တာခ်ီလိတ္တြင္ (၁၀)ရက္အၾကာ ခိုးခံလိုက္ရသည့္ ဆိုင္ကယ္အား ခိုးသြားသူႏွင့္အတူ ျပန္လည္ေတြ႔ရွိ

တာခ်ီလိတ္တြင္ (၁၀)ရက္အၾကာ ခိုးခံလိုက္ရသည့္ ဆိုင္ကယ္အား ခိုးသြားသူႏွင့္အတူ ျပန္လည္ေတြ႔ရွိ
ဒီဇင်ဘာ 20, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ေနအိမ္ခန္းအနီး ရပ္ထားသည့္ ဆိုင္ကယ္အား ခိုးယူ ခံရၿပီးေနာက္ (၁၀)ရက္ေျမာက္ေန႔ ျဖစ္သည့္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၀)ရက္ေန႔ ညေန (၆)နာရီ (၄၅)မိနစ္၌ ခိုးယူသြားသူမ်ားကို ဆိုင္ကယ္ႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

ရန္ေအာင္ေျမရပ္ကြက္အတြင္းရိွ ေနအိမ္လိုင္းခန္းတစ္ခု၏ ေလွကားအနီးတြင္ ဇက္ေသာ့ခတ္ထားသည့္ ဆုိင္ကယ္တစ္စီး ေပ်ာက္ဆံုးေနသည္ကို ဆုိင္ကယ္ပိုင္ရွင္က ဒီဇင္ဘာလ (၁၁)ရက္ေန႔ နံနက္ (၁၀)နာရီ၌ သိရိွခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဆုိင္ကယ္ေပ်ာက္ဆံုးမႈအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၄၄၈/ ၂၀၁၈၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၈၀ ျဖင့္ အမႈဖြင့္ထားျခင္းျဖစ္ၿပီး ခိုးယူသြားသည့္ ဆိုင္ကယ္ႏွင့္အတူ ဖမ္းဆီးရမိသည့္ အမ်ိဳးသား(၂)ဦးအား အေရးယူႏုိင္ရန္ စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် နေအိမ်ခန်းအနီး ရပ်ထားသည့် ဆိုင်ကယ်အား ခိုးယူ ခံရပြီးနောက် (၁၀)ရက်မြောက်နေ့ ဖြစ်သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နေ့ ညနေ (၆)နာရီ (၄၅)မိနစ်၌ ခိုးယူသွားသူများကို ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ရန်အောင်မြေရပ်ကွက်အတွင်းရှိ နေအိမ်လိုင်းခန်းတစ်ခု၏ လှေကားအနီးတွင် ဇက်သော့ခတ်ထားသည့် ဆိုင်ကယ်တစ်စီး ပျောက်ဆုံးနေသည်ကို ဆိုင်ကယ်ပိုင်ရှင်က ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက် (၁၀)နာရီ၌ သိရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုင်ကယ်ပျောက်ဆုံးမှုအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၄၄၈/ ၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး ခိုးယူသွားသည့် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိသည့် အမျိုးသား(၂)ဦးအား အရေးယူနိုင်ရန် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~