Air KBZ ၏ ရန်ကုန် - နေပြည်တော်ခရီးစဉ်တွင် ငှက်များနှင့်ထိခိုက်မိ၍ ခရီးစဉ်အချို့ကို အချိန်ပြောင်းလဲ

Air KBZ ၏ ရန်ကုန် - နေပြည်တော်ခရီးစဉ်တွင် ငှက်များနှင့်ထိခိုက်မိ၍ ခရီးစဉ်အချို့ကို အချိန်ပြောင်းလဲ
ဒီဇငျဘာ 26, 2018
By Tachileik News Agency

KBZ လေကြောင်းလိုင်း၏ လေယာဉ်ခရီးယာဉ်အမှတ် K7 234 ရန်ကုန် - နေပြည်တော် ခရီးစဉ်ပျံသန်းစဉ် ငှက်များနှင့် ထိခိုက်မှုဖြစ်ခဲ့သဖြင့် လေယာဉ်အား စစ်ဆေးမှုများပြုလုပ်မည်ဖြစ်သဖြင့် လေယာဉ်ခရီးစဉ် အချို့ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် အချိန်ပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် အချိန်ပြောင်းလဲပြေးဆွဲမည့်ခရီးစဉ် (၃)ခုဖြစ်သည့် K 7 622   ရန်ကုန် - မန္တလေး- မြစ်ကြီးနား - မန္တလေး -ရန်ကုန်ခရီးစဉ်ကို ရန်ကုန်လေဆိပ်မှ ထွက်ခွာချိန်ကို မူလထွက်ခွာချိန် နေ့လယ် (၁)နာရီ (၄၅)မိနစ်မှ ညနေ (၄)နာရီသို့လည်းကောင်း၊  K7 202 ရန်ကုန် - ညောင်ဦး - ဟဲဟိုး - ရန်ကုန်ခရီးစဉ်၏ ရန်ကုန်လေဆိပ်မှ ထွက်ခွာချိန်ကို မူလ ညနေ (၄)နာရီမှ ညနေ (၅)နာရီသို့ လည်းကောင်း၊ K 7 264 ရန်ကုန် - ဟဲဟိုး - ညောင်ဦး - ရန်ကုန်ခရီးစဉ်ကို မူလထွက်ခွာချိန် ညနေ(၄)နာရီမှ ညနေ (၅)နာရီသို့လည်းကောင်း ပြောင်းလဲလိုက်ပြီး ကျန်ခရီးစဉ်များမှာ မူလထွက်ခွာချိန်အတိုင်း ပြောင်းလဲမှု မရှိကြောင်း Air KBZ ၏ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


Tachileik News Agency


~~~~~~~~⊰❂Unicode Version ~~~~~~~~

KBZ လေကြောင်းလိုင်း၏ လေယာဉ်ခရီးယာဉ်အမှတ် K7 234 ရန်ကုန် - နပြေည်တော် ခရီးစဉ်ပျံသန်းစဉ် ငှက်များနှင့် ထိခိုက်မှုဖြစ်ခဲ့သဖြင့် လေယာဉ်အား စစ်ဆေးမှုများပြုလုပ်မည်ဖြစ်သဖြင့် လေယာဉ်ခရီးစဉ် အချို့ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် အချိန်ပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် အချိန်ပြောင်းလဲပြေးဆွဲမည့်ခရီးစဉ် (၃)ခုဖြစ်သည့် K 7 622 ရန်ကုန် - မန္တလေး- မြစ်ကြီးနား - မန္တလေး -ရန်ကုန်ခရီးစဉ်ကို ရန်ကုန်လေဆိပ်မှ ထွက်ခွာချိန်ကို မူလထွက်ခွာချိန် နေ့လယ် (၁)နာရီ (၄၅)မိနစ်မှ ညနေ (၄)နာရီသို့လည်းကောင်း၊ K7 202 ရန်ကုန် - ညောင်ဦး - ဟဲဟိုး - ရန်ကုန်ခရီးစဉ်၏ ရန်ကုန်လေဆိပ်မှ ထွက်ခွာချိန်ကို မူလ ညနေ (၄)နာရီမှ ညနေ (၅)နာရီသို့ လည်းကောင်း၊ K 7 264 ရန်ကုန် - ဟဲဟိုး - ညောင်ဦး - ရန်ကုန်ခရီးစဉ်ကို မူလထွက်ခွာချိန် ညနေ(၄)နာရီမှ ညနေ (၅)နာရီသို့လည်းကောင်း ပြောင်းလဲလိုက်ပြီး ကျန်ခရီးစဉ်များမှာ မူလထွက်ခွာချိန်အတို်င်း ပြောင်းလဲမှု မရှိကြောင်း Air KBZ၏ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခရီးသည်များ ဘေးကင်းလုံခြုံရေးအတွက် လေယာဉ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ရသဖြင့် ခရီးစဉ် နှောင့်နှေးကြန့်ကြာခြင်းနှင့် လေယာဉ်ချိန်ပြောင်းလဲရခြင်းများအား မဖြစ်မနေလုပ်ဆောင်ခဲ့ရသဖြင့် ခရီးသည်များအဆင်မပြေမှုများအတွက် လေကြောင်းလိုင်းမှ တောင်းပန်ကြောင်း ပန်ကြားလွှာကို လေကြောင်းလိုင်းက ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~