
နိုဝင်ဘာ 4, 2018
By 🌸
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ပိတ်ဆို့စစ်ဆေးရေး   ဆောင်ရွက်ရာ ပါခါးကျေးရွာဘက်သို့ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသား (၂)ဦးထံမှ သေနတ်(၂)လက်နှင့် ခဲယမ်း(၃၄)တောင့်ကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များသည် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ အာဒီး၊နားကျဲ၊ ပါလ၊ ပါခါးကျေးရွာ လမ်းကြောင်းတစ်လျှောက်တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့က ပိတ်ဆို့စစ်ဆေးရေးဆောင်ရွက်နေစဉ်   နံနက်(၈)နာရီအချိန်က ပါခါးကျေးရွာဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့်  ယေရှဲကို တားဆီးစစ်ဆေးရာမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ယေရှဲ၏ဆိုင်ကယ်နောက်တွင်ထိုင်၍ လိုက်ပါလာသည့် ယာကုပ်၏ ခါးကြားတွင် (၉) မမကျည် (၇)တောင့်ပါသည့် SPORTARMS MSANML FL စာတမ်းပါ ပစ္စတိုသေနတ်တစ်လက်၊ ကျောတွင် လွယ်ထားသည့် (၁၂)ဗို့ကျည်(၆)တောင့် အသင့်ထည့်ထားသည့် WINCHESTER တံဆိပ် အမေရိကန်နိုင်ငံထုတ် အရှည် (၃၇)လက်မခန့်ရှိ ပြောင်းချောသေနတ်၊ ယာကုပ်၏လွယ်အိတ်အတွင်းမှ (၉)မမကျည် (၁၆)တောင့်၊ (၁၂)ဗို့ကျည် (၅)တောင့်တို့ကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၄၃)နှစ်အရွယ် ယာကုပ်နှင့် အသက်(၂၂)နှစ်     အရွယ် ယေရှဲတို့အား ခမရ(၃၅၉)၌ စစ်ဆေးနေပြီး အမှုဖွင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Tachileik News Agency
ဓါတ်ပုံ -MOHA

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာတွင် ပိတ်ဆို့စစ်ဆေးရာ သေနတ်(၂)လက်၊ ခဲယမ်း (၃၄)တောင့်နှင့် အမျိုးသား(၂)ဦးဖမ်းမိ
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ပိတ်ဆို့စစ်ဆေးရေး   ဆောင်ရွက်ရာ ပါခါးကျေးရွာဘက်သို့ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသား (၂)ဦးထံမှ သေနတ်(၂)လက်နှင့် ခဲယမ်း(၃၄)တောင့်ကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များသည် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ အာဒီး၊နားကျဲ၊ ပါလ၊ ပါခါးကျေးရွာ လမ်းကြောင်းတစ်လျှောက်တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့က ပိတ်ဆို့စစ်ဆေးရေးဆောင်ရွက်နေစဉ်   နံနက်(၈)နာရီအချိန်က ပါခါးကျေးရွာဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့်  ယေရှဲကို တားဆီးစစ်ဆေးရာမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ယေရှဲ၏ဆိုင်ကယ်နောက်တွင်ထိုင်၍ လိုက်ပါလာသည့် ယာကုပ်၏ ခါးကြားတွင် (၉) မမကျည် (၇)တောင့်ပါသည့် SPORTARMS MSANML FL စာတမ်းပါ ပစ္စတိုသေနတ်တစ်လက်၊ ကျောတွင် လွယ်ထားသည့် (၁၂)ဗို့ကျည်(၆)တောင့် အသင့်ထည့်ထားသည့် WINCHESTER တံဆိပ် အမေရိကန်နိုင်ငံထုတ် အရှည် (၃၇)လက်မခန့်ရှိ ပြောင်းချောသေနတ်၊ ယာကုပ်၏လွယ်အိတ်အတွင်းမှ (၉)မမကျည် (၁၆)တောင့်၊ (၁၂)ဗို့ကျည် (၅)တောင့်တို့ကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၄၃)နှစ်အရွယ် ယာကုပ်နှင့် အသက်(၂၂)နှစ်     အရွယ် ယေရှဲတို့အား ခမရ(၃၅၉)၌ စစ်ဆေးနေပြီး အမှုဖွင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Tachileik News Agency
ဓါတ်ပုံ -MOHA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~