ေလာင္းကစားမႈမ်ား ေလ်ာ့နည္းက်ဆင္းေရးအျဖစ္ ေဘာလံုးေလာင္းကစားသူအား ဖမ္းဆီးအေရးယူ

ေလာင္းကစားမႈမ်ား ေလ်ာ့နည္းက်ဆင္းေရးအျဖစ္ ေဘာလံုးေလာင္းကစားသူအား ဖမ္းဆီးအေရးယူ
ဒီဇင်ဘာ 20, 2018
By Tachileik News Agency

ေလာင္းကစားမႈမ်ားေလ်ာ့နည္းက်ဆင္းေရး အရွိန္ျမႇင့္ေဆာင္ရြက္သြားရန္ ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး၏ ညႊန္ၾကားမႈအရ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴးရုံး၊ မႈခင္းအကူဌာနစုမွ တပ္ဖြဲ႕၀င္မ်ားက ရန္ကုန္တုိင္းေဒသႀကီး၊ ကြမ္းၿခံကုန္းၿမိဳ႕နယ္ရိွ လက္ဖက္ရည္ဆုိင္ရွင္ အမ်ိဳးသမီးတစ္ဦးအား ႏိုင္ငံျခားေဘာလံုးပြဲ ေလာင္းကစားမႈျဖင့္ ဖမ္းဆီးလိုက္ေၾကာင္း သိရသည္။

ကြမ္းၿခံကုန္းၿမိဳ႕နယ္၊ ကံႀကီး/မက်ီးရပ္ကြက္ရွိ လက္ဖက္ရည္ဆုိုင္သို႔ ေလာင္းကစားဖမ္းဆီးမိန္႔၀ရမ္းႏွင့္အတူ ရဲတပ္ဖြဲ႕က ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၈)ရက္ေန႔တြင္ ၀င္ေရာက္ရွာေဖြရာ အသက္(၄၈)ႏွစ္အရြယ္ ဆုိင္ရွင္အမ်ိဳးသမီး လ့ဲလ့ဲေအးအား ေဘာလုံးပြဲေလာင္းကစားရာတြင္ အသုံးျပဳသည့္ စာရြတ္စာတမ္းမ်ား၊ ဆက္စပ္ ပစၥည္းမ်ား၊ ေလာင္းေၾကးေငြ(၂၉၀,၄၀၀)က်ပ္ႏွင့္အတူ ေတြ႕ရွိရျခင္းျဖစ္ေၾကာင္း သိရသည္။

စစ္ေဆးေပၚေပါက္ခ်က္ အရ သက္ေသခံပစၥည္းမ်ားအား သိမ္းဆည္းခ့ဲၿပီး ႏိုင္ငံျခားေဘာလုံးပြဲ ေလာင္းကစားသူ လ့ဲလ့ဲေအးအား ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

လောင်းကစားမှုများလျော့နည်းကျဆင်းရေး အရှိန်မြှင့်ဆောင်ရွက်သွားရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားမှုအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များက ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်ရှင် အမျိုးသမီးတစ်ဦးအား နိုင်ငံခြားဘောလုံးပွဲ လောင်းကစားမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်၊ ကံကြီး/မကျီးရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်သို့ လောင်းကစားဖမ်းဆီးမိန့်ဝရမ်းနှင့်အတူ ရဲတပ်ဖွဲ့က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် ဝင်ရောက်ရှာဖွေရာ အသက်(၄၈)နှစ်အရွယ် ဆိုင်ရှင်အမျိုးသမီး လဲ့လဲ့အေးအား ဘောလုံးပွဲလောင်းကစားရာတွင် အသုံးပြုသည့် စာရွတ်စာတမ်းများ၊ ဆက်စပ် ပစ္စည်းများ၊ လောင်းကြေးငွေ(၂၉၀,၄၀၀)ကျပ်နှင့်အတူ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးပေါ်ပေါက်ချက် အရ သက်သေခံပစ္စည်းများအား သိမ်းဆည်းခဲ့ပြီး နိုင်ငံခြားဘောလုံးပွဲ လောင်းကစားသူ လဲ့လဲ့အေးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~