ရွမ္းျပည္နယ္အေရွ႕ပိုင္းရိွ ခရိုင္(၃)ခုတြင္ ၿမိဳ႕နယ္အဆင့္ သန္းေခါင္စာရင္းဆုိင္ရာအခ်က္အလက္မ်ား အသိပညာေပးေဆြးေႏြး

ရွမ္းျပည္နယ္အေရွ႕ပိုင္းရိွ ခရိုင္(၃)ခုတြင္ ၿမိဳ႕နယ္အဆင့္ သန္းေခါင္စာရင္းဆုိင္ရာအခ်က္အလက္မ်ား အသိပညာေပးေဆြးေႏြး
နိုဝင်ဘာ 15, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံခရုိင္၊ တာခ်ီလိတ္ခရိုင္ႏွင့္ မုိင္းဆတ္ခရိုင္တို႔တြင္  အလုပ္သမား လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ ကမာၻ႕လူဦးေရရန္ပုံေငြအဖြဲ႕ (UNFPA)တို႔ပူးေပါင္း၍ ၿမိဳ႕နယ္ အဆင့္ သန္းေခါင္စာရင္းဆိုင္ရာအခ်က္အလက္မ်ား အသိပညာေပးေဆြးေႏြးျခင္းမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

“လူဦးေရနဲ႔ သန္းေခါင္စာရင္းဆိုင္ရာအခ်က္အလက္ေတြကို ၿပီးခဲ့တဲ့တစ္ေခါက္ကေတာ့ တစ္ႏုိင္ငံလုံုး အတုိင္းအတာနဲ႔ လုပ္တယ္။ အခုတစ္ေခါက္ကေတာ့ ကခ်င္၊ ခ်င္းနဲ႔ ရွမ္းျပည္နယ္မွာ လုပ္ေနတာ။ အခု ရွမ္းေရွ႕မွာေတာ့ က်ိဳင္းတံုခရိုင္မွာ(၃)ၿမိဳ႕နယ္၊ တာခ်ီလိတ္ခရိုင္က မုိင္းေယာင္း (၁)ၿမိဳ႕နယ္ရယ္ ေနာက္ မုိင္းဆတ္ခရိုင္မွာရယ္ လုပ္မယ္။ အခုတစ္ေခါက္က အရင္ ရွင္းလင္းတုန္းက မပါတဲ့ၿမိဳ႕နယ္ေတြမွာ လုပ္တာ”ဟု မုိင္းေယာင္းၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန ဦးစီးအရာရိွ ဦးနယ္လ္ဆင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿမိဳ႕နယ္အဆင့္ သန္းေခါင္စာရင္းဆုိင္ရာအခ်က္အလက္မ်ား အသိပညာေပးျခင္းလုပ္ငန္းေဆြးေႏြးပြဲမ်ားကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရိွ က်ိဳင္းတံုခရိုင္ မိုင္းယန္းၿမိဳ႕နယ္ႏွင့္ မုိင္းဆတ္ခရိုင္ မုိင္းဆတ္ၿမိဳ႕တို႔တြင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၅)ရက္ေန႔က လည္းေကာင္း၊ တာခ်ီလိတ္ခရုိင္ မိုင္းေယာင္းၿမိဳ႕ နယ္တြင္ ႏိုဝင္ဘာလ (၁၂) ရက္ႏွင့္ (၁၃)ရက္ေန႔မ်ားတြင္လည္းေကာင္း က်င္းပေၾကာင္း သိရသည္။

" သန္းေခါင္စာရင္းဆိုတာ လူဦးေရအခ်က္အလက္မ်ားသာမက ႏိုင္ငံရဲ႕လက္ရိွနဲ႔ အနာဂတ္ဖြံ႔ၿဖိဳးေရး စီမံကိန္းမ်ား ေရးဆဲြရာမွာ အေရးပါတဲ့ အခ်က္လက္မ်ား ပါ၀င္တယ္။ အစိုးရအေနနဲ႔ အခ်ိန္နဲ႔တစ္ေျပးညီ မွန္ကန္တဲ့အခ်က္အလက္ေတြကိုအသုံးျပဳၿပီး ဦးစားေပးေဆာင္ရြက္ရမယ့္ စီမံကိန္းေတြကို ခ်မွတ္ႏိုင္ဖို႔ ဒီၿမိဳ႕နယ္အဆင့္ အစီရင္ခံစာမ်ားကိုအသုံးျပဳၿပီး ေဆာင္ရြက္သြားႏိုင္မွာျဖစ္တယ္။ ပုဂၢလိကက႑မွာ ရင္းႏွီးျမဳပ္ႏွံမယ့္သူေတြအေနနဲ႔ သူတို႔ရင္းႏွီးျမဳပ္ႏွံမႈေတြ အက်ဳိးရွိေစဖို႔ နယ္ေျမအလိုက္ လူဦးေရ၊ အသက္၊ က်ား/မ ပါ၀င္ဖဲြ႔စည္းပုံနဲ႔ ေရႊ႕ေျပာင္းသြားလာမႈပုံစံ၊ ပညာေရးအဆင့္အတန္းနဲ႔ အလုပ္ အကိုင္ဆိုင္ရာ စတဲ့အခ်က္အလက္ေတြကို အသုံးျပဳႏိုင္မွာ ျဖစ္တယ္"ဟု မိုင္းဆတ္ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ဳိးေအာင္က မုိင္းဆတ္တြင္က်င္းပသည့္ သန္းေခါင္စာရင္းဆုိင္ရာအခ်က္အလက္မ်ား ရွင္းလင္းေဆြးေႏြးပြဲတြင္ ေျပာၾကားသည္။

တစ္ႏုိင္ငံလံုးအတုိင္းအတာျဖင့္ ေကာက္ယူရရိွထားသည့္ ၂၀၁၄ ခုႏွစ္ လူဦးေရဆိုင္ႏွင့္သန္းေခါင္စာရင္းဆုိင္ရာ အခ်က္အလက္မ်ားကို ၿမိဳ႕နယ္အတြင္းရိွ ဌာနဆိုင္ရာမ်ား၊ NGO၊ INGO၊ လူမႈေရးအသင္းအဖြဲ႕မ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားကို ရွင္းလင္းျခင္းျဖစ္ေၾကာင္း သိရသည္။

“ၿမိဳ႕နယ္အလုိက္ရရိွထားတဲ့ သန္းေခါင္စာရင္းဆုိင္ရာအခ်က္အလက္ေတြကို ျပန္ရွင္းျပတာပါ။ ဒီမွာက အားလံုးပါတယ္။ ၿမိဳ႕နယ္တြင္း ေဆးရံုေဆးခန္းရိွတဲ့အေျခအေန၊ လူေတြရဲ႕ ပညာေရး၊ အိမ္နဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြ စတဲ့ ၿမိဳ႕နယ္နဲ႔သက္ဆုိင္တဲ့အခ်က္အလက္ေတြကို ျပန္ရွင္းျပတာပါ”ဟု မုိင္းေယာင္းၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန ဦးစီးအရာရိွ ဦးနယ္လ္ဆင္က ေျပာသည္။

ၿမဳိ႕နယ္အဆင့္ လူဦးေရ၊ ပညာေရးႏွင့္ စီးပြားေရးဆိုင္ရာအခ်က္အလက္မ်ား၊ မသန္စြမ္းမႈ၊ ေမြးဖြားျခင္းႏွင့္ ေသဆုံးျခင္းဆိုင္ရာမ်ား၊ အိမ္အေၾကာင္းအရာႏွင့္အိမ္အသုံးအေဆာင္ပစၥည္းမ်ား၊ ကိုင္ေဆာင္သည့္လက္မွတ္ အမ်ဳိးအစားမ်ားစသျဖင့္ ၿမိဳ႕နယ္အဆင့္သက္ဆုိင္ရာအခ်က္အလက္မ်ား ရွင္းလင္းေဆြးေႏြးျခင္းအား တာခ်ီလိတ္ခရိုင္တြင္ ခရိုင္အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ခ႐ိုင္ဦးစီးမွဴး ဦးထြန္းထြန္းႏိုင္ကလည္းေကာင္း၊ မုိင္းဆတ္ခ႐ိုင္တြင္ ခရိုင္အလုပ္သမား လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန၊ ခ႐ိုင္ဦးစီးမွဴး ဦးမာကုကလည္းေကာင္း အသီးသီးတက္ေရာက္ ေဆြးေႏြးေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ခရိုင်(၃)ခုတွင် မြို့နယ်အဆင့် သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များ အသိပညာပေးဆွေးနွေး
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်တို့တွင်  အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကမ္ဘာ့လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)တို့ပူးပေါင်း၍ မြို့နယ် အဆင့် သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များ အသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

“လူဦးရေနဲ့ သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်တွေကို ပြီးခဲ့တဲ့တစ်ခေါက်ကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်တယ်။ အခုတစ်ခေါက်ကတော့ ကချင်၊ ချင်းနဲ့ ရှမ်းပြည်နယ်မှာ လုပ်နေတာ။ အခု ရှမ်းရှေ့မှာတော့ ကျိုင်းတုံခရိုင်မှာ(၃)မြို့နယ်၊ တာချီလိတ်ခရိုင်က မိုင်းယောင်း (၁)မြို့နယ်ရယ် နောက် မိုင်းဆတ်ခရိုင်မှာရယ် လုပ်မယ်။ အခုတစ်ခေါက်က အရင် ရှင်းလင်းတုန်းက မပါတဲ့မြို့နယ်တွေမှာ လုပ်တာ”ဟု မိုင်းယောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးနယ်လ်ဆင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြို့နယ်အဆင့် သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များ အသိပညာပေးခြင်းလုပ်ငန်းဆွေးနွေးပွဲများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ်နှင့် မိုင်းဆတ်ခရိုင် မိုင်းဆတ်မြို့တို့တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့က လည်းကောင်း၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့ နယ်တွင် နိုဝင်ဘာလ (၁၂) ရက်နှင့် (၁၃)ရက်နေ့များတွင်လည်းကောင်း ကျင်းပကြောင်း သိရသည်။

" သန်းခေါင်စာရင်းဆိုတာ လူဦးရေအချက်အလက်များသာမက နိုင်ငံရဲ့လက်ရှိနဲ့ အနာဂတ်ဖွံ့ဖြိုးရေး စီမံကိန်းများ ရေးဆွဲရာမှာ အရေးပါတဲ့ အချက်လက်များ ပါဝင်တယ်။ အစိုးရအနေနဲ့ အချိန်နဲ့တစ်ပြေးညီ မှန်ကန်တဲ့အချက်အလက်တွေကိုအသုံးပြုပြီး ဦးစားပေးဆောင်ရွက်ရမယ့် စီမံကိန်းတွေကို ချမှတ်နိုင်ဖို့ ဒီမြို့နယ်အဆင့် အစီရင်ခံစာများကိုအသုံးပြုပြီး ဆောင်ရွက်သွားနိုင်မှာဖြစ်တယ်။ ပုဂ္ဂလိကကဏ္ဍမှာ ရင်းနှီးမြုပ်နှံမယ့်သူတွေအနေနဲ့ သူတို့ရင်းနှီးမြုပ်နှံမှုတွေ အကျိုးရှိစေဖို့ နယ်မြေအလိုက် လူဦးရေ၊ အသက်၊ ကျား/မ ပါဝင်ဖွဲ့စည်းပုံနဲ့ ရွှေ့ပြောင်းသွားလာမှုပုံစံ၊ ပညာရေးအဆင့်အတန်းနဲ့ အလုပ် အကိုင်ဆိုင်ရာ စတဲ့အချက်အလက်တွေကို အသုံးပြုနိုင်မှာ ဖြစ်တယ်"ဟု မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က မိုင်းဆတ်တွင်ကျင်းပသည့် သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များ ရှင်းလင်းဆွေးနွေးပွဲတွင် ပြောကြားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူရရှိထားသည့် ၂၀၁၄ ခုနှစ် လူဦးရေဆိုင်နှင့်သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ NGO၊ INGO၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများကို ရှင်းလင်းခြင်းဖြစ်ကြောင်း သိရသည်။

“မြို့နယ်အလိုက်ရရှိထားတဲ့ သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်တွေကို ပြန်ရှင်းပြတာပါ။ ဒီမှာက အားလုံးပါတယ်။ မြို့နယ်တွင်း ဆေးရုံဆေးခန်းရှိတဲ့အခြေအနေ၊ လူတွေရဲ့ ပညာရေး၊ အိမ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ စတဲ့ မြို့နယ်နဲ့သက်ဆိုင်တဲ့အချက်အလက်တွေကို ပြန်ရှင်းပြတာပါ”ဟု မိုင်းယောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးနယ်လ်ဆင်က ပြောသည်။

မြို့နယ်အဆင့် လူဦးရေ၊ ပညာရေးနှင့် စီးပွားရေးဆိုင်ရာအချက်အလက်များ၊ မသန်စွမ်းမှု၊ မွေးဖွားခြင်းနှင့် သေဆုံးခြင်းဆိုင်ရာများ၊ အိမ်အကြောင်းအရာနှင့်အိမ်အသုံးအဆောင်ပစ္စည်းများ၊ ကိုင်ဆောင်သည့်လက်မှတ် အမျိုးအစားများစသဖြင့် မြို့နယ်အဆင့်သက်ဆိုင်ရာအချက်အလက်များ ရှင်းလင်းဆွေးနွေးခြင်းအား တာချီလိတ်ခရိုင်တွင် ခရိုင်အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းနိုင်ကလည်းကောင်း၊ မိုင်းဆတ်ခရိုင်တွင် ခရိုင်အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမာကုကလည်းကောင်း အသီးသီးတက်ရောက် ဆွေးနွေးကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~