ရွမ္းျပည္နယ္အေရွ႕ပိုင္း၏ ပထမဆံုး စိုက္ပ်ိဳးေရးဓါတ္ခြဲခန္းကို တာခ်ီလိတ္တြင္ တည္ေဆာက္မည္

ရွမ္းျပည္နယ္အေရွ႕ပိုင္း၏ ပထမဆံုး စိုက္ပ်ိဳးေရးဓါတ္ခြဲခန္းကို တာခ်ီလိတ္တြင္ တည္ေဆာက္မည္
ဒီဇင်ဘာ 16, 2018
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ ပထမဆံုးျဖစ္လာမည့္ စိုက္ပ်ိဳးေရးသြင္းအားစုပစၥည္းမ်ားစစ္ေဆးသည့္ ဓါတ္ခြဲခန္းကို တာခ်ီလိတ္ၿမိဳ႕ရိွ ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာနတြင္ တည္ေဆာက္သြားေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

 “ကၽြန္ေတာ္တို႔ ဓါတ္ခြဲခန္းတစ္ခုတည္ေဆာက္ဖို႔ ဘတ္ဂ်က္ထဲမွာ ပါလာပါၿပီ။ ဓါတ္ခြဲခန္းရိွလာၿပီဆိုေတာ့ စိုက္ပ်ိဳးေရးသြင္းအားစုေတြနဲ႔ပတ္သက္တဲ့ စစ္ေဆးတာေတြကို ဒီမွာ ျမန္ျမန္ဆန္ဆန္လုပ္ေပးနုိင္ေတာ့မွာပါ။ အခုလည္း စိုက္ပ်ိဳးေရးသြင္းအားစုပစၥည္းေတြ၊ ေျမအရည္အေသြးစစ္ေဆးတာေတြကို ဓါတ္ခြဲခန္းရိွတဲ့ဆီကိုပို႔ၿပီး စစ္ေဆးေပးေနပါတယ္”ဟု တာခ်ီလိတ္ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာန ခရိုင္ဦးစီးမွဴး ဦးလွဝင္းက ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ(၁၆)ရက္ေန႔တြင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယင္းအျပင္ တာခ်ီလိတ္ခရိုင္အတြင္းရွိ စိုက္ပ်ဳိးေရးေတာင္သူမ်ား စိုက္ပ်ဳိးေရးႏွင့္ပတ္သက္၍ အခက္အခဲမ်ားရိွပါက အခ်ိန္မေရြးဆက္သြယ္ႏုိင္ရန္ တာခ်ီလိတ္ခရိုင္စိုက္ပ်ဳိးေရးဦးစီးဌာနရံုးတြင္ Call Center ကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ(၁၂)ရက္ေန႔မွစ၍ ဖြင့္လွစ္ထားၿပီး ခရိုင္အတြင္းရွိ စိုက္ပ်ဳိးေရးဦးစီးဌာနရံုးမ်ားတြင္ Call Centerမ်ား ဖြင့္လွစ္ရန္အတြက္ ညႊန္ၾကားထားၿပီျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္အတြင္း စိုက္ပ်ိဳးေရးသြင္းအားစုမ်ားႏွင့္ပတ္သက္၍ အရည္အေသြးစစ္ေဆးလိုျခင္း၊ ေျမအရည္အေသြးစစ္ေဆးလိုျခင္းႏွင့္ စိုက္ပ်ိဳးေရးလုပ္ငန္းဆိုင္ရာ အခက္အခဲမ်ားေျဖရွင္းရန္ အကူအညီလိုအပ္ျခင္းမ်ားအတြက္ ဖုန္း ၀၈၄-၅၁၄၈၈ ႏွင့္ ၀၉ ၅၂၅၃၁၀၅ အျပင္ တာခ်ီလိတ္ခရိုင္အတြင္းရွိ စိုက္ပ်ဳိးေရးဦးစီးဌာနရံုးမ်ားသို႔ ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။

ေစ်းကြက္အတြင္းရိွ စိုက္ပ်ိဳးေရးလုပ္ငန္းသံုး ပိုးသတ္ေဆး၊ေပါင္းသတ္ေဆး၊အားေဆးစသည့္ ေဆးမ်ိဳးစံု၊ ေျမၾသဇာႏွင့္ မ်ိဳးေစ့စသည့္ စိုက္ပ်ိဳးေရးသြင္းအားစုမ်ား၏ အရည္အေသြးျပည့္မီမႈကို ပတ္သက္၍ စစ္ေဆးရန္ စိုက္ပ်ိဳးေရးဦးစီးဌာနက တစ္ႏုိင္ငံလံုးတြင္ စစ္ေဆးေရးအဖြဲ႕ေပါင္း (၃၇၅)ဖြဲ႕ ဖြဲ႕စည္းေဆာင္ရြက္ေနျခင္း ျဖစ္ေၾကာင္းသိရသည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၏ ပထမဆုံး စိုက်ပျိုးရေးဓါတ်ခွဲခန်းကို တာချီလိတ်တွင် တည်ဆောက်မည်
***************
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ပထမဆုံးဖြစ်လာမည့် စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများစစ်ဆေးသည့် ဓါတ်ခွဲခန်းကို တာချီလိတ်မြို့ရှိ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတွင် တည်ဆောက်သွားတော့မည်ဖြစ်ကြောင်း သိရသည်။

 “ကျွန်တော်တို့ ဓါတ်ခွဲခန်းတစ်ခုတည်ဆောက်ဖို့ ဘတ်ဂျက်ထဲမှာ ပါလာပါပြီ။ ဓါတ်ခွဲခန်းရှိလာပြီဆိုတော့ စိုက်ပျိုးရေးသွင်းအားစုတွေနဲ့ပတ်သက်တဲ့ စစ်ဆေးတာတွေကို ဒီမှာ မြန်မြန်ဆန်ဆန်လုပ်ပေးနိုင်တော့မှာပါ။ အခုလည်း စိုက်ပျိုးရေးသွင်းအားစုပစ္စည်းတွေ၊ မြေအရည်အသွေးစစ်ဆေးတာတွေကို ဓါတ်ခွဲခန်းရှိတဲ့ဆီကိုပို့ပြီး စစ်ဆေးပေးနေပါတယ်”ဟု တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှဝင်းက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းအပြင် တာချီလိတ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများ စိုက်ပျိုးရေးနှင့်ပတ်သက်၍ အခက်အခဲများရှိပါက အချိန်မရွေးဆက်သွယ်နိုင်ရန် တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် Call Center ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့မှစ၍ ဖွင့်လှစ်ထားပြီး ခရိုင်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနရုံးများတွင် Call Centerများ ဖွင့်လှစ်ရန်အတွက် ညွှန်ကြားထားပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း စိုက်ပျိုးရေးသွင်းအားစုများနှင့်ပတ်သက်၍ အရည်အသွေးစစ်ဆေးလိုခြင်း၊ မြေအရည်အသွေးစစ်ဆေးလိုခြင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ အခက်အခဲများဖြေရှင်းရန် အကူအညီလိုအပ်ခြင်းများအတွက် ဖုန်း ၀၈၄-၅၁၄၈၈ နှင့် ၀၉ ၅၂၅၃၁၀၅ အပြင် တာချီလိတ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနရုံးများသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ဈေးကွက်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေး၊ပေါင်းသတ်ဆေး၊အားဆေးစသည့် ဆေးမျိုးစုံ၊ မြေသြဇာနှင့် မျိုးစေ့စသည့် စိုက်ပျိုးရေးသွင်းအားစုများ၏ အရည်အသွေးပြည့်မီမှုကို ပတ်သက်၍ စစ်ဆေးရန် စိုက်ပျိုးရေးဦးစီးဌာနက တစ်နိုင်ငံလုံးတွင် စစ်ဆေးရေးအဖွဲ့ပေါင်း (၃၇၅)ဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~