Bingo ေလာင္းကစားျပဳလုပ္သူ (၁၂)ဦးကို ရဲတပ္ဖြဲ႔မွ ၀င္ေရာက္ဖမ္းဆီးကာ အမႈဖြင့္အေရးယူ

Bingo ေလာင္းကစားျပဳလုပ္သူ (၁၂)ဦးကို ရဲတပ္ဖြဲ႔မွ ၀င္ေရာက္ဖမ္းဆီးကာ အမႈဖြင့္အေရးယူ
ဒီဇင်ဘာ 9, 2018
By Tachileik News Agency

Bingo ေလာင္းကစားျပဳလုပ္ေနသည့္ အသက္ (၁၉)ႏွစ္မွ (၅၄)ႏွစ္ၾကားအရြယ္ရွိ အမ်ိဳးသား၊ အမ်ဳိးသမီး စုစုေပါင္း (၁၂)ဦးအား  စကုနယ္ေျမရဲတပ္ဖြဲ႕က ဖမ္းဆီးအေရးယူလိုက္ေၾကာင္း သိရသည္။

စကုနယ္ေျမရဲစခန္းမွ ဒုရဲအုပ္ ေက်ာ္မ်ိဳးဦး၊ ေရႊစက္ေတာ္ရဲကင္းမွဴး ဒုရဲအုပ္ မ်ိဳးသက္ထြန္းတုိ႔ အဖဲြ႔က မေကြးတုိင္းေဒသႀကီး၊ မင္းဘူးၿမိဳ႕နယ္၊ ဘုရားေက်းရြာတြင္ အသက္ (၅၄)ႏွစ္အရြယ္ ေဒၚသန္းႏြဲ႔၏ ေနအိမ္အား ေလာင္းကစားဖမ္းဝရမ္းျဖင့္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၈) ရက္ေန႔ ညေန (၃) နာရီဝန္းက်င္က ဝင္ေရာက္ရွာေဖြျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေနအိမ္ဧည့္ခန္းတြင္ ေနအိမ္ပိုင္ရွင္ သန္းႏြဲ႕ႏွင့္အတူ လဲ့လဲ့ဝင္း၊ ဇာဇာေအာင္၊ ဆန္းလင္းေထြး၊ မသင္း၊ စန္းစန္း၊ ျမတ္ျမတ္ေမာ္၊ မႏုိင္၊ ခင္မာၾကည္၊ သီတာႏြယ္၊ သန္းသန္းေမာ္ႏွင့္ ကုိသက္တို႔အား Bingo ေလာင္းကစားျပဳလုပ္ေနသည္ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

Bingo ေလာင္းကစား ျပဳလုပ္ရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္ ေငြက်ပ္(၂၅၇,၃၅၀)ကိုလည္း သိမ္းဆည္းရမိထားၿပီး ဖမ္းဆီးရမိသူ (၁၂)ဦးကို စကုနယ္ေျမရဲစခန္းတြင္ (ပ) ၁၅၀/ ၂၀၁၈၊ ေလာင္းကစား ဥပေဒပုဒ္မ ၁၃(က)/၁၄(က) ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Bingo ေလာင္းကစားသည္ နံပါတ္(၁)မွ နံပါတ္(၇၅)အထိ ပါ၀င္သည့္ နံပါတ္မ်ားကို ႏႈိက္၍ ထြက္လာသည့္ နံပါတ္မ်ားသည္ ကတ္ျပားေပၚ ပါရွိပါက မွတ္သားရျခင္းျဖစ္ၿပီး အကြက္(၄)ကြက္ သို႔မဟုတ္ အကြက္(၅)ကြက္ ျပည့္ပါက အႏိုင္ရရွိသည့္ ကစားနည္းတစ္မ်ဳိးျဖစ္သည္။

Bingo ကစားနည္းကို အေမရိကန္ျပည္ေထာင္စုတြင္ ၁၉၂၉ ခုႏွစ္ကတည္းက စတင္ ကစားလာၾကျခင္းျဖစ္ၿပီး ေနာက္ပိုင္းတြင္ ကစားနည္းဆန္းသစ္တီထြင္မႈမ်ား ျပဳလုပ္လာၾကျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - မေကြးရဲတပ္ဖြဲ႔



~~~~~~~~⊰❂ unicode ~~~~~~~~

Bingo လောင်းကစားပြုလုပ်နေသည့် အသက် (၁၉)နှစ်မှ (၅၄)နှစ်ကြားအရွယ်ရှိ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၁၂)ဦးအား စကုနယ်မြေရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူလိုက်ကြောင်း သိရသည်။

စကုနယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်မျိုးဦး၊ ရွှေစက်တော်ရဲကင်းမှူး ဒုရဲအုပ် မျိုးသက်ထွန်းတို့ အဖွဲ့က မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ဘုရားကျေးရွာတွင် အသက် (၅၄)နှစ်အရွယ် ဒေါ်သန်းနွဲ့၏ နေအိမ်အား လောင်းကစားဖမ်းဝရမ်းဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့ ညနေ (၃) နာရီဝန်းကျင်က ဝင်ရောက်ရှာဖွခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နေအိမ်ဧည့်ခန်းတွင် နေအိမ်ပိုင်ရှင် သန်းနွဲ့နှင့်အတူ လဲ့လဲ့ဝင်း၊ ဇာဇာအောင်၊ ဆန်းလင်းထွေး၊ မသင်း၊ စန်းစန်း၊ မြတ်မြတ်မော်၊ မနိုင်၊ ခင်မာကြည်၊ သီတာနွယ်၊ သန်းသန်းမော်နှင့် ကိုသက်တို့အား Bingo လောင်းကစားပြုလုပ်နေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

Bingo လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် ငွေကျပ်(၂၅၇,၃၅၀)ကိုလည်း သိမ်းဆည်းရမိထားပြီး ဖမ်းဆီးရမိသူ (၁၂)ဦးကို စကုနယ်မြေရဲစခန်းတွင် (ပ) ၁၅၀/ ၂၀၁၈၊ လောင်းကစား ဥပဒေပုဒ်မ ၁၃(က)/၁၄(က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Bingo လောင်းကစားသည် နံပါတ်(၁)မှ နံပါတ်(၇၅)အထိ ပါဝင်သည့် နံပါတ်များကို နှိုက်၍ ထွက်လာသည့် နံပါတ်များသည် ကတ်ပြားပေါ် ပါရှိပါက မှတ်သားရခြင်းဖြစ်ပြီး အကွက်(၄)ကွက် သို့မဟုတ် အကွက်(၅)ကွက် ပြည့်ပါက အနိုင်ရရှိသည့် ကစားနည်းတစ်မျိုးဖြစ်သည်။

Bingo ကစားနည်းကို အမေရိကန်ပြည်ထောင်စုတွင် ၁၉၂၉ ခုနှစ်ကတည်းက စတင် ကစားလာကြခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ကစားနည်းဆန်းသစ်တီထွင်မှုများ ပြုလုပ်လာကြခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - မကွေးရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~