾကာင္း သိရသည္။

ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတားအမွတ္(၁)၏ ပံုမွန္ပိတ္ခ်ိန္မွာ ျမန္မာစံေတာ္ခ်ိန္ ည(၈)နာရီခြဲ ျဖစ္ေသာ္လည္း ႏွစ္သစ္ကူးညတြင္ ပံုမွန္ပိတ္ခ်ိန္ထက္ေနာက္က်ၿပီး ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ(၁)ရက္ေန႔ နံနက္ (၂)နာရီအထိ ျဖတ္သန္းခြင့္ျပဳထားျခင္းျဖစ္သည္။

“ဒီေန႔ကေတာ့ အဝင္ေရာ၊ အထြက္ေရာ ခါတိုင္းထက္မ်ားလာတယ္။ နယ္စပ္ျဖတ္သန္းခြင့္ လက္မွတ္ေတြကေတာ့ ကၽြန္ေတာ္တို႔က လံုၿခံဳေရးစနစ္ျမႇင့္ထားတာနဲ႔ ထုတ္ေပးေနတယ္။ တစ္ခ်ိဳ႕ဆို ညသြားဖို႔ကို အခုကတည္းက လာလုပ္ေနၾကတာလည္းရိွတယ္။ လက္ရိွက စက္(၅)လံုးနဲ႔ ေကာင္းေကာင္းလုပ္ေပးေနႏုိင္တယ္။ သိပ္မ်ားလာရင္လည္း ႏိုင္နင္းေအာင္လုပ္ေပးဖို႔ စီစဥ္ထားတဲ့ အစီအမံလည္းရိွပါတယ္။ မနက္ (၂)နာရီအထိ လံုၿခံဳေရးျမႇင့္ထားတဲ့စနစ္အတုိင္းပဲ သြားမွာပါပဲ”ဟု လဝက ဌာနခြဲ (၆)၏ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးဝင္းျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ႏွစ္သစ္ကူးႀကိဳဆိုသည့္ပြဲမ်ားကို တာခ်ီလိတ္ၿမိဳ႕ႏွင့္ မယ္ဆုိင္ၿမိဳ႕မ်ားတြင္ က်င္းပမည္ျဖစ္ရာ ႏွစ္ႏုိင္ငံ ျဖတ္သန္းလည္ပတ္သူမ်ားအဆင္ေျပေစရန္အတြက္ တံတားဖြင့္ခ်ိန္တိုးျမႇင့္ေပးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။
လံုၿခံဳေရးႀကိဳး၊ လိုဂိုေရစာမ်ားအျပင္ QR Code ထည့္သြင္းထားသည့္ ယာယီနယ္စပ္ျဖတ္သန္းခြင့္ လက္မွတ္မ်ားကို ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၁၅)ရက္ေန႔မွ စတင္ေျပာင္းလဲအသံုးျပဳခဲ့ၿပီး နယ္စပ္ျဖတ္သန္းသည့္ အဝင္အထြက္စာရင္းကိုလည္း ကြန္ပ်ဴတာျဖင့္တိုက္ရိုက္ခ်ိတ္ဆက္မွတ္တမ္းတင္သည့္စနစ္ကို ေျပာင္းလဲထားျခင္းျဖစ္သည္။

ယင္းကဲ့သို႔ေျပာင္းလဲလိုက္သည့္စနစ္အရ နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ျပဳလုပ္သူမ်ားအေနျဖင့္ တစ္ႀကိမ္ထြက္ခြာတိုင္း နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္အတြက္ ဓါတ္ပံုျပန္လည္ရိုက္ကူးရၿပီး နယ္စပ္ျဖတ္သန္းမႈအေျခအေနမ်ားကိုလည္း အခ်ိန္ႏွင့္တစ္ေျပးညီ ဗဟိုမွတုိက္ရိုက္ၾကည့္ရႈႏိုင္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု -ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂Unicode Version ~~~~~~~~
မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁)တွင် နှစ်သစ်ကူးနေ့ ဝင်ထွက်သွားလာသူ တိုးလာသော်လည်း နယ်စပ်ဖြတ်သန်းခွင့်ကို လုံခြုံရေးမြှင့်ထားသည့် စနစ်သစ်ဖြင့် ဆောင်ရွက်နေ
**************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၁)ကို နှစ်သစ်ကူးနေ့ ဖြစ်သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် ပုံမှန်ပိတ်ချိန်ထက် အချိန်(၅)နာရီခွဲပို၍ ဖွင့်လှစ်ပေးထားရာ နှစ်နိုင်ငံဖြတ်သန်းသွားလာသူ ပုံမှန်နေ့များထက် ပိုများနေသော်လည်း နယ်စပ်ဖြတ်သန်းခွင့်များကို ပြောင်းလဲထားသည့်စနစ်သစ်အတိုင်း ဆက်လက်လုပ်ဆောင်ပေးနေကြောင်း သိရသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)၏ ပုံမှန်ပိတ်ချိန်မှာ မြန်မာစံတော်ချိန် ည(၈)နာရီခွဲ ဖြစ်သော်လည်း နှစ်သစ်ကူးညတွင် ပုံမှန်ပိတ်ချိန်ထက်နောက်ကျပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့ နံနက် (၂)နာရီအထိ ဖြတ်သန်းခွင့်ပြုထားခြင်းဖြစ်သည်။

“ဒီနေ့ကတော့ အဝင်ရော၊ အထွက်ရော ခါတိုင်းထက်များလာတယ်။ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်တွေကတော့ ကျွန်တော်တို့က လုံခြုံရေးစနစ်မြှင့်ထားတာနဲ့ ထုတ်ပေးနေတယ်။ တစ်ချို့ဆို ညသွားဖို့ကို အခုကတည်းက လာလုပ်နေကြတာလည်းရှိတယ်။ လက်ရှိက စက်(၅)လုံးနဲ့ ကောင်းကောင်းလုပ်ပေးနေနိုင်တယ်။ သိပ်များလာရင်လည်း နိုင်နင်းအောင်လုပ်ပေးဖို့ စီစဉ်ထားတဲ့ အစီအမံလည်းရှိပါတယ်။ မနက် (၂)နာရီအထိ လုံခြုံရေးမြှင့်ထားတဲ့စနစ်အတိုင်းပဲ သွားမှာပါပဲ”ဟု လဝက ဌာနခွဲ (၆)၏ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နှစ်သစ်ကူးကြိုဆိုသည့်ပွဲများကို တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့များတွင် ကျင်းပမည်ဖြစ်ရာ နှစ်နိုင်ငံ ဖြတ်သန်းလည်ပတ်သူများအဆင်ပြေစေရန်အတွက် တံတားဖွင့်ချိန်တိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
လုံခြုံရေးကြိုး၊ လိုဂိုရေစာများအပြင် QR Code ထည့်သွင်းထားသည့် ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့မှ စတင်ပြောင်းလဲအသုံးပြုခဲ့ပြီး နယ်စပ်ဖြတ်သန်းသည့် အဝင်အထွက်စာရင်းကိုလည်း ကွန်ပျူတာဖြင့်တိုက်ရိုက်ချိတ်ဆက်မှတ်တမ်းတင်သည့်စနစ်ကို ပြောင်းလဲထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ပြောင်းလဲလိုက်သည့်စနစ်အရ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ပြုလုပ်သူများအနေဖြင့် တစ်ကြိမ်ထွက်ခွာတိုင်း နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်အတွက် ဓါတ်ပုံပြန်လည်ရိုက်ကူးရပြီး နယ်စပ်ဖြတ်သန်းမှုအခြေအနေများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဗဟိုမှတိုက်ရိုက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~