ေတာင္တြင္းႀကီးၿမိဳ႕တြင္ ေယာကၡမျဖစ္သူ၏ေနအိမ္တြင္ အသတ္ခံရသည့္အမ်ိဳးသမီး၏ ခင္ပြန္းျဖစ္သူကို လူသတ္မႈျဖင့္ တရားစြဲဆိုထား

ေတာင္တြင္းႀကီးၿမိဳ႕တြင္ ေယာကၡမျဖစ္သူ၏ေနအိမ္တြင္ အသတ္ခံရသည့္အမ်ိဳးသမီး၏ ခင္ပြန္းျဖစ္သူကို လူသတ္မႈျဖင့္ တရားစြဲဆိုထား
နိုဝင်ဘာ 27, 2018
By 🌸
မေကြးတိုင္းေဒသႀကီး၊ ေတာင္တြင္းႀကီးၿမိဳ႕တြင္ ေယာကၡမျဖစ္သူ၏ေနအိမ္အတြင္း ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာ (၁၀)ရက္ေန႔က အသတ္ခံရသည့္အမ်ိဳးသမီး၏အမႈႏွင့္ပတ္သက္၍ သံသယရိွသည့္ ၎၏ခင္ပြန္းျဖစ္သူ ရဲေက်ာ္သူကို ႏိုဝင္ဘာလ (၁၉) ရက္ေန႔က မေကြးခရိုင္တရားရံုးသို႔ ရာႀကီးမႈအမွတ္ ၈၅/၂၀၁၈၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ ျဖင့္ တရားစဲြဆိုတင္ပို႔ထားၿပီးျဖစ္ေၾကာင္း သိရသည္။

ေသဆံုးသြားသည့္ မအိျဖဴေအာင္မွာ အိမ္ေထာင္က်ၿပီး ေယာကၡမအိမ္တြင္လုိက္ေနရာမွ ခင္ပြန္းျဖစ္သူက ကြာရွင္းခြင့္ေတာင္းခံသည္ကို လက္မခံသျဖင့္ ခင္ပြန္းျဖစ္သူက ေနအိမ္မွတိမ္းေရွာင္ေနခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ မအိျဖဴေအာင္ကို ေအာက္တိုဘာလ(၁၀)ရက္ေန႔တြင္ ေယာကၡမျဖစ္သူ၏ေနအိမ္ျဖစ္သည့္ ေတာင္တြင္းႀကီးၿမိဳ႕ အုန္းေတာ(၁)ရပ္ကြက္ မီးရထားဝန္းအတြင္းရိွ ေနအိမ္မီးဖိုအတြင္း၌ ေမးေစ့ေအာက္(၃) လကၼခန္႔ ျပတ္ရွဒဏ္ရာ၊ ယာဘက္လည္ပင္း ညိဳမဲဒဏ္ရာ၊ ယာဘက္မ်က္လံုးညိဳမဲဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကို ေတြ႔ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

မအိျဖဴေအာင္ အသတ္ခံရျခင္းႏွင့္ပတ္သက္၍ အမႈဖြင့္တုိင္ၾကားသူမွာ တရားစြဲခံရသူ၏မိသားစုျဖစ္ေနသျဖင့္ အမႈမွန္မေပၚမည္ကို စိုးရိမ္ေၾကာင္း မအိျဖဴေအာင္၏ဖခင္ျဖစ္သူက ႏိုဝင္ဘာ(၂၆)ရက္ေန႔တြင္ ေတာင္တြင္းႀကီးၿမိဳ႕၌ သတင္းစာရွင္းလင္းပဲြ ျပဳလုပ္သည္။

“ကၽြန္ေတာ့္သမီးေလးအသတ္ခံရမႈနဲ႔ပတ္သက္ၿပီး အမႈမွန္ျဖစ္ေစေရးအတြက္ သတင္းစာရွင္းလင္းပဲြ ျပဳလုပ္ရျခင္းျဖစ္ပါတယ္။ ကၽြန္ေတာ့္သမီးအိမ္ေထာင္က်တာ(၂)နွစ္ေလာက္ပဲရိွေသးၿပီး ေယာကၼအိမ္မွာ လိုက္ေနပါတယ္။ သူ႔ေယာက်ာ္းက (၂)လေလာက္ပဲ အတူေပါင္းသင္းေနထိုင္ၿပီး ဟိုအလုပ္လုပ္သြားတယ္၊ ဒီအလုပ္လုပ္သြားတယ္နဲ႔ အိမ္ျပန္မလာေတာ့ဘူးလို႔ၾကားရတာေၾကာင့္ သမီးကိုေမးေတာ့လည္း အဆင္ ေျပပါတယ္ပဲေျပာၿပီး ေယာကၼမအိမ္မွာပဲ ဆက္ေနခဲ့တာပါ။ ၿပီးခဲ့တဲ့ (၁၀)လပိုင္း (၁၀)ရက္ေန႔မွာေတာ့ သမီးအသတ္ခံရတယ္လို႔ သိလိုက္ရတာပါပဲ။ ရဲစခန္းမွာ သမီးရဲ႕ေယာကၡမက တရားလိုျပဳလုပ္ၿပီးအမႈဖြင့္ တာပါ။ အမႈနဲ႔ပတ္သက္ၿပီး ရဲက တရားလိုပါ မိသားစု (၄)ဦးကို ဖမ္းဆီးစစ္ေဆးခဲ့ၿပီး သမီးေယာက်ာ္းကိုေတာ့ မေကြးခရိုင္ကို ပို႔လိုက္ၿပီလို႔ပဲ ေနာက္ဆံုးသိရၿပီး ဒီေန႔အထိ တရားခံအစစ္အမွန္ေဖာ္ထုတ္ရမိၿပီလို႔ သိရိွရျခင္းမရိွေသးတာေၾကာင့္ အမႈမွန္ေပ်ာက္သြားမွာ ကို စိုးရိမ္ေနပါတယ္”ဟု အသတ္ခံရသူ၏ ဖခင္ ကုလားကန္အုပ္စု ကုလားကန္ေက်းရြာေန ဦးေမာင္ေသာင္းက ရွင္းလင္းသည္။

တရားခံဟု သံသယရိွ၍ အစစ္ေဆးခံေနရသူမ်ားမွာ တရားလိုကိုယ္တိုင္ႏွင့္ တရားလို၏မိသားစုျဖစ္ေန၍ အမႈမွန္ေပ်ာက္ကြယ္သြားမည္ကို စိုးရိမ္သျဖင့္ ၎အေနျဖင့္ တရားလိုျပဳလုပ္၍ ထပ္မံအမႈဖြင့္လိုသည္ဟု ဆိုေသာ္လည္း ယင္းကဲ့သို႔လုပ္ေဆာင္ပါက ေသဆံုးသူ၏ဖခင္မွာ ေသဆံုးသည့္အခင္းျဖစ္ရပ္ႏွင့္ပတ္သက္၍ သိရိွသူမဟုတ္သျဖင့္ အမႈအားနည္းသြားႏိုင္သည္ဟု အမႈစစ္အရာရိွက အႀကံျပဳထားေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔က အမႈတစ္ခုကို (၂)ခါျပန္ၿပီးဖြင့္လို႔မရပါဘူး။ သူတို႔အေနနဲ႔ဖြင့္ရင္ ပိုဆိုးသြားႏိုင္တယ္။ ဒီျဖစ္စဥ္ကို သူတို႔က ရြာမွာေနသူေတြျဖစ္လို႔ ဘာမွ မသိႏိုင္ဘူး။တရားလိုလုပ္သူ ကေလးမရဲ႕ ေယာကၡမအေနနဲ႔က အခင္းျဖစ္စဥ္နဲ႔ အနီးစပ္ဆံုးမွာရိွေနသူျဖစ္လို႔ရယ္ ေခၽြးမနဲ႔သားပင္ျဖစ္ေစ အခင္းျဖစ္စဥ္နဲ႔ပတ္သက္ၿပီး သူကိုယ္တိုင္က ကၽြန္မသားလုပ္တာပဲေနမွာ။ ကၽြန္မသားကို ဖမ္းေပးဆိုၿပီး အမ်ားေရွ႕မွာ ထြက္ဆိုခဲ့သူျဖစ္လို႔ အမႈလမ္းေၾကာင္းကို ထိခိုက္ေစမွာမဟုတ္ပါဘူး”ဟု ေတာင္တြင္းႀကီးၿမိဳ႕မစခန္းမွဴး ဒုရဲမွဴးသိန္းထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါအမႈႏွင့္ပတ္သက္၍ ရဲတပ္ဖြဲ႕က သံသယရိွသူမ်ားအား စစ္ေဆးခဲ့ၿပီးေနာက္ သက္ေသမ်ားထံမွ အေထာက္အထားမ်ားအရ ျပစ္မႈက်ဴးလြန္သူဟု သံသရိွသည့္ ေသဆံုးသူ၏ေယာက်္ားျဖစ္သူကို တရားစြဲဆို တင္ပို႔ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
တောင်တွင်းကြီးမြို့တွင် ယောက္ခမဖြစ်သူ၏နေအိမ်တွင် အသတ်ခံရသည့်အမျိုးသမီး၏ ခင်ပွန်းဖြစ်သူကို လူသတ်မှုဖြင့် တရားစွဲဆိုထား
*********
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် ယောက္ခမဖြစ်သူ၏နေအိမ်အတွင်း ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ (၁၀)ရက်နေ့က အသတ်ခံရသည့်အမျိုးသမီး၏အမှုနှင့်ပတ်သက်၍ သံသယရှိသည့် ၎င်း၏ခင်ပွန်းဖြစ်သူ ရဲကျော်သူကို နိုဝင်ဘာလ (၁၉) ရက်နေ့က မကွေးခရိုင်တရားရုံးသို့ ရာကြီးမှုအမှတ် ၈၅/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုတင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသည့် မအိဖြူအောင်မှာ အိမ်ထောင်ကျပြီး ယောက္ခမအိမ်တွင်လိုက်နေရာမှ ခင်ပွန်းဖြစ်သူက ကွာရှင်းခွင့်တောင်းခံသည်ကို လက်မခံသဖြင့် ခင်ပွန်းဖြစ်သူက နေအိမ်မှတိမ်းရှောင်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် မအိဖြူအောင်ကို အောက်တိုဘာလ(၁၀)ရက်နေ့တွင် ယောက္ခမဖြစ်သူ၏နေအိမ်ဖြစ်သည့် တောင်တွင်းကြီးမြို့ အုန်းတော(၁)ရပ်ကွက် မီးရထားဝန်းအတွင်းရှိ နေအိမ်မီးဖိုအတွင်း၌ မေးစေ့အောက်(၃) လက္မခန့် ပြတ်ရှဒဏ်ရာ၊ ယာဘက်လည်ပင်း ညိုမဲဒဏ်ရာ၊ ယာဘက်မျက်လုံးညိုမဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မအိဖြူအောင် အသတ်ခံရခြင်းနှင့်ပတ်သက်၍ အမှုဖွင့်တိုင်ကြားသူမှာ တရားစွဲခံရသူ၏မိသားစုဖြစ်နေသဖြင့် အမှုမှန်မပေါ်မည်ကို စိုးရိမ်ကြောင်း မအိဖြူအောင်၏ဖခင်ဖြစ်သူက နိုဝင်ဘာ(၂၆)ရက်နေ့တွင် တောင်တွင်းကြီးမြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။

“ကျွန်တော့်သမီးလေးအသတ်ခံရမှုနဲ့ပတ်သက်ပြီး အမှုမှန်ဖြစ်စေရေးအတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ကျွန်တော့်သမီးအိမ်ထောင်ကျတာ(၂)နှစ်လောက်ပဲရှိသေးပြီး ယောက္မအိမ်မှာ လိုက်နေပါတယ်။ သူ့ယောကျာ်းက (၂)လလောက်ပဲ အတူပေါင်းသင်းနေထိုင်ပြီး ဟိုအလုပ်လုပ်သွားတယ်၊ ဒီအလုပ်လုပ်သွားတယ်နဲ့ အိမ်ပြန်မလာတော့ဘူးလို့ကြားရတာကြောင့် သမီးကိုမေးတော့လည်း အဆင် ပြေပါတယ်ပဲပြောပြီး ယောက္မမအိမ်မှာပဲ ဆက်နေခဲ့တာပါ။ ပြီးခဲ့တဲ့ (၁၀)လပိုင်း (၁၀)ရက်နေ့မှာတော့ သမီးအသတ်ခံရတယ်လို့ သိလိုက်ရတာပါပဲ။ ရဲစခန်းမှာ သမီးရဲ့ယောက္ခမက တရားလိုပြုလုပ်ပြီးအမှုဖွင့် တာပါ။ အမှုနဲ့ပတ်သက်ပြီး ရဲက တရားလိုပါ မိသားစု (၄)ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး သမီးယောကျာ်းကိုတော့ မကွေးခရိုင်ကို ပို့လိုက်ပြီလို့ပဲ နောက်ဆုံးသိရပြီး ဒီနေ့အထိ တရားခံအစစ်အမှန်ဖော်ထုတ်ရမိပြီလို့ သိရှိရခြင်းမရှိသေးတာကြောင့် အမှုမှန်ပျောက်သွားမှာ ကို စိုးရိမ်နေပါတယ်”ဟု အသတ်ခံရသူ၏ ဖခင် ကုလားကန်အုပ်စု ကုလားကန်ကျေးရွာနေ ဦးမောင်သောင်းက ရှင်းလင်းသည်။

တရားခံဟု သံသယရှိ၍ အစစ်ဆေးခံနေရသူများမှာ တရားလိုကိုယ်တိုင်နှင့် တရားလို၏မိသားစုဖြစ်နေ၍ အမှုမှန်ပျောက်ကွယ်သွားမည်ကို စိုးရိမ်သဖြင့် ၎င်းအနေဖြင့် တရားလိုပြုလုပ်၍ ထပ်မံအမှုဖွင့်လိုသည်ဟု ဆိုသော်လည်း ယင်းကဲ့သို့လုပ်ဆောင်ပါက သေဆုံးသူ၏ဖခင်မှာ သေဆုံးသည့်အခင်းဖြစ်ရပ်နှင့်ပတ်သက်၍ သိရှိသူမဟုတ်သဖြင့် အမှုအားနည်းသွားနိုင်သည်ဟု အမှုစစ်အရာရှိက အကြံပြုထားကြောင်း သိရသည်။

“ကျွန်တော်တို့က အမှုတစ်ခုကို (၂)ခါပြန်ပြီးဖွင့်လို့မရပါဘူး။ သူတို့အနေနဲ့ဖွင့်ရင် ပိုဆိုးသွားနိုင်တယ်။ ဒီဖြစ်စဉ်ကို သူတို့က ရွာမှာနေသူတွေဖြစ်လို့ ဘာမှ မသိနိုင်ဘူး။တရားလိုလုပ်သူ ကလေးမရဲ့ ယောက္ခမအနေနဲ့က အခင်းဖြစ်စဉ်နဲ့ အနီးစပ်ဆုံးမှာရှိနေသူဖြစ်လို့ရယ် ချွေးမနဲ့သားပင်ဖြစ်စေ အခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး သူကိုယ်တိုင်က ကျွန်မသားလုပ်တာပဲနေမှာ။ ကျွန်မသားကို ဖမ်းပေးဆိုပြီး အများရှေ့မှာ ထွက်ဆိုခဲ့သူဖြစ်လို့ အမှုလမ်းကြောင်းကို ထိခိုက်စေမှာမဟုတ်ပါဘူး”ဟု တောင်တွင်းကြီးမြို့မစခန်းမှူး ဒုရဲမှူးသိန်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က သံသယရှိသူများအား စစ်ဆေးခဲ့ပြီးနောက် သက်သေများထံမှ အထောက်အထားများအရ ပြစ်မှုကျူးလွန်သူဟု သံသရှိသည့် သေဆုံးသူ၏ယောကျ်ားဖြစ်သူကို တရားစွဲဆို တင်ပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~